ခေတ်မီမေမေဟု ဆိုရာဝယ်

သားသမီးရလာတဲ့အခါ ကိုယ့်သားသမီးကို သေချာစောင့်ရှောက်နိုင်ဖို့၊ အယူအဆအလွဲတွေကိုရှောင်နိုင်ဖို့ မေမေတွေကို စာများများဖတ်၊ ဗဟုသုတတွေများများရအောင်လုပ်ဖို့ Senior မေမေတွေတိုက်တွန်းနေတာကို အမြဲတွေ့နေမြင်နေကြပါ။

ကိုယ်ကိုယ်တိုင်လည်း သားသားရပြီးမှ Parenting လုပ်နေတဲ့မေမေတွေ ရေးတာတွေဖတ်၊ တကယ့်အကျိုးဖြစ်စေမယ့် Website တွေ Page တွေကိုကြည့်၊ ကလေးအထူးကုတွေရဲ့အကြံပြုစကားတွေနားထောင်….. အို အစုံအစုံပါပဲ။

ဟိုတနေ့က group တစ်ခုမှာ မေးတဲ့သူကမေးတယ် ဖြေတဲ့သူတွေကဖြေတယ်။ ကလေးပါးစပ်မှာ အဖြူဖတ်ကလေးတွေတွေ့လို့ ဘာလုပ်ရမလဲပေါ့။ တကယ်နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ဆီသွားဖို့ပြောပြကြသလို တချို့ကဖြေကြတယ်။

ကလေးရဲ့သေးနဲ့ လျှာကိုပွတ်ပေးရတယ်။ ပိုးဟပ်ချေးကျွေးရတယ်။ ကျားရိုးသွေးခွံ့ရတယ်ဆိုလားပဲ ။

ဒါတွေက ကိုယ်တွေငယ်ငယ်ကတည်းက ကြားဖူးနေတော့ အဆန်းမဟုတ်ပေမယ့် တကယ်လုပ်ပြီးပျောက်ပါတယ် လုပ်ကြည့်ဖို့တိုက်တွန်းနေတဲ့ comment တွေတွေ့တော့ အရမ်းအံ့ဩသွားတယ်။ တကယ်နားမလည်တာလား ။ အဟုတ်ထင်ပြီးလိုက်လုပ်နေကြတဲ့မေမေတွေ ဘယ်လောက်များနေပြီလဲ။ အဲ့လိုအလုပ်ခံနေရတဲ့ ဘာမှမသိနားမလည်တဲ့ ကလေးလေးတွေဘယ်နှယောက်ရှိနေပြီလဲ။ (ဘာလို့ အဲ့လိုမလုပ်သင့်တာလဲ? ဘာလို့အဖြူဖတ်လေးတွေဖြစ်တာလဲ? အဲ့လိုလုပ်ခြင်းအားဖြင့် ဘယ်လိုဆိုးကျိုးတွေရှိလဲဆိုတာ နားလည်တတ်သိတဲ့ဆရာဝန်ကြီးတွေရဲ့အဖြေလေးတွေကို နောက်ထပ် ဝေမျှပေးပါဦးမယ်) အခုတော့ စာရှည်နေမှုာစိုးလို့။

အင်တာနက်သုံး ဟိုစာလေးဖတ် ဒီစာလေးဖတ်ရုံနဲ့ ခေတ်မီတဲ့မေမေတွေဖြစ်နေပြီလို့ မထင်လိုက်ပါနဲ့။ ခေတ်မီတဲ့မေမေထက် ခေတ်နဲ့အညီ စဉ်းစားဆင်ခြင်တွေးခေါ်နိုင်တဲ့မေမေတွေဖြစ်အောင် ကြိုးစားရအောင်လားရှင်။