ကလေးနှင့် အရည်ဓာတ် *******************
|“အပိုင်း(၁)”
“ကလေးကို ဘယ်လောက်တိုက်ရမလဲ”
အကြမ်းဖျင်းအားဖြင့် ၆ လအောက် ကလေးများက တစ်ရက်လျှင် ကိုယ်အလေးချိန် တစ်ကီလိုကို ၁၅၀ မီလီလီတာနှုန်းနှင့် အရည်ဓာတ်လိုအပ်သည်။
၆ လမှ ၁ နှစ်ထိ ကလေးများက ဖြည့်စွက်စာ စား၍ အရည်ဓာတ် အနည်းငယ် အသောက်နည်းသွားခြင်းက ပုံမှန်ဖြစ်ပါသည်။
၁ နှစ်မှ ၅ နှစ်ထိကလေးများက တစ်ရက်ကို စုစုပေါင်းအရည်ဓာတ် ၁ လီတာဝန်းကျင် လိုသည်။ စုစုပေါင်းဟုဆိုသည်မှာ အစားစားရာတွင်ပါသော အရည်ဓာတ်၊ ဟင်းရည်၊ နို့၊ ရေတို့ အားလုံးပါသည်။
ပူပြင်းသောရာသီ၊ ဖျားနေချိန်နှင့် ဝမ်းလျှောနေချိန်များတွင် အရည်ဓာတ်ပိုလိုပါသည်။
“အပိုင်း (၂)”
“ကလေးကို တိုက်ဖို့ အကောင်းဆုံး အရည်ဓာတ်က ဘာတွေလဲ?”
(က) ၆ လအောက် ရင်သွေး
(၁) မိခင်နို့
ဆာသလောက်တိုက်ပါ
(၂) မိခင်နို့မတိုက်နိုင်လျှင် မိခင်နို့နှင့် အနီးစပ်ဆုံးထုတ်ထားသော ဖော်မြူလာကို အညွှန်းအတိုင်းတိကျစွာ ဖျော်၍တိုက်ပါ။
========================
(ခ) ၆ လ မှ ၁ နှစ်
(၁) မိခင်နို့ / ဖော်မြူလာ တိုက်နေကျကို ဆက်တိုက်ပါ။
(၂) ရေသန့်/ ရေကျက်အေး
ရေကို ဖြည့်စွက်စာ တစ်နေ့ ၃-၄ကြိမ် ကျွေးပြီးချိန် ဇွန်းအသေးနှင့် စတိုက်နိုင်သည်။ ခွက်နှင့်တိုက်လျှင် ကလေးက ခွက်ကိုင်တတ်ဖို့ ပို မြန်သည်။
=======================
(ဂ) ၁ နှစ်မှ ၂ နှစ်
(၁) မိခင်နို့
ဆက်တိုက်နိုင်လျှင် ဆက်တိုက်ပါ။ သို့သော် မိခင်နို့က ကြီးထွားနေသောကလေးအတွက် မလုံလောက်တော့ပါ။ အာဟာရဖြစ်မည့်အစာကို မိခင်နို့ထက် ဦးစားပေးရမည့် အရွယ်ဖြစ်လာသည်။ ဆိုလိုသည်မှာ မိခင်နို့ကို ဗိုက်ပြည့်အောင်စို့ခြင်ြးေ
(၂) ရေသန့်/ရေကျက်အေး
(၃) နွားနို့စစ်စစ်
“နွားနို”့တိုက်လျှင် တစ်နေ့ ၂၀၀-၃၀၀ ml ထက် ပိုမတိုက်ပါနှင့်။ ခွက်နှင့်တိုက်ခြင်းက နို့ဗူးနှင့်တိုက်ခြင်းထက် သွားပိုးစားခြင်းကို လျော့နည်းစေသည်။
=======================
(ဃ)၂ နှစ်မှ ဆယ်ကျော်သက်များ
(၁) ရေသန့်/ ရေကျက်အေး
(၂) နွားနို့စစ်စစ်
“နွားနို”့တိုက်လျှင် တစ်နေ့ ၅၀၀ ml ထက် ပိုမတိုက်ပါနှင့်။
=======================
“အပိုင်း (၃)”
” သောက်ဖွယ် အရည်အမျိုးမျိုးနှင့် ပတ်သက်၍ မှတ်သားဖွယ်များ”
(၁) ပိုးသတ်ထားသော pasteurized နွားနို့ဝယ်မရလျှင် နွားနို့ကို ပိုးသေရန် ဆူအောင်ကျိုပြီးမှ တိုက်ပါ။
(၂) အနံ့အရသာ ဖြည့်စွက်ထားသော ရောင်းတမ်း ready made နွားနို့အချို့တွင် သကြားပါဝင်မှု များတတ်၍ ဖြစ်နိုင်လျှင် မတိုက်ပါနှင့်။
(၃) နွားနို့ မတည့်သော ကလေးများကို ကယ်လ်စီယမ်မချို့တဲ့စေရန် ပဲနို့ တိုက်နိုင်သည်။ တစ်နှစ်ကျော်မှ တိုက်ပါ။
(၄) အိုဗာတင်း၊ မိုင်လို စသည်တို့ကို မိဘများ အသိများသည်။ ကလေးကို အတိုက်များသည်။ အာဟာရရှိသော အစာများကို စုံလင်အောင် ပုံမှန်စားနေသော ကလေးများကို အရေးတကြီးတိုက်ဖို့ ဆေးပညာမှ မတိုက်တွန်းပါ။ နာတာရှည် ရောဂါကြောင့် အာဟာရချို့တဲ့သူများ၊ အစားမစားနိုင်၍ ပေါင်မပြည့်သော ကလေးများကို တိုက်နိုင်သည်။ ပုံမှန်ကလေးဖြစ်ဖြစ်၊ အာဟာရချို့တဲ့သော ကလေးဖြစ်ဖြစ် အသက် ၁ နှစ်အောက်ကို မတိုက်ပါနှင့်။ အာဟာရအထူးပြု ဆရာဝန် အချို့က ၂ နှစ်ကျော်မှ စတိုက်ခိုင်းသည်။
(၅) သကြားဓာတ်သိပ်သည်းသော အချိုရည်ဗူးများ၊ အသင့်ထုတ် အသီးဖျော်ရည်များကို နေ့စဉ် သို့မဟုတ် လွန်ကဲစွာ တိုက်လျှင် ဝမ်းသွားခြင်း၊ သွားပိုးစားခြင်း၊ အဝလွန်ခြင်း၊ ဗိုက်ပြည့်၍ ထမင်းဟင်းနှင့် သဘာဝသစ်သီးတို့ အစားနည်းသွားခြင်းများဖြစ်န
(၆) တစ်နှစ်အောက်ကလေးများကို ဆန်နို့၊ အုန်းနို့၊ နို့ဆီများ ဖျော်မတိုက်ပါနှင့်။
(၇) ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာ၊ ပပ်စီစသော ကေဖင်းပါသည့် အရည်များက ကလေးများ၏ ဦးနှောက်ဖွံဖြိုးမှုအတွက် မသင့်လျော်ပါ။
နေနေမိုးဆွေ (Child Health Myanmar
Page)
Pictures- credits to Google
Reference- Royal Children Hospital, Melbourne, Australia
#naynaymoeswe