သားသမီးကို ဖျက်ဆီးလိုက်သော ဖခင်ထဲမှာ သင်ပါနေပြီလား

၁။ အိမ်ထောင်ရေး
ဖောက်ပြန်တတ်သောဖခင်။ဖခင်ကအိမ်ထောင်ရေး ဖောက်ပြန်တော့
မိခင်နဲ့ခဏခဏပြဿ နာတက်ပါတယ်။
နေ့တိုင်းဆိုသလို တိုက်ပွဲဖြစ်နေတော့
ဘယ်သူ့မှသားသမီးကို မကြည့်အားဘူး။
သားသမီးတွေရဲ့စိတ်ကို အရမ်း ထိခိုက်
စေပါတယ်။ ဖောက်ပြန်တဲ့ ဖခင်ဟာ
သားသမီးတွေ အရမ်းအထင်သေး
တတ်ပါတယ်။ ကိုယ့်အဖေကိုကြည့်ပြီး
အိမ်ထောင်ပြုမဲ့အရွယ်ရောက်နေတဲ့
မိန်းခလေးတစ်ယောက်
အိမ်ထောင်ရေးအကြောင်း
လုံးဝမစဉ်းစားရဲတာ ကိုတွေ့ဖူးတယ်။

၂။ စိတ်ကြီးတဲ့ဖခင်။

နည်းနည်းဆိုဆူပြီ၊ ထစ်ကနဲဆို လက်ပါပြီ၊
( ၆ )နှစ်အောက်ခလေး ဒီလိုဖခင်မျိုးနဲ့တိုးရင်
ချစ်စရာအမူအကျင့်လေးတွေ ပျောက်ဆုံးပြီး
ထုံထုံအအ ဖြစ်သွားမှာပဲ။ ကလေးရဲ့
စိတ်ဟာ အလွန်နုနယ်လွန်းလှပါတယ်။
ကလေးတွေ အတွက် အယုံကြည်ရဆုံးနဲ့
အားအကိုးရဆုံးဆိုလို့ မိဘပဲရှိပါတယ်။

၃။ ဆေးလိပ်နှင့် အရက်
ကြိုက်တတ်သောဖခင်။
*******************
အချို့ကသားသမီးရှေ့မရှောင်
ဆေးလိပ်သောက်တတ်ကြပါတယ်။
ဆေးလိပ်ဆိုတာ သောက်တဲ့
လူတင် မကပဲ ဘေးမှာရှိတဲ့
လူတွေကိုပါကျမ္မာရေးထိခိုက်စေပါတယ်။
ဆေးလိပ်သောက်တတ်သောဖခင်ဟာ
ဆေးလိပ်သောက်တတ်သော သားကို
ပိုမိုမွေးထုတ်တတ်ပါတယ်။
ဖခင်ကိုအထင်ကြီးတော့အတုမြင်
အတတ်သင်တော့တာပါပဲ။ ကလေးတွေ
ပထမဦးဆုံး ခိုးသောက်လိုက်တဲ့
ဆေးလိပ်ဟာ ဖခင်ဆေးလိပ်ဖြစ်နေ
တတ်ပါတယ်။ အရက်လည်း အတူတူပါပဲ။
ဖြစ်နိုင်ရင် မသောက်တာ အကောင်းဆုံးပါ။

၎။ ဂိမ်းဆော့ဝါသနာပါသောဖခင်။

ဖခင်ကဂိမ်းဆော့ဝါသနာပါရင်
သားသမီးကိုတိုက်ရိုက်ကူးစက်တတ်
ပါတယ်။ သားသမီးတွေဟာ
ဂိမ်းရဲ့ဆွဲဆောင်မှုကို
ငြင်းဆန်နိုင်စွမ်း မရှိပါဘူး။
ဖခင်ကဂိမ်းဆော့နေမယ်။
သားသမီးကလိုက်ဆော့မယ်။
ကလေးရဲ့ပညာရေး
ဘယ်လောက်ထိခိုက်တယ်ဆိုတာ
ပြောနေစရာတောင်မလိုတော့ပါဘူး။
ဒီနေရာမှာ လက်ကိုင်ဖုန်းကို အမြဲတမ်း
ထိုင်ဆော့နေရင်လည်း အတူတူပါ။

၅။ အမြဲပျက်ကွက်တတ်သောဖခင်။

မိဘဆရာတွေ့ဆုံပွဲ၊
အားကစားပွဲ၊
ကျောင်းအကြိုအပို့၊
ကလေးမွေးနေ့ စသည်တို့မှာ ဖခင်က
ခဏခဏ ပျက်ကွက်နေရင် ကလေးကို
စိတ်ထိခိုက်စေတတ်ပါတယ်။
အတန်းဖေါ်တွေက အဖေအမြဲလာ
ကြို ပြီး ကိုယ့်အဖေကျတော့
အမြဲမအားဘူးလို့ပဲ ပြောနေတယ်။
ဖခင်မေတ္တာနဲ့ မိခင်မေတ္တာဟာ
တခါတလေမှာ ကွာခြားတတ်ပါတယ်။
ဖခင်မေတ္တာဟာ ကလေးတွေ မိမိကိုယ်မိမိ
ယုံကြည်ချက်တည်ဆောက်တဲ့နေရာမှာ
အလွန်အထောက်အကူဖြစ်ပါတယ်။
______________________________________
#ပြောရရင်_အများကြီးကျန်ပါသေးတယ်
______________________________________
ဥပမာ မူးယစ်ဆေးစွဲတဲ့ ဖခင်၊
လောင်းကစားတတ်သောဖခင်၊
တာဝန်မယူတတ်သော ဖခင်
စတာတွေအားလုံးဟာ သားသမီးများကို
ဒုက္ခရောက်စေတဲ့ဖခင်များဖြစ်ကြပါတယ်။

#Ref: Wechat