ဆောင်းရာသီမှာ ကလေးကျန်းမာရေးအတွက် ဒီအသီးလေးတွေ ကျွေးပါ

ကဲ မေမေတို့ရေ ဆောင်းရာသီကို ရောက်နေပြီနော်။ ဒီရက်ပိုင်းအတွင်း အေးလည်းအရမ်းအေးနေပါတယ်။ ဒီလိုအချိန်လေးမှာ ပျော်ရတဲ့အရာလေးတွေလည်း အများကြီးပါ။ ခရစ်စမတ်၊ နှစ်သစ်ကူး ပျော်စရာကြီးနော်။ အခုရာသီလေးမှာ မေမေတို့ရဲ့ကလေးလေးတွေကို ကျွေးဖို့ အစားအစာတွေလည်း အများရှိနေပါတယ်။ ဒီလို ဆောင်းရာသီမှာ ကလေးလေးတွေကို ဘယ်လိုလေးတွေ ကျွေးပေးရမလည်း၊ ကျန်းမာရေးအတွက် ဘယ်လိုကောင်းတယ် ဆိုတာ Kalay ကနေ ပြောပြပေးမယ်နော်။

(၁) ပန်းသီး

ပန်းသီးကတော့ ကလေးလေးတွေ အားလုံးအတွက် အရမ်းကောင်းတဲ့ အသီးဖြစ်သလို အားလုံးသော ကလေးတွေလည်း ကြိုက်ကြပါတယ်နော်။ ပန်းသီးမှာ လူခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အာဟာရဓါတ်တွေများစွာ ပါဝင်ပါတယ်။ ပန်းသီး ခံတွင်းမှာ ရှိတဲ့ ရောဂါများကို သက်သာစေတဲ့အပြင် ချောင်းဆိုးခြင်းတွက်လည်း အထူးကာကွယ်ပေးပါတယ်။

(၂) ဌက်ပျောသီး

ဌက်ပျောသီးကတော့ ကလေးတွေတွက် ရာသီတိုင်းကို အဆင်ပြေကောင်းမွန်တာပါပဲ။ အချိန်မရွေး၊ နေရာမရွေးမှာလည်း အလွယ်တကူ ဝယ်လို့ရတယ်။ ကောင်းမွန်တဲ့အာဟာရ  တွေပါဝင်လို့ ဌက်ပျောသီးကိုလည်း အမြဲတမ်းရွေးချယ်ပေးပါနော်။ ဌက်ပျောသီးက အစာကြေဖို့ လွယ်ကူပြီး ဝမ်းချုပ်တာကိုလည်း သက်သာစေပါတယ်။ အစာအိမ်ရောဂါများနဲ့အတူ ကလေးအတွက် အရိုးတွေတွက် အထူးကောင်းမွန်တဲ့ အသီးလည်းဖြစ်ပါတယ်။

(၃) လီမွန်

လီမွန်သီးကတော့ လိမ္မော်သီးမျိုးနွယ်ဝင် အသီးပါပဲ။ လီမွန်သီးမှာ ဗီတာမင် စီ ဓါတ်တွေများစွာ ပါဝင်ပါတယ်။ လီမွန်သီးက အစာချေဖျက်တဲ့စနစ်အတွက် ကောင်းကောင်း ပံ့ပိုးပေးသလို ခံတွင်းရောဂါများကိုလည်း အထူးပျောက်ကင်း သက်သာစေတဲ့အတွက် ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးပါတယ်။

(၄) စပျစ်သီး

စပျစ်သီးကတော့ လူတိုင်းလိုလို ကြိုက်တဲ့အသီးပါ။ ကလေးတွေကို စပျစ်သီးကျွေးတဲ့အတွက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ကလေးရဲ့ အရိုးတွေကို ကြီးထွားဖို့ အထောက်အကူပေးပြီး ပင်ပန်းနွမ်းနယ်တာတွေကိုလည်း အထူးပျောက်ကင်းစေနိုင်ပါတယ်။ အန်တီအောက်ဆီဒင့်ဓါတ်များ ပါဝင်လို့ကလေးရဲ့ ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။