သားသား မီးမီးတို့အကြိုက် ငါးကြော်

ငါးကို ခြင်းတောင်းလေးနဲ့ပွတ် သန့်အောင်ရေဆေးပြီး ရေစစ်
ငါးကို နနွင်းနည်းနည်း pink salt နည်းနည်းနဲ့နယ်
ကြက်ဥတစ်လုံးဖောက်ထည့်
ဂျပန်အကြော်မှုန့် ထမင်းစားဇွန်း သုံးဇွန်းမောက်မောက် ထည့်
အားလုံးရောနယ်ပြီးရေခဲသေတ္တာထဲ ၁၅ မိနစ်လောက်ထည့်ပြီးနှပ်ထားပါ။
ဆီပူပူမှာ ငါးလေးတွေ ကို တစ်ကောင်းချင်းစီ ထည့်ပြီး ကြွတ်ကြွတ်လေးကြော်ဆီစစ်ထားပါ။

*မကြွတ်ရင် ကလေးအရိုးသေးသေးလေးတွေစူးတတ်ပါတယ်။
တူးမသွားအောင်တော့ကရုစိုက်ပါနော်။
မရိုးနစ်လေးနဲ့ တို့စားရင် အရမ်းအရသာရီိပါတယ်။
ကလေးသုံးနှစ်အထက်ပဲကြွေးဖို့သတိပေးပါရစေနော်🐟🐟

Credit: May’s Healthy Food