ကလေး၏ အရေးကြီးသော မှတ်တိုင်တစ်ခု
|ကလေးတစ်ဦး ဇက်ခိုင်ပြီး ခေါင်းနိုင်ခြင်းက ကြွက်သားဖွံဖြိုးသန်မာမှုအဆင
ထိုသို့ ပြုလုပ်နိုင်ရန် ဦးနှောက်ဖွံဖြိုးမှုနှင့် ကြွက်သားအုပ်စုတစ်ခု သန်မာဖို့လိုသည်။
ပုံကိုကြည့်ပါ။
(၁) မွေးကင်းစကို ပက်လက်အနေအထားမှ ဆွဲထူလျှင် ခေါင်းက ကျောနောက်တွင် လန်ပြီး ကျန်ခဲ့သည်။
(၂) ၆ ပတ် ဝန်းကျင်တွင် ခေါင်းကို ထိန်းနိုင်စပြုသည်။
(၃) ၄ လတွင် ခေါင်းကို နောက်သို့ မလန်အောင် ထိန်းနိုင်သည်။
၎ လကျော်ချိန်တွင် ခေါင်းက နောက်သို့ အမြဲလန်ကျနေဆဲဆိုလျှင် ဆရာဝန်နှင့် စစ်ဆေးသင့်ပါသည်။ အထူးသဖြင့် လမစေ့ဘဲမွေးသောကလေးများ၊ ပေါင်မပြည့်ဘဲ မွေးသောကလေးများအချို့တွင် ဦးနှောက်ဖွံဖြိုးမှု နှေးသော ပြဿနာများတွဲရှိတတ်သည်။
မွေးဖွားရာတွင် အခက်အခဲရှိပြီး ပုံမှန်ထက်မွေးချိန်ကြာရှည်
ကလေးဆရာဝန်နှင့် အချိန်မီ စမ်းသပ်စစ်ဆေးခြင်းဖြင့် ဦးနှောက်နှင့်ကြွက်သား ပြဿနာရှိမရှိကိုသိပြီး ကလေး၏ အနာဂတ်အတွက် ကုသကူညီပေးနိုင်ပါသည်။
နေနေမိုးဆွေ (Child Health Myanmar
Page)
#headcontrol
Pictures- credits to Textbook of Paediatrics & Child Health by Mary Rudolf, Malcolm Levene
#naynaymoeswe