ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ ပေါက်တဲ့ ဝက်ခြံတွေကို ဘယ်လိုလုပ်မလဲ
|ကိုယ်ဝန်ဆောင် မေမေလောင်းတို့ရေ သားသားလေးဆိုရင် မျက်နှာရင့်တယ်၊ သမီးလေးဆိုရင် မျက်နှာလေး နုတယ်ဆိုပြီး ပြောဆိုကြတာလည်း ကြားဖူးကြမှာပါနော်။
ကိုယ်ဝန်ဆောင် မေမေလောင်းတို့ရေ သားသားလေးဆိုရင် မျက်နှာရင့်တယ်၊ သမီးလေးဆိုရင် မျက်နှာလေး နုတယ်ဆိုပြီး ပြောဆိုကြတာလည်း ကြားဖူးကြမှာပါနော်။ တကယ်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် အသားအရေတွေ ပြောင်းလဲပါတယ်။ ဒီလိုအချိန် မျက်နှာမှာ တင်းတိပ်လိုအကွက်တွေ၊ မှဲ့ခြောက်တွေနဲ့ ဝက်ခြံတွေ ထွက်လာပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အဖိုဟော်မုန်းတွေက ပိုထွက်ပါတယ်။ ဒီဟော်မုန်းတွေက အဆီအရည်အိတ်တွေကို ပိုပြီးကြီးလာစေပြီး အဆီတွေပိုထွက်လာပါတော့တယ်။ အဆီတွေက အပေါက်တွေကို ပိတ်သွားစေပြီး ယောင်ရမ်းလာချိန်မှာတော့ ဝက်ခြံအဖြစ် အရေပြားပေါ်ရောက်လာပါတယ်။ ဒီဝက်ခြံက ကိုယ်ဝန်စရှိကာစကနေ (၆) လအတွင်းမှာ အဖြစ်များပါတယ်။
မေမေလောင်းတို့ရေ မျက်နှာ တစ်နေ့သစ်ရင် လုံလောက်ပါပြီ။ ပျောက်ချင်စောတွေ လောပြီး ခဏခဏ မျက်နှာသစ်ဆေးတွေနဲ့ မျက်နှာသစ်တာ မလုပ်ပါနဲ့။ ပြီးတော့ ပြင်းလွန်းတဲ့ မျက်နှာသစ်ဆေး မသုံးပါနဲ့။ အသားအရေ မခြောက်အောင်နေပါ။ ဒါတွေကို ဖယ်ရှားဖို့ နည်းလမ်းကောင်းလေး Kalay က ပြောပြမယ်နော်။
ပျားရည်
ပျားရည်မှာ ဘက်တီးရီးယားတွေကို နှိမ်နင်းနိုင်စွမ်းရှိပြီး အနာကျက်လည်း မြန်စေပါတယ်။ အရင်ဆုံး မေမေလောင်းတို့ မျက်နှာလေးကို ရေနွေးလေးနဲ့ သစ်လိုက်နော်။ ပြီးရင်တော့ ပျားရည်ကို မျက်နှာပေါ်က ဝက်ခြံတွေပေါ်မှာ လိမ်းထားပေးလိုက်ပါ။ မိနစ် (၂၀) (၃၀) လောက်ကြာရင် ရေနွေးလေးနဲ့ သစ်လိုက်နော်။ ဝက်ခြံလေးတွေ ချပ်သွားမှာ သေချာတယ်နော်။
အုတ်ဂျုံနဲ့သခွားသီး
အုတ်ဂျုံနဲ့ သခွားသီးက အေးမြမှုကို ပေးတာကြောင့် ဝက်ခြံယောင်ရမ်းတာတွေကို သက်သာစေပါတယ်။ အုတ်ဂျုံနဲ့ သခွားသီး အနည်းငယ်ကို ကြိတ်စက်ထဲ ထည့်ပြီး ကြိတ်လိုက်ပါ။ ပြီးရင် ဝက်ခြံရှိတဲ့နေရာတွေမှာ အုပ်ထားလိုက်ပါ။ (၁၅) မိနစ်လောက် ကြာအောင်ထားပြီးမှ ရေနဲ့ဆေးချလိုက်ပါ။
မုန့်ဖုတ်ဆော်ဒါ
မုန့်ဖုတ်ဆော်ဒါလေးကို ရေလေးနဲ့ ခပ်ပျစ်ပျစ်လေး ဖျော်ပြီး ဝက်ခြံရှိတဲ့အဖုတွေပေါ်မှာ လိမ်းထားပေးလိုက်ပါ။ မုန့်ဖုတ်ဆော်ဒါ ခြောက်သွားပြီဆိုရင် ရေနဲ့ဆေးချလိုက်ပါ။ မုန့်ဖုတ်ဆော်ဒါက မလိုအပ်တဲ့အဆီတွေကိုဖယ်ရှားပြီး ပျက်စီးသွားတဲ့နေရာများကိုလည်း အလျင်အမြန်သက်သာစေပါလိမ့်မယ်။