ခန္ဓာကိုယ် အပြင်ဖက် နှလုံးရောက်လျက် မွေးသည့်ကလေး အသက်ရှင်
|အင်္ဂလန်နိုင်ငံတွင် နိုဝင်ဘာ ၂၂ ရက်နေ့က Glen Field ဆေးရုံတွင် ပုံမှန်မဟုတ်သော ကလေးမွေးဖွားမှု တစ်ခု ဖြစ်ခဲ့ပါသည်။ ထိုမွေးဖွားလာသည့် ကလေး၏ နှလုံးသည် ရင်သားအပြင်ဘက်တွင် ရှိနေခဲ့ပြီး ကလေးအမည်ကို Vanellope Hope Wilkins ဟု မိဘများက အမည်ပေးထားပါသည်။ ထိုပုံမှန် မဟုတ်ဘဲ အဖြစ်ထူးစွာ ရှားရှားပါးပါး နှလုံးအပြင် ရောက်နေသည့် မွေးကင်းစ ကလေးကို Glen Field ဆေးရုံမှ ကလေးအထူးကု သမားတော်ကြီး Frances Bu’Lock နှင့် အဖွဲ့က ခက်ခက်ခဲခဲ ခွဲစိတ်ကုသ ခဲ့ကြရပါသည်။ မွေးဖွားပြီး မိနစ် ၅၀ မှစ၍ ခန္ဓာကိုယ်အပြင်ဘက် ရောက်နေသည့် ကလေးနှလုံးအား ခန္ဓာကိုယ်တွင်း ပြန်ရောက်အောင် စတင်ခွဲစိတ်၍ ပြန်သွင်းခဲ့ပြီး ခွဲစိတ်မှုကို အဆင့်သုံးဆင့်ဖြင့် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပါသည်။ ခွဲစိတ်မှုတွင် အဓိက ဦးဆောင်သူ ကလေးအထူးကု သမားတော်ကြီး Bu’Lock က ကလေးအခြေအနေ အရင်ကထက်စာရင်အများကြီး ကောင်းသွားပါပြီ ခွဲစိတ်မှုက ခက်ခဲတာ မဟုတ်ပါဘူး စိန်ခေါ်မှုတွေ ရှိနေတာပါဟု ဆိုပါသည်။
ယခုလို အခြေအနေဖြင့် မွေးဖွားသည့် ကလေးများ အသက်ရှင်ရန် အခွင့်အရေး အလွန် နည်းပါးပါသည်။ ကလေး ၁ သန်းမွေးလျှင် ၈ ယောက်ထက် နည်းသော ကလေးများ ထိုအခြေအနေမျိုးဖြင့် မွေးဖွားတတ်ပြီး ထိုမွေးဖွားသည့်ထဲမှ ၁၀% ရာခိုင်နှုန်းအောက်သာ အသက်ရှင်ရန် အခွင့်အလမ်း ရှိပါသည်။ ကလေးမိဘများက ကလေးမွေးပြီးပြီးချင်း သိလိုက်သည်မှာ ခက်ခဲသော ဆုံးဖြတ် ချက်များ ချရမည်ကို သိခဲ့ကြောင်း လူအများက အမျိုးသား ကျန်းမာရေး ဌာနကို တစ်ခုခု ပြောကြ ကြောင်း GlenField ဆေးရုံ၏ ကျေးဇူးကြောင့် သမီးလေး အသက်ရှင်ရကြောင်း ကျေးဇူးတင်စကား ပြောကြား ပါသည်။ Vanellope Hope Wikins ဟု အမည်ပေးထားသည့် သမီးငယ်လေးမှာ ယခုအခါ ၃ ပတ်အရွယ် ရှိနေပြီ ဖြစ်ပါသည်။
Credit: CNN
မျိုးမြန်မာ မှ ဘာသာပြန်ဆို ရေးသားသည်။