သန္ဓေသားကျန်းမာဖို့ မေမေလောင်းတို့ တစ်နေ့ကို ဘယ်လောက်စားရမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းလေးတို့ စားတဲ့ အစားအစာတွေ အားလုံး သန္ဓေသားလေးဆီကို ရောက်မယ်ဆိုတာ သတိပြုပါနော်။ ဘာလေးတွေစားမလဲမေမေလောင်းတို့ရေ။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းလေးတို့ စားတဲ့ အစားအစာတွေ အားလုံး သန္ဓေသားလေးဆီကို ရောက်မယ်ဆိုတာ သတိပြုပါနော်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့ စားသမျှ အစားအစာတွေ အားလုံးက ကောင်းမွန်ရမယ်၊ ကျန်းမာရမယ်၊ လတ်ဆတ်ရမယ်၊ အာဟာရမျှတရမယ်၊ သန္ဓေသားအတွက် အကျိုးရှိရမယ်နော်။ နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်မှာ ဘယ်လို အစားအစာတွေကို တစ်နေ့ ဘယ်လောက်စားမလဲဆိုတာကိုပါ သိထားသင့်ပါတယ်။ ဒါမှ စားသမျှ အကျိုးဖြစ်ထွန်းမှာပါနော်။

မေမေလောင်းလေးတို့ရေ ကိုယ်ဝန်အစပိုင်းတွေမှာတော့ အသားတွေရဲ့ အညှီနံ့တွေကို ခံနိုင်မှာ မဟုတ်လောက်ပါဘူး။ ဒါကလည်း မေမေလောင်းတိုင်းတော့ မဟုတ်ဘူးနော်။ အကယ်လို့ မေမေလောင်းလေးတို့က အသားစားမယ်စိတ်ကူးထားရင်တော့ (၃) ကြိမ်လောက်အစား (၆) ကြိမ်လောက် ဖြစ်အောင် ခွဲစားပေးပါ။ ဆိုလိုတာက ပမာဏ များများနဲ့ အကြိမ်များများ စားရမှာပါ။ တစ်နေ့ကို အသား (၂) ကြိမ်လောက် စားပေးရင် လုံလောက်ပါတယ်။

မေမေလောင်းလေးတို့ရေ ကိုယ်ဝန်ဆောင်နေချိန်မှာ အချဉ်၊ အစပ်တွေ တတ်နိုင်သမျှ နည်းနည်းပဲ စားနော်။ အိပ်ချိန်နဲ့ စားချိန်ကိုလည်း (၂) နာရီ၊ (၃) နာရီလောက် ခြားစေချင်ပါတယ်။ မနက်စာကိုပိုပြီး ပြည့်ပြည့်ဝဝ စားဖို့လည်း အကြံပြုပါရစေနော်။ အစားမစားခင်မှာ ဖျော်ရည်သောက်တာတွေ မလုပ်ပါနဲ့။ အနည်းဆုံးတော့ နာရီဝက်လောက် ခြားနေပါစေနော်။

မေမေလောင်းလေးတို့ရေ အရွက်ကတော့ တစ်နေ့ကို တစ်ခွက်ဆို လုံလောက်ပါတယ်။ ဝမ်းနူးစေမယ့် အသီးအရွက်လေးတွေ ကြော်စားပါ။ ဟင်းနုနွယ်၊ ကန်စွန်းရွက်ဆိုတာ မေမေလောင်းလေးတို့အတွက် အကောင်းဆုံး အရွက်တွေနော်။မေမေလောင်းလေးတို့ရေ တစ်နေ့ကို ကယ်လိုရီ (၄၈၀) လောက်လိုပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ စားရမယ့် ကယ်လိုရီပါ။

မေမေလောင်းတို့ရေ သင်္ဘောသီး၊ နာနတ်သီး ဖျော်ရည်တွေတော့ ရှောင်လိုက်နော်။ တခြား အသီးဖျော်ရည်တွေတော့ သောက်သုံးနိုင်တယ်နော်။ တစ်ပတ်ကို တစ်ခွက်လောက်ဆိုရင် လုံလောက်ပါတယ်။ နှစ်ရက်ခြား တစ်ခါလောက် သောက်ပေးရင်တော့ အကောင်းဆုံးပေါ့။ မေမေလောင်းလေးရော သန္ဓေသားလေးရော အစားအစားရင်း ကျန်းမာပါစေနော်။