🙋🏻‍♂️ ကလေးကို ဘယ်အချိန်ကစပြီး ရေတိုက်လို့ရမလဲ?

Baby Center မှာတွေ့တဲ့ ကလေးအထူးကုဆရာဝန် Stephen R. Daniels ရဲ့အဖြေကို ဘာသာပြန်ပေးထားပါတယ်။

ပုံမှန်အားဖြင့် ကလေးတွေကို အသက် ၆ လမပြည့်ခင် ရေမတိုက်သင့်ပါဘူး။ အသက် ၆ လအထိကို သူလိုအပ်တဲ့ရေဓါတ်ကို မိခင်နို့သောက်ရင် မိခင်နို့က၊ နို့ဘူးသောက်တဲ့ကလေးတွေအတွက်နို့ဘူးကရပါတယ်။ ပူတဲ့ရာသီဥတုဖြစ်ရင်တောင်မှ နို့ကနေ သူရနေတဲ့ရေဓါတ်ကလုံလောက်ပါတယ်။

ကလေးက ၆ လပြည့်ပြီဆိုရင်တော့ သူရေဆာလောက်တဲ့အခါ ရေနည်းနည်းစီစတိုက်လို့ရပါပြီ။ အများကြီးမတိုက်မိပါစေနဲ့။ ရေတိုက်များသွားရင် ကလေးက ဗိုက်အောင့်တာတို့၊ ရေနဲ့ဗိုက်ပြည့်သွားလို့ နို့သောက်တာလျော့သွားတာမျိုးဖြစ်တတ်ပါတယ်။

ကလေး ၁ နှစ်ပြည့်ပြီးရင်တော့ သူက solid foods တွေလဲစားနေပြီမို့ ရေကိုသူသောက်ချင်သလောက် ပေးသောက်လို့ရပါပြီ။

🙅🏻‍♂️ ၆ လအောက်ကလေးတွေကို ရေတိုက်တာဟာ အန္တရာယ်မကင်းဘူးလို့ ဘာကြောင့်ပြောရတာလဲ?

၆ လအောက်ကလေးတွေကို မလိုအပ်ပဲရေတွေအများကြီးတိုက်တဲ့အခါ သူသောက်နေတဲ့နို့ထဲက အာဟာရတွေကို သူ့ခန္ဓာကိုယ်လေးကစုပ်ယူဖို့ အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ရေအရမ်းသောက်တဲ့ကလေးငယ်လေးတွေတချို့မှာ ရှားရှားပါးပါးဖြစ်တတ်တဲ့ water intoxication ဆိုတာလဲဖြစ်နိုင်ပါတယ်။

နို့ဘူးဖျော်တဲ့အခါမှာလဲ အညွှန်းထဲမှာရေးထားတဲ့ရေပမာဏထက်ပိုပြီး မဖျော်ပါနဲ့။ ကလေးက water intoxication ရနိုင်တဲ့အပြင် နို့ကနေရမယ့်အာဟာရကိုအပြည့်အဝမရပဲဖြစ်နေမှာပါ။

Source : http://www.babycenter.com/404_when-can-babies-drink-water_1368488.bc

 Credit:Aye Aye Myo Set (Jessica Mozart)
A Cool Mom