ကလေးတွေနဲ့ အတုယူဟန်ဆောင်တမ်း ကစားခြင်း

ကလေးငယ်တွေ သူတို့ပတ်ဝန်းကျင်မှာ တွေ့မြင်နေရတာတွေကို အတုယူပြီး ဘယ်လိုတွေ အတုယူဟန်ဆောင်တမ်း ကစားတတ်ကြ သလဲဆိုတာ သိရှိဖို့ ဖော်ပြပေးထားပါတယ်။

ကလေးတွေဟာ အသက်တစ်နှစ်ကျော်လောက်ကစပြီး ပတ်ဝန်းကျင်ကို ကောင်းကောင်းစူးစမ်းလေ့လာတတ်နေပြီ ဖြစ်ပါတယ်။ သူတို့လေးတွေဟာ အိမ်က အိမ်သူအိမ်သားတွေကော အပြင်ပတ်ဝန်းကျင်က လူတွေနဲ့ အရာဝတ္ထုတွေက ဘာတွေဘယ်လို လုပ်တယ် ဆိုတာ ကြည့်တတ် မြင်တတ် အတုယူတတ်ကြပါတယ်။ အဲ့လိုအတုယူပြီး ကလေးငယ်လေးတွေဟာ သူတို့တွေမြင်တဲ့ အရာတွေအတိုင်း အတုယူ ဟန်ဆောင်ပြီး ကစားကြတာ ဖြစ်ပါတယ်။ အဲ့လိုမျိုး ကလေးတွေ ကစားဖို့ဆိုရင် ကလေးတွေကို အပြင်လောကနဲ့ များများ ထိတွေ့မှု ရဖို့လိုတဲ့ အပြင် စာအုပ်တွေလဲ များများ ဖတ်ပြဖို့ လိုပါတယ်။

ဥပမာအနေနဲ့ ကလေးတွေဟာ အိမ်မှာ မေမေတို့ မီးဖိုချောင်ဝင်ပြီး ဟင်းချက်တာကိုမှတ်ထားပြီး ထမင်းဟင်းချက်တမ်း ကစားတာမျိုး၊  ဈေးဆိုင်တွေမှာ ဈေးရောင်းတာကို အတူယူပြီး ဈေးရောင်းတမ်းကစားတာမျိုး၊ စာသင်တာကိုမှတ်ထားပြီး ဆရာ၊ဆရာမလုပ်တမ်း ကစားတာမျိုး၊ ဆေးခန်းက ဆရာဝန်ကြီးလို ဆေးကုတမ်းကစားတာမျိုး အစရှိသည်ဖြင့် ကစားကြပါတယ်။

ဒါ့အပြင် သူတို့ကို ဖတ်ပြထားတဲ့ စာအုပ်တွေထဲက ဇာတ်ကောင်တွေ ပုံစံမျိုးကိုလည်း စိတ်ကူးယဉ်ပြီး ကစားတတ်ကြပါသေးတယ်။ ဒီိလိုမျိုး ကစားတာဟာ ကလေးတွေအတွက် စူးစမ်းလေ့လာအား ပိုမိုကောင်းမွန်စေပြီး စိတ်ကူးဥာဏ်တွေပိုမိုရင့်သန်လာကာ မှတ်ဥာဏ်ကိုလဲ ပိုမိုတိုးတက် စေမှာ ဖြစ်ပါတယ်။

တစ်ခုမှတ်ထားရမှာကတော့ ကလေးတွေဟာ သူတို့တွေ့မြင်သမျှ အတုယူမှတ်သားထားတာ ဖြစ်တဲ့အတွက် ကလေးတွေရှေ့မှာ ကြမ်းတမ်း၊ ရိုင်းစိုင်းတဲ့ အပြုအမူတွေ၊ အတုယူမှားမယ့် အရာတွေ မပြုလုပ်မိ၊ မပြသမိဖို့ကိုတော့ မေမေတို့အနေနဲ့ အထူးဂရုစိုက် မှတ်သားထားရမှာပဲ ဖြစ်ပါတယ်။

Credit: Kalay