သားသားမီးမီးလေးတွေ နဲ့ ဝမ်းချုပ်၊ ဝမ်းသွားခြင်း
|နို့မှုန့်ကြောင့်၊ ဖြည့်စွက်စာတွေ စကျွေးတာကြောင့်၊ ရေဓါတ်ကုန်ခမ်းတာကြောင့်နဲ့ အခြားနေမကောင်းတာတွေကြောင့်တစ်ခါတစ်လေ ၀မ်းချုပ်တတ်ပါတယ်။
မေမေတို့ရေ သားသားမီးမီးတို့တွေမှာ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ ဖြစ်တာမျိုးကို ကြုံဖူး၊ ဖြစ်ဖူးကြမှာပေါ့နော်။ ဒီလိုဖြစ်တာက ပုံမှန်လည်း ဖြစ်တတ်သလို တခါတရံမှာ တိုက်မိတဲ့ နို့မကောင်းတာ၊ နို့ဗူးမသန့််တာ၊ အစာမှားတာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဝမ်းပျက်၊ ဝမ်းလျှောတတ်ကြပါတယ်။
ဝမ်းသွားခြင်း
ကလေးတွေက ပုံမှန်အားဖြင့် ၀မ်းပျော့ပျော့နဲ့ အရည်လေးတွေ သွားတတ်ပါတယ်။ ဒါပေမယ့် မကြာခဏ ၀မ်းအရည်ကျဲကျဲတွေ သွား
ကလေးတွေ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တဲ့အခါ နို့ကိုစို့နေသေးတယ်ဆိုရင် နို့ကိုဆက်တိုက်နေပါ။ မိခင်နို့ပဲဖြစ်ဖြစ်၊ နို့ဗူးပဲ ဖြစ်ဖြစ် နို့ကို ဝင်အောင်တိုက်ရပါမယ်။ ဝမ်းသွားတဲ့အခါမှာ ရေဓါတ်မကုန်ခမ်းအောင် အရည်များများတိုက်ရပါမယ်နော်။ ဝမ်းပိတ်ဆေးတွေကလည်း ငယ်ရွယ်လွန်းတဲ့ကလေးဆို ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိလို့ မတိုက်သင့်ပါဘူးနော်။
တကယ်လို့ ဝမ်းသွားတာ ပုံမှန်မဟုတ်တော့ဘူးလို့ မေမေတို့ ခံစားရလာတာနဲ့ ဆရာဝန်ဆီသာ အမြန်ဆုံး သွားရောက်ပြသပေးပါ။ ဆရာဝန်ဆီသွားပြီးမှ ဆရာဝန်က ညွန်ကြားတဲ့ ဆေးတို့၊ အရည်တို့ စတာတွေ ဆက်တိုက်ဖို့ ပြုလုပ်ပေးပါ။ ကလေးကို ရက်အကြာကြီး ဝမ်းအသွားမခံပါနဲ့။ အဓိကကတော့ ဆရာဝန်နဲ့သာ ကုသပေးပါ။
ဝမ်းချုပ်ခြင်း
- ကလေးတွေ ၀မ်းသွားတာက အမြဲပုံမှန်မရှိပါဘူး။ တစ်ခါတစ်လေ အရည်တွေသွားလို့ ၀မ်းသွားတယ်လို့လဲ ယူဆလို့ မရပါဘူး။ ၀မ်းချုပ်တဲ့လက္ခဏာလဲ ဖြစ်နေတတ်ပါတယ်။ ၀မ်းအခဲတွေမထွက်နိုင်လို့ အရည်တွေပဲ ထွက်လာတာဖြစ်နိုင်ပါတယ်။
- ၀မ်းချုပ်ခဲ့မယ်ဆိုရင် အီးမပါခင် ကလေးက မအီမသာနဲ့ ငိုနေမယ် နာနေမယ်၊ အီးက အရမ်းမာနေ၊ ခြောက်နေလို့ ညှစ်လို့မရရင်၊
အရမ်းနံတဲ့ လေနဲ့ဝမ်း၊ အစားမစားချင်ရင်၊ ဗိုက်က မာနေရင် စတဲ့အချက်များ တွေ့ရတတ်ပါတယ်။ - နို့မှုန့်ကြောင့်၊ ဖြည့်စွက်စာတွေ စကျွေးတာကြောင့်၊ ရေဓါတ်ကုန်ခမ်းတာကြောင့်နဲ့
အခြားနေမကောင်းတာတွေကြောင့် တစ်ခါတစ်လေ ၀မ်းချုပ်တတ်ပါတယ်။ တကယ်ဝမ်းချုပ်ခဲ့မယ်ဆိုရင် ဘာဆေးမှ မတိုက်ပဲ ဆရာဝန်နဲ့ အရင်ပြပါနော်။