မေမေတို့ သားသားမီးမီးလေးတွေ ချိုလိမ်စုပ်နေပြီလား

မေမေတို့ရေ ချိုလိမ်စုပ်တာက သားသားမီးမီးလေးတွေအတွက် ကောင်းတာလေးတွေ ရှိသလို အနည်းငယ် စိုးရိမ်ရမယ့် အချက်တွေကလည်း ရှိနေပြန်ပါသေးတယ်။

မေမေတို့ရေ သားသားမီးမီးလေးတွေ လက်မစုပ်လွန်းလို့ စိတ်ညစ်ပြီး ချိုလိမ်လေးတွေ ဝယ်ထားပေးပြီးပြီလား။ ချိုလိမ်စုပ်တာက သားသားမီးမီးလေးတွေအတွက် ကောင်းတာလေးတွေ ရှိသလို အနည်းငယ် စိုးရိမ်ရမယ့် အချက်တွေကလည်း ရှိနေပြန်ပါသေးတယ်။ မေမေတို့ အကောင်းအဆိုးကို တွေးပြီးမှသာ သားသားမီးမီးလေးတွေကို ချိုလိမ် ဝယ်ပေးစေချင်ပါတယ်။

ချိုလိမ် စုပ်တာက ကောင်းကျိုးလေးတွေကတော့

သားသားမီးမီးလေးတွေကို ဂျီကျမနေစေဘဲ ငြိမ်သွားစေပါတယ်။ တချို့ အရမ်းငိုတဲ့ ကလေးလေးတွေကို ချိုလိမ်လေး ပေးစုပ်ထားလိုက်ရင် ငြိမ်သွားတာကိုလည်း တွေ့ဖူးကြမှာပါနော်။ ချိုလိမ်စုပ်တာက သားသားမီးမီးလေးတွေ အိပ်ရာက လန့်နိုးတဲ့အခါမှာ အကြောက်ပြေစေပါတယ်။ သားသားမီးမီးလေးတွေ ရုတ်တရက်သေဆုံးခြင်းကနေလည်း ကာကွယ်ပေးပါတယ်။ မေမေတို့ သတိပြုရမှာကတော့ သားသားမီးမီးလေးတွေ အသက်(၁) လလောက်နေမှ စပြီး အသုံးပြုသင့်တာကိုပါ။

ချိုလိမ်စုပ်တာက ဆိုးကျိုးလေးတွေလည်း ပြောပြမယ်နော်

မေမေတို့ရေ သားသားမီးမီးလေးတွေကို မွေးကင်စတည်းက ချိုလိမ်ပေးစုပ်မယ်ဆိုရင် မေမေ့နို့ စို့တာကို အာရုံသိပ်မရတော့ဘဲ နို့စို့ခြင်း လျော့ကျစေပါတယ်။ ချိုလိမ်မှ ချိုလိမ် ဖြစ်သွားနိုင်ပါသေးတယ်။ ချိုလိမ်စုပ်တာက သားသားမီးမီးလေးတွေရဲ့ သွားကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။

မေမေတို့ရေ သားသားမီးမီးလေးတွေကို ချိုလိမ်ပေးစုပ်တဲ့အခါမှာ သိထားသင့်တာတွေကိုလည်း ပြောပြလိုက်ပါတယ်နော်။ သားသားမီးမီးလေးက ချိုလိမ်ကို မငုံတော့ဘူးဆိုရင် အဲဒီတစ်ခုကိုပဲ ဇွတ်မပေးပါနဲ့တော့။ အသစ်လဲလှယ်ပေးပါ။ မေမေတို့ရေ သားသားမီးမီးလေးတွေအတွက် ချိုလိမ် ဝယ်တဲ့အခါမှာလည်း အသက်အရွယ်နဲ့ကိုက်ညီတဲ့ ချိုလိမ်အရွယ်အစားကိုသာ ရွေးဝယ်ပါ။ ချိုလိမ်တွေမှာ ကလစ်၊ ညှစ်တံတွေရှိတာကို ဂရုပြုပါ။ လည်ပင်းမှာ ချိုလိမ်ကို ကြိုးနဲ့ဆွဲထားတာတွေ၊ ပြုတတ်မကျအောင် ကြိုးနဲ့ ညှပ်ထားတာတွေ မပြုပါနဲ့နော်။

မေမေတို့ရေ သားသားမီးမီးလေးတွေကို ဝအောင်၊ ကိုယ်အလေးချိန်များအောင် ကျွေးမွေးနေရတယ်ဆိုရင်တော့ ချိလိမ်ပေးမစုပ်ပါနဲ့နော်။ မဟုတ်ရင် ကလေးက ချိုလိမ်ပဲ ကြိုက်ပြီး မေမေ့နို့ မစို့မှာ စိုးလို့ပါ။ လမစေ့တဲ့ ကလေးနဲ့ အလေးချိန်နည်းတဲ့ ကလေးတွေကို ချိုလိမ်မစုပ်ခိုင်းသင့်ပါဘူးနော်။ မေမေတို့ အနေနဲ့ သားသားမီးမီးလေးတွေကို ချိုလိမ် ပေးစုပ်စေချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါနော်။

Credit: Kalay