အဆီကပေးသော ကလေးကျန်းမာရေး
|🌺ဆရာတို့က အဆီအဆိမ့် မစားနဲ့ပြောတယ်။ ပြီးတော့ အဆီက လူအတွက်မရှိမဖြစ် လိုအပ်တယ်လည်းပြောတယ်။ ဘာကိုယုံရမလဲ ဆရာ။ ခုတမျိုး တော်ကြာတမျိုးတော့ မလုပ်နဲ့လေ ဆရာ။
🌺ကျွန်မကလေး အသက် ၁နှစ်ပြည့်ပြီ။ ဆရာဝန်က ဖော်မြူလာတိုက်တာ ရပ်ခိုင်းပြီး နွားနို့စတိုက်တော့လို့ပြော
🌺ကျွန်တော့တို့အိမ်မှာ စားအုန်းဆီမသုံးဘူး။ ကျန်းမာရေးအတွက် မကောင်းဘူးလေ။ ပဲဆီ। နေကြာဆီ ပဲသုံးတယ်။ မိန်းမရေ မနေ့က ကြက်ကြော်ထားတဲ့ ပဲဆီလေး ပြန်သုံးပြီး အာလူးလေး ကြော်ပေးပါဦး။
အဲဒီစကားလေးတွေကို ဖတ်ပြီး ကျွန်တော်ဘာပြောချင်တယ်ဆိုတ
📕အဆီမှတ်စု
———-
အဆီဓာတ်သည် ကျန်းမာရေး। အာဟာရအတွက် မရှိမဖြစ်လိုအပ်သည်။ ဘာကြောင့်လဲ?
➡️လူသား၏ကိုယ်ခန္ဓာတခုလုံးသည် ဆဲလ်ဆိုသော ယူနစ်များဖြင့် ဖွဲ့စည်းထား၏။ ထိုဆဲလ်များ၏ နံရံများကို အဆီများဖြင့် ဖွဲ့စည်းထားသည်။
➡️မရှိမဖြစ်လိုအပ်သော ဗီတာမင် A, D, E, K များကို အူးလမ်းကြောင်းထဲမှ သွေးထဲသို့ စုပ်ယူရန် အဆီဓာတ်လိုအပ်၏။
➡️ကိုယ်ခန္ဓာထဲ၌ အရေးပါသော ဟော်မုန်းများ ထုတ်လုပ်ဖို့ အဆီဓာတ် လိုအပ်သည်။
➡️ကိုယ်ခန္ဓာကြီးထွားဖို့ လိုအပ်သောစွမ်းအင်ကို အဆီဓာတ်က လည်း ပေးသည်။ အထူးသဖြင့် ၂-နှစ်အောက်ကလေးများက ကြီးထွားနှုန်း အမြန်ဆုံး အချိန်ဖြစ်၍ အဆီဓာတ်က ချို့တဲ့လို့မရ။
📗အဆီဓာတ် ဘယ်နှစ်မျိုးရှိသလည်း။ အဆီဓာတ်အမျိုးအစား အားလုံးက ကျန်းမာရေးအတွက် သင့်တော်ပါသလား?
အဓိက ၄-မျိုးရှိသည်။
❇️၁။ ပြည့်ဝဆီ (saturated fat )
-ကျန်းမာရေးအတွက်မကောင်းပါ။
-ရှောင်ပါ။ လျော့ပါ။ အသားဟင်းချက်ရာ၌ အဆီဖတ်တွေထုတ်ပြီးချက်ပါ။ မနှမြောပါနဲ့။ ကလေးများကြိုက်သည့် အစားအစာများတွင် saturated fat များ အရမ်းပါတတ်သည်။ ဥပမာ- ဘီစကစ်। ချောကလက်।ဒိုးနပ်। ဟမ်ဘာဂါ( တခါတလေပဲ ကျွေးပါ) စသဖြင့်။
❇️၂။ မိုနို-မပြည့်ဝဆီ ( monounsaturated fat)
-ကျန်းမာရေးအတွက်ကောင်း၏။ ဥပမာ-ပဲဆီ।canola oil। သံလွင်ဆီ। canola သို့ olive oil ကိုအခြေခံထားသော margarines spread များ
-စားပါ။ ဟင်းချက်ရာ၌ သုံးပါ။
❇️၃။ ပိုလီ-မပြည့်ဝဆီ ( polyunsaturated fat)
ပိုလီ-မပြည့်ဝဆီကို အိုမီဂါ-၃ နှင့် အိုမီဂါ-၆ ( omega-3 and omega-6 )ဟု ထပ်ခွဲသည်။
-ကျန်းမာရေးအတွက်ကောင်းသည်။
❇️၄။ ပုံပြောင်းဆီ ( trans fat )
အပေါ်မှာ ပြောထားတဲ့ အဆီ ၃-ခုသည် မီးပြင်းပြင်းကို အကြာကြီး သော်လည်းကောင်း। ခဏခဏသော်လည်းကောင်း ထိတွေ့လျှင် ပုံပြောင်းဆီ (trans fat) ဆိုပြီး မကောင်းသော အဆီတချို့ ထွက်လာတတ်သည်။ ပြည့်ဝဆီကဲ့သို့ သူလည်းကျန်းမာရေးအတွက် အန္တရာယ်ရှိသည်။ ပွဲဈေးတန်းက ပုစွန်ကြော် စားလို့ကောင်းပါသည်။ လက်ဘက်ရည်ဆိုင်က အီကြာကွေးလည်း အရသာရှိပါသည်။သို့သော် တနေကုန် ဒီဆီနဲ့ပဲ ကြော်နေ। နောက်နေ့လည်း ကြော်ပြီးသားဆီကို ပြန်ကြော်ဆိုရင်တော့ နောက်ပိုင်းစားတဲ့သူတွေအတွက
အဆီတို့သည်စွမ်းအင်ဖြစ်၍ ဘယ်အဆီပဲစားစား ပိုလျှင်တော့ ဝိတ်တက်ပြီး ဗိုက်ရွှဲမှာပေါ့။ ဆရာဝန်တွေက အဆီတွေ အရမ်းမစားနဲ့။ လျော့စားလို့ပဲပြောတာပါ။ မစားနဲ့လို့ မပြောပါဘူး။
📙နွားနို့က ဘာလဲ। ဘယ်လဲ?
နွားနို့သည် အာဟာရအရမ်းရှိသော စားသောက်ကုန်ဖြစ်သည်။ အဆီဓာတ်လည်းပါ၏။ အသားဓာတ်လည်းပါ၏။ ကဆီဓာတ်လည်းပါသည်။ ကယ်လစီယမ်လည်း ကြွယ်ဝ၏။ သို့သော် သူ့မှာပါတဲ့ အဆီဓာတ်က အထက်မှာ ဖော်ပြထားသော ၁।၂।၃ အဆီအားလုံးပါ၏။ နံပါတ်(၁)က အများဆုံးပါ၏။အဲဒီတော့ ၁ ပါတာကို မကြိုက်၍ ပြုပြင်ကြသောအခါ အဆီလျော့ထားသော low fat milk နှင့် အဆီထုတ်ထားသော skim milk ဆိုပြီးပေါ်လာတော့သည်။ အဆီကိုပဲပြောင်းထားခြင်းဖြစ
မေတ္တာဖြင့်
စိုးမိုးကျော်( Child Health Myanmar Page)
Ref: NSW health, Australia
Photos: Google
www.childhealthmyanmar.com