ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်လျှင်

ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆေး လိပ်သောက်ရင် ကိုယ်ဝန်ဆောင်မိခင်ကို သာမက ဗိုက်ထဲက သန္ဓေ သားလေးကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ ဗိုက်ထဲက သန္ဓေသားလေးဟာ နီကို တင်း၊ ကာဗွန်မိုနော့ဆိုက်ဒ် ဆိုတဲ့ အန္တရာယ်ကြီး မားတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့နိုင်ခြေ များလို့ပါ။ ဒီဓာတုပစ္စည်းတွေဟာ ဗိုက်ထဲက ကလေးငယ်ရရှိ နိုင်တဲ့ အောက်ဆီဂျင်ပမာဏကို လျော့နည်းသွားစေ ပါတယ်။ ဗိုက်ထဲက သန္ဓေသားလေးကျန်းကျန်းမာမာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အောက်ဆီဂျင်က အလွန် အရေးပါပါတယ်။ ဆေးလိပ်သောက်တာကြောင့် က လေးငယ်ရဲ့ အဆုတ်တွေကို ထိခိုက်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်ဆေးလိပ်သောက်ခြင်း၏ အန္တရာယ်များ
ကိုယ်ဝန်ဆောင်မိခင် ဆေးလိပ်သောက်ရင်-
– စပျစ်သီး သန္ဓေတည်ခြင်း၊

– မိန်းမကိုယ်မှ သွေးဆင်းခြင်း၊

– အချင်းကွာကျခြင်း၊

– သားအိမ်အ၀ကို ဖုံးအုပ်ထားတဲ့ အချင်းဟာ တစ် စိတ်တစ်ပိုင်း ဒါမှမဟုတ် အားလုံး အောက်ပိုင်းကိုနေ ရာလွဲကျဆင်းခြင်း၊

– ကလေးအသေမွေးခြင်း စတာတွေဖြစ်တတ်တဲ့ အ ပြင် ကလေးမွေးတဲ့အခါ ကလေးငယ်မှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ တာမျိုးလို မွေးရာပါ ချို့ယွင်းချက်ပါလာ တာမျိုး၊ လမစေ့ကလေးမွေးဖွား တာမျိုး၊ ပေါင် မပြည့် ကလေးမွေးတာမျိုး စတာတွေ ဖြစ်တတ်ပါတယ်။

ဆေးလိပ်ဖြတ်သင့်ပါပြီ
ကိုယ်ဝန် မဆောင်ခင်ကတည်းက ဆေးလိပ်ကို ဖြတ်သင့်တာပါ။ ကိုယ်ဝန်ဆောင်မယ်လို့ စတင်အစီ အစဉ်ချလိုက်တာနဲ့ သင့်ကလေးကို ငဲ့ညှာပြီး ဆေး လိပ်ကို လုံးဝ မသောက်ပါနဲ့တော့။ ဆေးလိပ်ဖြတ် လိုက်တာနဲ့ အောက်ပါတို့ကို ချက်ချင်း ခံစားရမှာပါ။
– သွားတွေ ဖြူစင်လာပါမယ်
– အသက်ရှုရတဲ့လေတွေ သန့်စင်လာပါမယ်
– ပါးရေတွန့်နှုန်းနည်းလာပါမယ်
– ပိုပြီး တက်ကြွကာ သန်စွမ်းကျန်းမာ လာပါမယ်

ဆေးလိပ်ဖြတ်နေချိန်မှာ
– ဆေးလိပ်ဖြတ်ရတဲ့အကြောင်းရင်းကို ချရေးပါ။
– ရေ များများသောက်ပါ။
– ဆေးလိပ်ဖြတ်မယ့်နေ့ကို သတ်မှတ်ပါ။ စိတ်ကို ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချပြီး ဆေးလိပ် ဖြတ်လိုက်ပါ။
– ဆေးလိပ်သောက်လို့ရတဲ့နေရာတွေနဲ့ ဆေးလိပ် သောက်တတ်တဲ့သူတွေနဲ့ ဝေးဝေးမှာနေပါ။
– ဆေးလိပ်သောက်ချင်စိတ်ပေါ်နေချိန်မှာ လမ်း လျှောက်ခြင်း၊ တောက်တိုမယ်ရလုပ်ခြင်း စတဲ့ လှုပ်ရှား မှုတွေနဲ့ အာရုံလွှဲပေးပါ။
– ခံတွင်းချဉ်နေရင် ဟင်းသီးဟင်းရွက် စိမ်းလိုက် ၀ါးစားပေးပါ။ ဒါမှမဟုတ် သကြားမပါတဲ့ ပီကေကို ၀ါးပေးပါ။
– ဆေးလိပ်အစား အရက်ပြောင်းသောက်မယ်ဆိုတဲ့ အတွေးကို မောင်းထုတ်ပါ။
– ဆေးဝါးတွေကို ကိုယ့်သဘောနဲ့ကိုယ် ဘယ်တော့မှ မသောက်ပါနဲ့။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဆေး သောက်ပါ။
– – – – – –
ကိုယ်ဝန်ဆောင်ချိန် ကျန်းမာဖို့ Pregnacare Plus သောက်ကြစို့

UK နိုင်ငံထုတ် နံပါတ်တစ် Pregnacare Plus ကိုယ်ဝန်ဆောင် အားဆေးမှာ စံသတ်မှတ် ထားတဲ့ ဖောလစ်အက်ဆစ် ၄၀၀ မိုက်ခရိုဂရမ်၊ ဗီတာမင် B12၊ ဗီတာမင်ကေ၊ အင်တီအောက်ဆီးဒင့်တွေ ပါတဲ့အပြင် အဓိက သတ္တုဓာတ်တွေ ဖြစ်တဲ့ မရှိမဖြစ် သွပ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ အိုင်အိုဒင်းနဲ့ သံဓာတ်တို့ ပါဝင်နေတာကြောင့် မိခင်တိုင်း ယုံကြည် စိတ်ချစွာ သောက်သုံးနိုင်ပါတယ်။