သားသားမီးမီးလေးတွေကို ညှစ်ပြီးသားနို့ရည် တိုက်လို့ရလား ?

မေမေတို့အနေနဲ့ နို့ရည်ကို ညှစ်ထားပြီး သားသားမီးမီးလေးတွေကို တိုက်လို့ရလားဆိုတဲ့အဖြေကို သိချင်ကြမှာပါ။ မေမေတို့ဆီက ညှစ်ထားပြီးသား နို့ရည်ကို တိုက်လို့ ရပါတယ်

မေမေတို့အနေနဲ့ နို့ရည်ကို ညှစ်ထားပြီး သားသားမီးမီးလေးတွေကို တိုက်လို့ရလားဆိုတဲ့အဖြေကို သိချင်ကြမှာပါ။ မေမေတို့ဆီက ညှစ်ထားပြီးသား နို့ရည်ကို တိုက်လို့ ရပါတယ်။ ဒါပေမယ့် မေမေတို့ သတိထား လိုက်နာရမယ့် အချက်တွေလည်း များပါတယ်။ နို့ညှစ်ယူခြင်းနဲ့ ညှစ်ပြီးသား နို့ရည်ကို ထိန်းသိမ်းတဲ့နည်းလမ်း မှန်မှသာ သားသားမီးမီးလေးတွေအတွက် အကျိုး ရှိမှာပါ။

မေမေတို့ နို့တိုက်ရမယ့် အချိန်မှာ အလုပ်မအားကြောင့် ဒါမှမဟုတ် ကလေးရဲ့အနားမှာ ရှိမနေတာတွေဆိုရင် ညှစ်ပြီးသားနို့ရည်နဲ့ တိုက်ကျွေးထားလို့ ရပါတယ်။ သားဦးမေမေတို့မှာတော့ ဒီကိစ္စက ခက်ခဲနိုင်ပါတယ်။ ပထမဆုံး မေမေတို့ သတိပြုရမှာကတော့ လက်ကို စင်ကြယ်အောင်ဆေးဖို့ပါ။ နို့ထိပ်ခေါင်းရဲ့ နောက်ဘက်ကပ်လျက် နို့ပြွန်တွေပေါ်ကို ညှင်သာစွာဖိနှိပ်ပေးရမှာ ဖြစ်ပါတယ်။ နို့သီးခေါင်းတွေကို ညှစ်ရမှာ မဟုတ်ပါဘူးနော်။ အကယ်လို့ မေမေတို့ စုပ်ယူတဲ့ကိရိယာ သုံးပြီး နို့ညှစ်မယ်ဆိုရင်တော့ စုပ်ခွက်ကို ရင်သားပေါ်တင်ပြီး ညှစ်ထုတ်ရမှာပါ။ နို့ကောင်းကောင်းထွက်နေသမျှ စုပ်ထုတ်ပါ။ တစ်ဖက်က ထွက်တဲ့ပမာဏ နည်းလာပြီဆိုရင် နောက်တစ်ဖက်ကို ပြောင်းလိုက်ပါ။ (၂) ခေါက်လောက်တော့ ညှစ်ပေးကြည့်ပါ။

နို့ရည်ကို အဖုံးပိတ်ထားတဲ့ ပလတ်စတစ်ဘူးထဲမှာ ထည့်ထားတာက ရေရှည်ခံပါတယ်။ ရေခဲသေတ္တာထဲ မထည့်ခင်မှာ နို့ညှစ်တဲ့နေ့ကို မှတ်ထားရင် အကောင်းဆုံးပါ။ ဒါမှ ရက် လွန် မလွန်ကို သိနိုင်မှာပါ။  နို့ရည်ဟာ ၄ ဒီဂရီစင်တီဂရိတ် အပူချိန်မှာ ၅ ရက်ခန့် အထားခံပါတယ်။ အခဲခန်းထဲမှာသာ ထားမယ်ဆိုရင် နို့ရည်ဟာ ၂ ပတ်ကျော်ထိ အထားခံပါတယ်။ အေးခဲထားတဲ့ နို့ရည်ကတော့ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်တဲ့ စွမ်းအားတော့ လုံလုံလောက်လောက် မရှိပါဘူး။ အချိန်တိုအတွင်းပဲ တိုက်မယ်ဆိုရင် ညှစ်ပြီးသားနို့ရည်ကို အေးခဲ မထားဖို့ အကြုံပြုပါရစေ။ အေးခဲထားတဲ့ နို့ရည်ကတော့ အသင့်ဖျော်တိုက်တဲ့ နို့မှုန့်တွေထက်တော့ အာနိသင်ပိုကောင်းပါတယ်။