ကျွန်မ ကလေးစကားမပြောသေးလို့…

စကားပြောနောက်ကျတဲ့ကလေးတွေနဲ့ ပတ်သတ်လို့ စဉ်းစားစရာ က
၁။ လူကြီးတွေပြောတဲ့စကားကိုနားလည်သလား၊ တုံ့ပြန်မှု့ ရှိသလားဆိုတဲ့အချက်ရယ်
၂။ စကားပြန်မပြောသေးတာလားဆိုတာရယ်ပါ။ (နားလည်တယ်၊ တုံ့ပြန်တယ် ဒါပေမဲ့ စကားနဲ့မဟုတ်ဘူးကိုဆိုလိုတာပါ။)

နံပါတ် ၂ကိုစပြောပါမယ်။ စကားပြောနောက်ကျတယ်ဆိုတာ ဖွံ့ဖြိုးမှုမိုင်တိုင်နောက်ကျနေတာမျိုး ဖြစ်နိုင်ပါတယ်။ တစ်ခြားအရာတွေဖွံ့ ဖြိုးအောင် ကလေးကအာရုံစိုက်နေရင်သော်လည်းကောင်း၊ ဘာသာစကားအများကြီးသုံးတဲ့ပတ်ဝန်းကျင်မှာဆိုရင်တော့ ဘယ်စကားနဲ့ပြန်ပြောရမလဲမသိတာ မျိုးတွေဖြစ်တတ်ပါတယ်။ နောက်ကျတာဆိုရင်တော့ လေ့ကျင့်ပေးရင်းနဲ့ ကလေးက ဖွံ့ ဖြိုး မှုမိုင်တိုင်တွေကို မှီသွားလေ့ရှိပါတယ်။ နောက်ကျနေတယ်ဆိုရင် speech therapist သို့မဟုတ် ဒီလိုအခြေအနေတွေကိုအသေအချာလေ့လာထားတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။ ပါရမီကလေးဆေးရုံမှာ ရှိတယ်လို့ကြားဖူးပါတယ်။

ပိုပြီး အလေးထားရမှာက နံပါတ် ၁ပါ။ ၂နှစ်အရွယ်မှာ ပတ်ဝန်းကျင်က ပြောတာတွေကို နားလည်တယ်၊ မလည်ဘူးဆိုတာရယ်။ ပြောတာကိုတုံ့ပြန်မှုရှိမရှိဆိုတာရယ်ကို လေ့လာဖို့လိုပါ လိမ့်မယ်။ သူ့ကလေးရဲ့ အခြေခံလိုအပ်ချက်တွေ (ဗိုက်ဆာတာ၊ ရေဆာတာ၊ အိမ်သာသွားလိုတာ၊ အိပ်လိုတာ) စသည်အချက်တွေကို သူဘယ်လိုမျိုး လူကြီးတွေသိအောင်ပြသလဲဆိုတာကိုပါ သတိထားကြည့်ဖို့လိုပါတယ်။
တကယ်လို့များ နားမလည်ဘူး၊ တုံ့ပြန်မှုအလွန်နည်းတယ်ဆိုရင်တော့ မိဘအနေနဲ့ အမြန်ဆုံး အမှန်တကယ်ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြဖို့ အမြန်ဆုံးလုပ်ဖို့တိုက်တွန်းပါတယ်။ ဘယ်လိုအခြေအနေမျိုးမဆို ကလေးအတွက် အကောင်းဆုံးအနေအထားတစ်ခုထိရောက်အောင် ပြုစုပျိုးထောင်ပေးလို့ရပါတယ်ဆိုတာ ကိုမမေ့စေလိုပါဘူး။ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ စောစောစီးစီးတိုင်ပင်ကြည့်တာဟာ အကောင်းဆုံးပါပဲ။ Brain Development လုပ်ပေးနိုင်တဲ့ နည်းစနစ်တွေအများကြီးရှိပါတယ်။ အရမ်းတော့စိတ်ပူတာမျိုးမဖြစ်ဘဲ၊ ဘာလုပ်သင့်တယ် ဆိုတာ ကို စောစောစီးစီး ဆုံးဖြတ်ချက်ချပြီး လုပ်သင့်တဲ့အတိုင်းဆောက်ရွက်ပေးမယ်ဆိုရင် ကလေးအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဆေးပညာပိုင်းကနေဆုံးဖြတ်ပေးလို့မရတဲ့အတွက် အခြေခံ ဖွံ့ ဖြိုးမှုမိုင်တိုင်တွေအပေါ်ပဲ အခြေခံပြီး ဘာဆက်လုပ်သင့်တယ်ဆိုတာ အကြံပေးလို့ပဲရလို့ပါ။
တကယ်တတ်ကျွမ်းတဲ့ ဆရာဝန်ရဲ့ သတ်မှတ်ချက်အပေါ်မူတည်ပြီးတော့ ဘာဆက်လုပ်သင့်တယ် ဆိုတာကိုတိုင်ပင်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Credit: Shichida Mandalay