ကိုယ်ဝန်ရှိ၊ မရှိ လွယ်ကူသောနည်းလမ်းဖြင့် အိမ်တွင်းစစ်ဆေးခြင်း

တစ်ချို့ လူတွေက ကိုယ်ဝန်ရှိ၊ မရှိစစ်တယ်။ မိနစ်အနည်းငယ်ကြာလို့ ရှိကြောင်းမပြဘူးဆိုရင် နည်းနည်းကြာကြာ ထပ်စောင့်သင့်တဲ့အစား လွှင့်ပစ်တတ်ကြပါတယ်။

ဆေးဆိုင်တွေနဲ့ Online မှာ ရတဲ့ ကိုယ်ဝန်စစ်ကိရိယာတွေက ကိုယ်ဝန်ရှိမရှိစစ်ဆေးဖို့ အလွယ်ကူဆုံး နည်းလမ်းတွေပါပဲ။ တိကျတဲ့အဖြေ ရရှိဖို့အတွက်တော့ သေချာ စစ်ဖို့လိုပါတယ်။

ကိုယ်ဝန်ရှိမရှိစစ်ဆေးခြင်းက ဘယ်လိုအလုပ်လုပ်လဲ

အိမ်တွင်း ကိုယ်ဝန်ရှိမရှိ စစ်ဆေးတာက ဆီးထဲက HCG ပမာဏကို စစ်ပေးတာ ဖြစ်ပါတယ်။  HCG ဆိုတာ အချင်းထဲမှာ ရှိတဲ့ဆဲလ် တွေကနေ ဖြစ်ပေါ်လာတဲ့  Chorionic gonadotropic hormone သွေးလမ်းကြောင်းထဲကို ကျောက်ကပ် တွေကတဆင့်ဝင်ပါတယ်။ အဲ့ဒီ့အချိန်မှာ ဆီးထဲကနေတဆင့် HCG ကိုစစ်နိုင်ပါတယ်။  တစ်ခါတစ်ရံ မျဉ်းကြောင်း သို့မဟုတ် အမှတ်အသားဟာ ဒစ်ဂျစ်တယ် ဖန်သားပြင်ပေါ်မှာ မှိန်မှိန်လေးပဲပေါ်တတ် ပါတယ်။ အဲ့လိုဖြစ်ခဲ့မယ်ဆိုရင်တော့ ဒါဟာ  ကိုယ်ဝန်ရှိမရှိ စစ်ဆေးခြင်း က ကိုယ်ဝန်ရှိခြင်း လက္ခဏာပြကြောင်း မှတ်ယူလို့ရပါတယ်။

ဘယ်လိုစစ်ဆေးနိုင်သလဲ

ကိုယ်ဝန်ရှိမရှိစစ်ဆေးတဲ့ကိရိယာတိုင်းမှာ အညွှန်းတွေပါပါတယ်။ အဲ့တာကြောင့် သေချာဖတ်ဖို့လိုပါတယ်။ များသောအားဖြင့် ဆီးကို ခွက်တစ်ခုထဲမှာထည့် စစ်ဆေးတဲ့စက်ကို ခွက်ထဲထည့်ပြီး အဖြေကိုစောင့်ရုံပါပဲ။ စစ်ဆေးချိန်မှာ ကိရိယာက အလုပ်လုပ်ရဲ့လားဆိုတာ သေချာကြည့်ပါ။ တစ်ချို့လူတွေက ကိုယ်ဝန်ရှိမရှိစစ်တယ်။ မိနစ်အနည်းငယ်ကြာလို့ ရှိကြောင်းမပြဘူးဆိုရင် နည်းနည်းကြာကြာ ထပ်စောင့်သင့်တဲ့အစား လွှင့်ပစ်တတ်ကြ ပါတယ်။

ဘယ်အချိန်မှာစစ်ဆေးတာကောင်းလဲ

ကိုယ်ဝန်ရှိမရှိစစ်ဆေးခြင်းကို ဆီးက သိပ်သည်းဆများပြီး HCG level အမြင့်ဆုံးဖြစ်တဲ့ မနက်ခင်းမှာ စစ်တာအကောင်းဆုံးပါ။ ဒါပေမယ့် ဓမ္မတာရက်ကျော်လွန်ပြီဆိုရင် HCG ပမာဏ ကျော်လွန်ပြီဖြစ်လို့ အချိန်မရွေးစစ်ဆေးးနိုင်ပါတယ်။

ရလဒ်ကမှားနိုင်လား

ကိုယ်ဝန်မရှိကြောင်းပြတဲ့အမှားရလဒ်တွေက ရှိကြောင်းပြတာထက်ပိုများပါတယ်။ အဲ့တာက အရမ်းစောပြီး စစ်ဆေးမိတာပဲဖြစ်စေ၊ မှားစစ်မိတဲ့အချိန်မှာပဲဖြစ်စေ ဖြစ်တတ်ပါတယ်။ တစ်ကယ်လို့ negative ပြတယ်ဆိုရင် ရက်အနည်းငယ်ထပ်စောင့်ပါ။အဲ့ဒီအချိန်ထိ ဓမ္မတာမလာသေးဘူးဆိုရင် ထပ်ပြီးစစ်ကြည့်ပါ။ မှားယွင်းတဲ့ ကိုယ်ဝန်ရှိကြောင်းပြသော ရလဒ်မှာ HCG ပမာဏတွေ့ပေမယ့်  ကိုယ်ဝန်မရှိပါဘူး။ ဒါက fertility treatment ယူတဲ့အချိန်မှာ HCG မြင့်ရင် ဖြစ်တတ်ပါတယ်။