ကလေးမွေးဖွားပြီးနောက် မေမေတို့ မိန်းမကိုယ် စုတ်ပြဲခဲ့ရင်

မေမေလောင်းရေ ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားနေစဉ်နဲ့ မွေးပြီး အချိန်မှာ ကြုံတွေ့ရမယ့် ကျန်းမာရေး ပြသနာကိုလည်း ကြိုတင်သိထားသင့်ပါတယ်။

မေမေလောင်းတို့ရေ ကိုယ်ဝန်ရှိနေပြီလို့ စသိတဲ့အချိန်ကနေစပြီး မွေးဖွားပြီးတဲ့အထိ အရိပ်တကြည့်ကြည့် ကျန်းမာရေးကို စောင့်ကြည့်ရမှာ မေမေလောင်းတို့ရဲ့ တာဝန်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန် ကျန်းမာရေးကိုပဲ ဂရုစိုက်နေလို့ မရပါဘူးနော်။ မွေးဖွားနေစဉ်နဲ့ မွေးပြီး အချိန်မှာ ကြုံတွေ့ရမယ့် ကျန်းမာရေး ပြသနာကိုလည်း ကြိုတင်သိထားသင့်ပါတယ်။ အဲဒီအထဲမှာ ကလေးမွေးပြီးနောက် မိန်းမကိုယ်စုတ်ပြဲနိုင်ပြီး ဂရုစိုက်ရမယ့် အကြောင်းတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

မိန်းမကိုယ်ဆိုတာဟာ သားရေကွင်းလိုပဲ ကျုံ့နိုင်၊ ဆန့်နိုင်ပေမယ့် ပြင်းလွန်းတဲ့ ဖိအားကြောင့် ပြဲထွက်သွားတာတွေ ဖြစ်နိုင်ပါတယ်။ အကယ်လို့ ဖိအားက နည်းတယ်ဆိုရင် ပြဲထွက်ခြင်းအတိုင်းအတာက နည်းပြီး ဖိအားများရင်တော့ ပြဲထွက်ခြင်းက များနိုင်ပါတယ်။ တချို့ကတော့ သေးငယ်လို့ အလိုလို အနာကျက်နိုင်ပေမယ့် ပြဲထွက်တာက ကြီးရင်တော့ ဆရာဝန်က ချုပ်ပေးမှာပါ။

ပြဲတာတွေအပြင် တခါတလေမှာ ပွန်းပဲ့ခြင်းတွေလည်း ဖြစ်နိုင်ပါသေးတယ်နော်။ ဒါဟာ ကလေးရဲ့ ခန္ဓာကိုယ်အလေးချိန်က မီးဖွားနေတဲ့အချိန်မှာ မိန်းမကိုယ်ကို ဖိအားတွေ ဖြစ်စေပြီး ပွန်းပဲ့စေတာပါ။ ပွန်းပဲ့တာကတော့ သားသားမီးမီးလေးက နောက်ကျောဖက် ပုံစံနဲ့ ရှိနေခြင်း၊ ဆိုလိုတာကတော့ ကလေးရဲ့နောက်ကျောနဲ့ မေမေ့ရဲ့ နောက်ကျောထပ်နေတာမျိုးကို ဆိုလိုတာပါ။ ပထမဆုံးကိုယ်ဝန်ဖြစ်နေခြင်း၊ သားသားမီးမီးလေးတွေရဲ့ အလေးချိန်က (၈ ) ပေါင်ကျော်နေခြင်း၊ လေပြွန်နဲ့စုပ်ထုတ်ရခြင်းတွေ ရှိရင် မိန်းမကိုယ် ပွန်းနိုင်ပါတယ်။

မေမေလောင်းလေးတို့ရေ အကယ်လို့များ မိန်းမကိုယ်ပြဲခဲ့မယ်ဆိုရင် ဂရုစိုက်ရမှာတွေကိုလည်း သိထားသင့်တယ်နော်။ မိမန်းမကိုယ်ကို သန့်ရှင်းအောင်ထားပါ။ လက်ဆေးခြင်းနဲ့ အမျိုးသမီးသုံး ပစ္စည်းတွေကို နေ့စဉ်မှန်မှန်လေး လဲလှယ်ပေးပါ။ ရေများများ သောက်ပါ။ အမျှင်ဓါတ်များများ စားပါ။ တင်ပဆုံကြမ်းပြင်ကြွက်သားများကို အာရုံစိုက်လုပ်ရတဲ့ လေ့ကျင့်ခန်းများကိုလုပ်ပါ။ ဆရာဝန်က ပေးတဲ့ ဆေးတွေ သောက်ပါ။

မေမေလောင်းလေးတို့ရေ ချုပ်ထားတဲ့နေရာမှာ နာကျင်လွန်းလာတာတွေ ရှိရင်၊ ချုပ်ရိုးကနေ အနံ့တွေ ထွက်လာရင်၊ ဝမ်းတွေ လုံးဝမထိန်းနိုင်ဘဲ သွားချင်လာပြီဆိုရင်တော့ ဆရာဝန်ဆီ ပြပါ။