ကလေးထိန်းခေါ်မယ်ဆိုရင်….

………ဖတ်ကြည့်ပါ အလုပ်တစ်ဖက်နဲ့ကလေးကို ကလေးထိန်းနဲ့ထားရတဲ့အမေတွေပိုဖတ်သင့်တယ် 😔

မရေးမဖြစ်လို့ရေးရတာ
တွေးကြည့်လေ ကိုယ့်ကလေးကိုယ်
မိခင်ရင်းတောင်စိတ်မရှည်မိတာတွေ
ရိုက်မိတာတွေရှိသေးတာ
ကလေးထိန်းက ဘာမို့လဲ…😔😔

ကြားဖူးကြုံဖူးတာတွေဖတ်ဖူးတာတွေ
ပြောပြပေးမယ်…
ရင်ခွင်ပိုက်လေး မိခင်ကအလုပ်လုပ်တော့
ကလေးထိန်းခေါ်တယ်ပေါ့ေ
အဆင်ပြေနေတော့မသိသာဘူးပေါ့
ဘယ်သိသာမလဲ ကလေးကစကားမှ
မပြောတတ်သေးတာ သူပြန်လာရင်
ကလေးကရေမိုးချိုး ထမင်းကျွေးပြီးသား
ကလေးထိန်းပြောတာပဲသိရတာကိုး
တစ်ရက်အလုပ်ကိစ္စစာရွက်တွေကျန်ခဲ့တော့
အိမ်ကိုနေ့လည်ပြန်လာမိတာပေါ့လေ
ဒီမှာတင်မြင်လိုက်ရတာက
ကလေးထိန်းကခုံပေါ်မှာအငြိမ့်သား
ဖုန်းသုံးနေတာ ကလေးကအောက်မှာ
ဘာလုပ်နေလဲသိလား
ကလေးထိန်းခြေမကိုစုပ်နေတာတဲ့လေ
ကလေးကဗိုက်ဆာလို့ငိုနေလို့
သူထမကျွေးဘူး သူ့ခြေမပေးစုပ်ထားတာ
အသံတိတ်အောင်လို့ မြင်ယောင်ကြည့်လိုက်ပါ
အဲ့ဒီမိခင်နေရာမှာ…အဲ့ဒီမှာတင်ငါမှားပြီဆိုပြီး
အလုပ်ထွက်ကလေးပြန်ထိန်းပါသတဲ့…
ဘယ်လိုပင်ပြုပြင်ပါစေ ဖြစ်ပြီးတာက
ဖြစ်ပြီးပြီလေ ရင်ကွဲပြီပေါ့ကိုယ့်ကလေးမြင်တိုင်း…😔

နောက်တစ်ယောက်က သမီးလေးမွေးထားလို့
စကားပြောတတ်တဲ့အရွယ်
ကလေးထိန်းနဲ့ထားတယ် ကလေးကလဲထိန်းတဲ့လူကို
သိပ်ချစ်တော့ အဆင်ပြေနေတာအေးဆေး…
သူကဘာလုပ်လဲဆိုတော့ နေ့လည်ဆို
ကလေးကိုသူ့မိတ်ကပ်အပေါစားတွေ
လိမ်းပေးပြီး ကခိုင်းတယ်…
သူကချ စ်တော့ ကစားတာပေါ့ထိန်းပေးတာ…
ဒါပေမဲ့ ကလေးကအသားအရည်ပျက်စီးတာ
မြင်မကောင်းဘူး အရင်းစစ်မှ
အပေါစားမိတ်ကပ်နှုတ်ခမ်းနီတန်ခိုးလေ…😔

နောက်တစ်ယောက် ကလေးထိန်းငှါးတာ
ကလေးထမင်းကျွေးတာ ဝါးကျွေးသတဲ့
တောကဆိုတော့ သူတို့အရပ်ကကျွေးသလိုပေါ
ဆရာဝန်တွေက ကလေးကိုထမင်းဝါးကျွေးရင်
သိပ်မုန်းတာ လူကြီးပါးစပ်ဆိုတာ
ရွံဖို့အရမ်းကောင်းတာလေ ကလေးကသနားစရာ
ပြဿနာက ဝါးကျွေးနေတာမိဘမသိဘူး
တစ်ရက်ကျတော့ ကလေးထိန်းက
ပါးစပ်ထဲအနာတွေပေါက်လာလို့
ဆေးခန်းပြရသတဲ့ ဆရာဝန်ကစစ်ဆေး
သွေးစစ်ဘာညာဆိုတော့ HIV Positiveတဲ့
သေပြီလေ… ဝါးကျွေးနေတာကို
အဒေါ်ကမြင်ဖူးလို့ပြောပြမ
သေပြီဆိုပြီး ကလေးပါစစ်ရတော့တာပေါ့ေ
ဒုက္ခကြီးလိုက်တာနော်…😔😔

ပြီးတော့ ကလေးထိန်းနဲ့ကြီးပြီး
ကလေးထိန်းလို မိုက်ရိုင်းတာတွေ
ပြောတတ်သွားတဲ့ ကလေးတွေ…
စကားမပြောတတ်လို့ ပြုသမျှ
နုနေရတဲ့ကလေးတွေ
ပြောမကုန်ဘူးသိလား…
ပြောချင်တာက မငတ်ရင်ကလေးငယ်တဲ့အချိန
အလုပ်မလုပ်ကြပါနဲ့လို့ပြောချင်တာ…
လောဘဆိုတာက လူတိုင်းရှိတာပေါ့
ဒါပေမဲ့ မိဘလေစွန့်လွှတ်သင့်တာ
စွန့်လွှတ်ရတယ်…သားသမီးတွေအတွက်
ရှာနေရတာဆိုပေမဲ့ အဲ့လိုရှာနေရလို့
သားသမီးတွေက လက်ရှိကိုဒုက္ခ
ခံစားနေရတာကျ ဘာပြောမလဲပေါ့နော်…😔😔

ခေတ်ကိုသိတယ် စာနာတယ်
ဒါပေမဲ့ မိခင်ဆိုတာသိသားနဲ့
ကလေးထိန်းနဲ့ထားတာအကျိုးထက်
အဆိုးများတာသိစေချ င်တာ
ကလေးတွေသနားလို့…
ယောက်ျားလေးမို့ စိတ်ချထားပြီး
ထားရင်ရောရမလားမလွယ်ပါ...😔😔

သူဌေးသားလေးတစ်ယောက်ဆိ
အိမ်ကအိမ်ဖော်တွေနဲ့ တစ်ပတ်တစ်ခါ
လိင်ဆက်ဆံပေးရသတဲ့
သူဌေးဆိုတော့အိမ်ဖော်က
လေးငါးခြောက်ယောက်လေ
အဲ့လိုမလုပ်ပေးရင် ဘာလုပ်လုပ်ပြန်တိုင်သတဲ
ဒါဟာသူလူပျိုပေါက်ကတည်းက
တာဝန်တစ်ခုလိုထမ်းဆောင်လာရတာ
အိမ်တွင်းဖာခေါင်းဖြစ်နေတာပေါ့သဘောက…
မိဘက မသိရေးချမသိ…😔😔

ပြီးရင် ယောက်ျားလေးငယ်ငယ်ကို
လိင်အာသာဖြေဖို့ကြိုးစားတဲ့ကလေးထိန်း
အို ရေးတောင်မရေးရဲဘူး
မကြားဝံ့တာတွေ…
သိတဲ့အတိုင်းအိမ်ဆိုတာက လုံခြုံတယ်လေ
အေးဆေးပြစ်မှုကျူးလွန်လို့ရနေတာ
ကိုယ့်ကလေးကို အာသာဖြေအနိုင်ကျင့်နေတဲ့လူကို
ငွေပေးအိမ်ပေါ်တင်ထမင်းကျွေးထားမိနေတာ
မိဘတွေကလဲ ကလေးထိန်းနဲ့ထားတယ်
အိမ်ပြန်လာရင် ကလေးနဲ့စကားပြောဖို့
သတိကမရဘူး ရုပ်ရှင်ကြည့်မယ်
အင်တာနက်ပွတ်မယ် ဒါပဲသိကြတာများတယ်
ကလေးက ဒဏ်ရာဗလပွနဲ့ကြီးလာတာမသိဘူ
အသက်ကြီးလို့ ကလေးကစိတ်ဒဏ်ရာနဲ့
အလားတူပြစ်မှုမျိုးလဲကျူးလွန်ကော
သားသမီးအတွက်ရှာထားတဲ့ငွေက
သားသမီးအမှုအတွက် လျော်ပေးရတဲ့ငွေတွေ
ဖြစ်ကုန်တယ် အမှုလိုက်ခတွေဖြစ်ကုန်တယ
ရင်နာဖို့ကောင်းတယ်နော် တွေးတတ်ရင်…😔😔

လေ့လာမိတာက သူများတိုင်းပြည်တွေက
ကလေးထိန်းငှါးရင် အိမ်မှာ
အခန်းတိုင်းမှာ CCTV တပ်ထားတယ်
အဲ့လိုတပ်တာကိုလဲ ကလေးထိန်းကိုပေးသိတယ်
ဒါပေမဲ့ CCTV အတပ်ခံရတဲ့
ကလေးထိန်းက လစာပိုယူတယ်…
သူ့ပါစင်နယ်အတွက် ပိုယူတာဒါအမှန်ဆုံးနဲ့
လတ်တလောအဆင်ပြေဆုံးပဲ
သူတို့ဆီကမိဘတွေကမဖြစ်မနေကို
လုပ်ရတာလေ အလုပ်မရှိရင်ထမင်းငတ်တာကိုး
ဒီတော့ကုန်သင့်တာအကုန်ခံတယ်
ကလေးအတွက်လုံခြုံရေးဦးစားပေးတယ်…
သူတို့ဆီမှာလဲ ရက်စက်တဲ့ကလေးသူငယ်
နှိပ်စက်မှုတွေကို ကလေးထိန်းတွေက
လုပ်တာကိုး…😔😔

ကလေးဆိုတာ မိဘမမြင်ကွယ်ရာမှာ
လုံးဝမထားသင့်တာ သူတို့က
သူတို့ဖာသာ မကာကွယ်တတ်ကြဘူးလေ
ကုန်သင့်တာအကုန်ခံလိုက်
လုံခြုံရေးဦးစားပေးပြီး ကလေးထိန်းခေါ်
ကလေးထိန်းခေါ်ရင် ဆေးစစ်ပြီးမှခေါ်
ခင်ရာဆွေမျိုးဖြစ်နေပါစေ ဆေးစစ်…
အိမ်မှာအခန်းတိုင်း CCTV တပ်
သူ့ကိုသတိပေး လခပိုပေးပြီးစိတ်ပျော်အောင်
လုပ်ပေး ဒါတွေအကုန်စုံမှ
ကလေးကိုစိတ်ချရမှာ သစ္စာတရားကို
ငွေနဲ့ဝယ်ယူရတယ်ဆိုသိကြမှာပါ…
အူမတောင့်မှ သီလစောင့်တာလူတိုင်းနီးပါး
လခမြိုးမြိုးမြက်မြက်ရရင် စိတ်ပျော်တယ်လေ
ဒီတော့ ဒီအပျော်က ကလေးမိဘအပေါ်
သစ္စာရှိစေတယ် အလုပ်ထွက်ရမှာ
ကြောက်လို့ အမှားခံမှာမဟုတ်ဖူး
ပြီးတော့ စောင့်ကြည့်နေတယ်နော်ဆိုရင်
ဘယ္သူကမ် ားလုပ္ရဲမလဲ
လုပ်ရင်မှတ်တမ်းကြီးနဲ့ ထောင်ထဲဝင်လေ
ဒါမျိုးလဲပညာသားပါပါခြောက်ထားရတယ်…

အတတ်နိုင်ဆုံးလေ့လာထားတာပါ…
မိဘတွေကိုစာနာတယ်
အထူးသဖြင့်မိခင်တွေအခက်အခဲမျိုးစုံမို့
အကြံဥာဏ်ပေးတာကလွဲရင်
ဘာမှမတတ်နိုင်လို့ပါ…
အကောင်းဆုံးကလေးထိန်းတွေရကြပါစေ…

#SniperSu– Credit