မိခင်အစားမှားရင် ကလေးချောင်းဆိုးတတ်သလား

မိခင်တွေအစားမှားရင် ကလေးတွေချောင်းဆိုးတတ်တယ်ဆိုတာ အမှန်တရားနဲ့မနီးစပ်လှပါဘူးလို့ Flemex က မျှဝေပေးချင်ပါတယ်။ အဓိကအကြောင်းရင်းက နှာခေါင်းကနေတဆင့် ကူးစက်တာပဲဖြစ်ပါတယ်။ ရာသီဥတု အ ကူးအပြောင်းမှာ မသန့်ရှင်းတဲ့လေကနေတဆင့် အမှုံအမွှား၊ ပိုးမွှားတွေကို ရှူသွင်းမိရာကနေ ချောင်းဆိုးတာပါ။ ဒါကြောင့်မို့ ကလေးတွေကို ချောင်းဆိုးတဲ့သူအနားမှာထားတာ၊ လူများတဲ့နေရာတွေခေါ်သွားတာ၊ နေမကောင်း နေရင် ကျောင်းလွှတ်တာတွေကို ရှောင်သင့်ပါတယ်။ နောက်တစ်ချက်က တကိုယ်ရေသန့်ရှင်းမှုပါ။ ကလေးတွေ ကို ကိုင်တွယ်တဲ့သူတွေဟာ လက်ဆေးပြီးမှ ကိုင်တွယ်သင့်သလို ချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ တဒေါင်ဆစ်ကို ကာတဲ့အကျင့်ကို လုပ်ပေးရပါမယ်။ ချောင်းဆိုးနေတဲ့ ကလေးကိုရေပိုသောက်စေပြီး နှာခေါင်းထဲ ဆားရေစက် ချပေးတာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။ အဲလိုဂရုစိုက်နေတဲ့ကြားက မကြာခဏချောင်းဆိုးနေတယ် ဆိုရင် တော့ ရင်သွေးငယ်လေးတွေအတွက် အထူးထုတ်လုပ်ထားတဲ့ Flemex Kids ဆေးရည်ကိုသာ ဆောင်ထား လိုက်ပါ။ Alcohol မပါဝင်ပဲ ရပ်စ်ဘယ်ရီနဲ့ စတော်ဘယ်ရီ အရသာကို ပေါင်းစပ်ထုတ်လုပ်ထားလို့ ဆေးကြောက် တတ်တဲ့ ကလေးငယ်များအတွက် အသင့်တော်ဆုံးဖြစ်တယ်ဆိုတာ မမေ့နဲ့နော်။