လက်ထပ်ရန် စေ့စပ် ပြီးနာရီပိုင်း အတွင်း မှာပဲ ၁၉ နှစ် ကိုယ်ဝန်ဆောင်သည် မိခင် နှင့် ၇ လ ကလေး အသက်ဆုံးရှုံးခဲ့ရ

accident

       ခရစ်မတ်နေ့ မတိုင်ခင် အကြိုနေ့လေးမှာ ကိုယ်ဝန်ရှိနေတဲ့ ၁၉ နှစ် မိန်းကလေးဟာ ၇လ အရွယ်သမီးလေးနဲ့ အတူ ကလေးဖခင်နှင့် စေ့စပ်ခြင်း ပြုလုပ်ပြီး နာရီပိုင်း အချိန် အတွင်းမှာ ကားဖြင့် ပြန်လာစဉ် ကားမတော်တဆဖြစ်မှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။ သူမကား နှင့် ကားတိုက်မှု ဖြစ်ပွားသူမှာ Jillian Ramsay  ဆိုသူ မိန်းကလေး ဖြစ်ပြီး ၄င်းဟာ ယခင်ကလည်း ကားမောင်းတာ မဆင်ခြင်မှုများရှိသူဖြစ်သည် ဟုသိရပါသည်။ အခင်းဖြစ်ပွားစဉ်မှာ Jillian Ramsay  ဟာ အရက်မူးနေပါသည်။
       ကိုယ်ဝန်ဆောင်သည် မိခင်နှင့် စေ့စပ်တဲ့  Ryan McCollum  ကတော့ လွန်စွာ စိတ်ထိခိုက် လျက်ရှိပြီး Jillian  ဟာ သူစီက အသက် ၃ ချောင်းကို ယူလိုက်လိုက်တာပါလို့  ၄င်း ၏ ရှေ့နေကို ပြောကြားပါသည်။
       အသက် ၃၆ နှစ် Ryan McCollum ဟာ အခင်းမဖြစ်ခင် နာရီပိုင်းက ကလေး မိခင်ကို ခရစ်စမတ် မတိုင်ခင်ညလေးမှာ မှတ်မှတ်ရရ ဒူးထောက်ကာ လက်ထက်ခွင့် တောင်းခဲ့တာပါ။ သူဟာ သူတို့ ရဲ့  ဒုတိယကလေး ချစ်သူမှာ ရှိနေပြီ ဆိုတာ သိပြီး ၀မ်းသာနေသူပါ။ စေ့စပ် လက်စွပ်လေးကိုလည်း အဲ့နေ့ ညကပဲ စွပ်ပေးခဲ့ပါတယ် လို့ ဝမ်းနည်းစွာ ပြောကြားပါသည်။
       မျက်မြင်သက်သေများ ပြောပြချက်အရ အခင်းဖြစ်ပွားစဉ် ကားနှစ်စီးလုံးဟာ မီးလောင် ကျွမ်းခဲ့ပါသည်။ အနားအနီးမှ လူများဟာ စေ့စပ်သော သတို့သားလောင်း  Ryan McCollum ကို မီးလောင်ကျွမ်းမှု စတင်စဉ်မှာ ဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့သော်လည်း ကိုယ်ဝန်ဆောင်သည် နှင့် ကလေးကိုတော့ အချိန်မှီ ကယ်ဆယ်နိုင်ခြင်း မရှိခဲ့ပါ။  မူးပြီးမောင်းခဲ့သော Jillian Ramsay  ဟာလည်း အပရိက ဒဏ်ရာများမှ အပ ဒဏ်ရာကြီးကြီးမားမား မရခဲ့ပါ။
       သက်ဆိုင်ရာက သေဆုံးမှု အတွက် စုံစမ်းမှုများကို ဆက်လက် လုပ်ဆောင်လျက်ရှိပါသည်။
Credit: www.insideedition.com