ကလေးအလောင်းကို မီးသဂြိုလ်ရန် ယူဆောင်လာစဉ် အလောင်းအိတ်လှုပ်နေသောကြောင့် ကြည့်မိရာ

undead

မိသားစုဟာ ဆရာဝန်များမှ ကလေးသေပြီဟု သတ်မှတ်ထားသော ကလေးရုပ်အလောင်းကို မီးသဂြိုလ်ရန် ယူဆောင်လာစဉ် အလောင်အိပ် လှုပ်နေသောကြောင့် ကြည့်မိရာက ကလေး မသေကြောင်း သိခဲ့ရသည့် ဖြစ်ရပ်တစ်ခု နယူးဒေလီမြို့တွင် ဖြစ်ပွားခဲ့ကြသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရှိ Max Super အထူးကု ဆေးရုံမှ ယင်းကိစ္စအတွက် တာဝန်ရှိသူ ဆရာဝန်နှစ်ဦးကို အလုပ်မှ ရပ်ဆိုင်းခဲ့ပါသည်။ ဖြစ်စဉ်မှာ မိခင်မှ အမွှာကလေး နှစ်ဦး သား နှင့် သမီးကို မွေးဖွားခဲ့ပြီး သမီးမိန်းကလေးမှာ အသေလေး မွေးသည်ဟု ဆရာဝန်များက ဆုံးဖြတ်ခဲ့ပြီး သားလေးမှာ စိုးရိမ်စရာ အခြေအနေဖြင့် မွေးဖွားလာခဲ့သော်လည်း သားလေးမှာလည်း မွေးဖွားပြီး နှစ်နာရီ အကြာမှာ ထပ်မံ သေဆုံးသွားသည် ဟုကြေငြာခဲ့ပါသည်။ Praveen Malik ဆိုသူ ကလေးများ အဖိုးမှာ ကလေးများကို သဂြိုလ်ရန် အသုဘ ၀န်ဆောင်မှုပေးသောနေရာသို့  ကလေး အလောင်းများကို သယ်ဆောင်လာခဲ့ရာ အလောင်းအိတ်မှ လှုပ်နေသည်ကို သိရှိခဲ့ရပါသည်။

အိတ်ကို ဖွင့်လိုက်ရာ ယောကျားလေးမှာ အသက်ရှုနေဆဲဖြစ်တာကို တွေ့ ရလို့ အံ့သြသင့်ပြီး သူ့ မျက်စိကို သူမယုံနိုင်အောင်ဖြစ်ခဲ့ရပါသည်။ ဆရာဝန်များ ၀ိုင်းဝန်းကုသလျက်ရှိသော်လည်း ကလေးမှာ ဆေးရုံတွင် ပြန်တင်ထားခဲ့ပြီး စိုးရိမ်စရာ အခြေအနေမှ မကင်းလွတ်သေးဘူးလို့ သိရပါသည်။  ဒေလီမြို့ တွင် ဒီကိစ္စသည် ဂယက်ရိုက်ခဲ့ပြီး ၀န်ကြီးချုပ်မှာ ထိရောက်စွာ အရေးယူသင့်ကြောင်း တွစ်တာတွင် ပြောကြားခဲ့သည်။ ယခု လောလောဆယ်တွင် ဆရာဝန်နှစ်ဦးကို ဆေးရုံ မှ အလုပ်မှာ ရပ်ဆိုင်းထားလိုက်သော်လည်း ထပ်မံ စုံစမ်းမှုများပြုလုပ်နေပြီး နောက်ထပ် အရေးယူမှုများ ရှိမရှိကို မသိရသေးဘူးဟု သိရပါသည်။

Credit: www.mirror.co.uk