ကင်ဆာရောဂါနှင့် ခရစ်စမတ်နေ့က ဆုံးပါးသွားသော ၁၅ လ သမီးလေးမိခင်၏ facebook လူမှု ကွန်ယက်ပေါ်က ရင်နင့်စေသော အမှာစကား

Cancer

       အသက် ၂၃ နှစ်ရှိတဲ့ Kirsten Hawksey ဟာ သူမ ခန္ဓာမှာ သွေချေဥအကွက် များဖြစ်လာခြင်းများကို တွေ့ ရှိခဲ့ပြီး google မှာ အကြောင်းရင်းကို ရှာဖွေကာ ကင်ဆာရောဂါ လက္ခဏာ ဖြစ်သည်ဟု သိရှိခဲ့သော်လည်း ပထမတော့ ရယ်စရာလို့ ထင်မိခဲ့သူပါ။ ရယ်မောပြီးတော့ မိသားစုဝင်များကို ပြောကြားခဲ့ပါသည်။
       ဒါပေမယ့်လည်း တစ်လ အကြာမှာတော့ သူ့ရောဂါဟာ သွေးကင်ဆာအဖြစ် ပြောင်းလဲသွားခဲ့ပါသည်။ သူမက အစပိုင်းတွင်
ရောဂါကို ပေါ့ဆခဲ့သော်လည်း မိသားစုများ သူငယ်ချင်းများ၏ ဂရုစိုက်မှုကြောင့် သေသေချာချာ ဓါတ်ခွဲ စမ်းသပ်ခံခဲ့ပြီး သူမ အခြေအနေ မှန်ကို သိခဲ့ရပါသည်။ သူမရဲ့ လူမှု ကွန်ယက်စာမျက်နှာတွင် ဒီဇင်ဘာ ၂၃ ၇က်နေ့က သူမ ဓါတ်ကင်ကုသခြင်းကို
ဆောင်ရွက်နေရစဉ်အတွင်း ၀ိုင်းဝန်းကူညီအားပေးကြသော မိတ်ဆွေများ မိသားစုများကို ကျေးဇူးတင်ကြောင်း ပြောထားပါသည်။
       ထို့ ပြင် သူမအတွက် ငိုကြွေး ၀မ်းနည်းစေလိုသော စာနာသနားစေလိုသော ရည်ရွယ်ချက် ဖြင့် ယခုလို public post ကိုတင်ခြင်း မဟုတ်ကြောင်း  ဘယ်သူမှ ကျန်းမာရေးတစ်စုံ တစ်ရာ ချွတ်ယွင်းမှု ဖြစ်ပွားလာပါက ပေါ့ဆမနေပဲ အသေအချာ စစ်ဆေးမှု ခံယူသင့်ကြောင်း  သင့်ကြောင်း သူမသည် လွန်စွာ ဆရာဝန် ကုသမှု ခံယူရန် ခက်ခဲသောသူ ဖြစ်သော်လည်း
ဝိုင်းဝန်းတိုက်တွန်းမှု များကြောင့်သာ စစ်ဆေးမှု ခံယူမိလိုက်ခြင်းဖြစ်ပြီး ယခုလို မိသားစု မိတ်တွေ သူငယ်ချင်းများ ရှိခြင်းဟာ သူမရဲ့ 
ကံဆိုးမှု များထဲမှ ကံကောင်းမှု တစ်ဖြစ်ကြောင်းကို သူမ၏ နောက်ဆုံး နေရဲ့ရသတ္တပတ် ဖြစ်လို့  ပြောကြားသွားချင်ကြောင်း ဆိုထားသည်။
       သူမှာသည် အမှာ Post ကို လူမှု ကွန်ယက်ပေါ်တင်ပြီးနောက် ၃ ရက် အရာမှာ အသက်ဆုံးရှုံး သွားခဲ့ပါ သည်။ ကြေကွဲဝမ်းနည်းနေသော အသက် ၃၉ နှစ် အရွယ် သူမ ဖခင် Neil မှလည်း သမီးဟာ အလွန်စိတ်ဓါတ် ကြံ့ခိုင်သော အမျိုးသမီးဖြစ်ပြီး မြေးဖြစ်သူ ၁၅လ သမီးလေး အတွက် ကင်ဆာရောဂါကို နောက်ဆုံး အချိန်အထိ ခိုင်မာသောစိတ်ဓါတ်ဖြင့် ကြံ့ကြံ့ခံသွားသူ ဖြစ်ကြောင်း၊ သမီး၏ နောက်ဆုံး အသိပေးနှိုးဆော်ချင်သော ဆန္ဒဖြင့် အမှာစကားသည် လူအများကို ကျန်းမာရေး အတွက် မပေါ့ဆသင့်ပဲ အမြဲ သတိပြုမိကြစေလိုသော ဆန္ဒ ဖြစ်ပါကြောင်း သတင်းဌာနကို ပြောကြားပါသည်။
Credit: www.ibtimes.co.uk