ကလေးတွေကို စကားများများ ပြောပေးရမယ်

👉ကလေးတွေကို စကားများများ ပြောပေးရမယ်ဆိုတော့ တချို့က ပြောကြပါတယ်။👈

📌မွေးကာစ ကလေးတစ်ယောက်ကို စကားပြောဖို့ဆိုတာတော့ ရယ်စရာပေါ့နော် ဘယ်လိုပြောရမှာလည်းလို့ တော်တော်များများက မေးကြပါတယ်။

📌မွေးကာစ ကလေးကို ဘယ်လိုပြောရမလဲဆိုတော့ တစ်ခါတစ်လေ မွေးကာစ ကလေးကို မြှူကြတယ် ချော့ကြတယ်ပေါ့။

📌ပြီးတော့ ကလေးကို ပြောတဲ့အချိန်မှာ နာမ်စားကို ထည့်မသုံးပါဘူး။ နာမ်ကို ထည့်သုံးပါမယ် ။

😉ဘယ်လိုသုံးရမလဲဆိုတော့ ဥပမာ ကလေးကို နာမည်ပေးထားတာ မောင်သီဟ ဆိုပါစို့။ မောင်သီဟကို ခေါ်တဲ့အခါ “သားရေ မောင်သီဟရေ” ဆိုပြီး သူ့နာမည်လေးကို ထည့်ပြောရပါမယ်။

📌အဲ့ဒီအခါ ကလေးဟာ သူ့နာမည်ကို ခေါ်ပြီဆိုတာနဲ့ တပြိုင်နက်တည်းမှာ ခဏခဏ ကြားလာရတဲ့အခါမှာ သူ့နာမည်ကိုသိလာပါမယ်။

📌ကလေးကို ရေချိုးပေးတဲ့အခါမှာလည်း သားသားရေ လက်လေးကို မြှောက်ပါ ၊ ခြေထောက်လေးကိုမြှောက်ပါ မေမေ ရေချိုးပေးတော့မယ် ။

🔖သားသား လက်လေးကို ရေလောင်းမယ် ခြေထောက်လေးကို ရေလောင်းမယ်၊ ဗိုက်လေးကိုရေလောင်းမယ် ၊ ကလေးရဲ့ ခန္ဓာကိုယ်တစ်ခုချင်းကိုရေလောင်းပေးတိုင်းမှာ ပြောပေးရပါမယ်။

🔖အဲ့ဒီလို တစ်ခုချင်းစီကို ပြောပေး ပေးဖို့ လိုပါတယ်။ ဒီလိုပဲ ကလေးက တစ်ခုခု လုပ်မယ်ဆိုရင်လည်း ကလေးက ဝမ်းနည်းလို့ ငိုနေပြီဆိုရင်လည်း သားသား ဝမ်းနည်းလို့ ငိုနေတာလား ၊ ရယ်နေရင်လည်း ပျော်လို့ ရယ်နေတာလား ဆိုပြီးတော့ စကားပြောတိုင်း ပြောတိုင်းမှာ ကိုယ်လုပ်တဲ့ အလုပ်တိုင်းမှာ ကလေးကို တစ်ခုချင်းစီ ပြောပေးရပါမယ် ။

🔖အဲ့ဒီလိုပြောပေးတာ ဘယ်လိုသိသာသလဲဆိုတော့ သိသိသာသာ လုပ်ထားတဲ့ ဇယားလေး ရှိပါတယ်။

မှတ်ချက်။ ။ ဆရာမ ခေတ်ဘုန်းသစ်မှ “ကလေးတို့ ကမ္ဘာကို ချောင်းကြည့်ခြင်း” ခေါင်းစဉ် ဖြင့် ဆွေးနွေးပြောကြားချက်များမှ ကောက်နုတ်ဖော်ပြထားပါသည်။

Presented By #Kids_Shield #Kids_Omega_3
Photo Credit Google Image
Website www.zifammyanmar.com