သားသားမီးမီးတို့အတွက် လိုအပ်တဲ့ ပိုတက်ဆီယမ် (Potassium)ဓါတ်

မေမေတို့ သစ်သီးဖျော်ရည်ထဲ မုန်လာဥနီ ထည့်လိုက်တာတွေနဲ့ ပိုတက်ဆီယမ် စားသုံးဖြစ်ဖို့ လွယ်လွယ်ကူကူ လုပ်နိုင်တာမို့ ကျွေးဖို့အရမ်းလည်းလွယ်ကူပါတယ်

မေမေတို့ရေ ပိုတက်ဆီယမ်ဓါတ်ကတော့ သွေးဖိအား နဲ့ သွေးထဲမှာ ပါဝင်တဲ့ အချိုဓါတ်ကို တည်ငြိမ်အောင် ဖန်တီးကူညီပေးပါတယ်နော်။ မျက်လုံးအားကောင်းစေပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တာနဲ့  ကယ်လ်စီယမ်၊ ဗီတာမင်ဒီ အားနည်းလို့ ဖြစ်တတ်တဲ့ အရိုးပွရောဂါ တွေ ဖြစ်နိုင်ခြေကို ကာကွယ်ပေးပါတယ်။

ဒါကြောင့် သားသားမီးမီးတို့ကို နေ့စဉ် ပိုတက်ဆီယမ်ဓါတ်များ ပါဝင်အောင် နေ့စဉ် ကျွေးပေးဖို့လိုအပ်ပါတယ်နော်။ ပိုတက်ဆီယမ်ဓါတ်ပါဝင်တဲ့ အစားအစာများကိုလည်း ပြောပြပေးပါမယ်။

ပိုတက်ဆီယမ်ဓါတ် ပါသော အစားအစာများ

အာလူး

ခရမ်းချဉ်သီး

ဟင်းနုနွယ်

မုန်လာဥနီ

ပဲအမျိုးမျိုး

ပဲစိမ်း၊ ပဲနီကလေးများ

ဒိန်ချဉ်၊ ငှက်ပျောသီး၊ ငါး တို့ဖြစ်ပါတယ်။

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များများစားခြင်းကြောင့် လိုအပ်တဲ့ vitamin A,C နဲ့ K တို့ကို တိုးစေပါတယ်။ မနက်စာ ကွေကာအုပ်မှာ ငှက်ပျောသီး ထည့်စားတာ၊ သစ်သီးဖျော်ရည်ထဲ မုန်လာဥနီထည့်လိုက်တာတွေနဲ့ ပိုတက်ဆီယမ် စားသုံးဖြစ်ဖို့ လွယ်လွယ်ကူကူ လုပ်နိုင်ပါတယ်။