ကိုယ်ဝန်မဆောင်ခင်မှာ ဖောလစ်အက်ဆစ် ကြိုသောက်သင့်လား

ကိုယ်ဝန်မဆောင်ခင်မှာ ဖောလစ်အက်ဆစ် ကြိုသောက်လေ့ ရှိပါတယ်။ တချို့တွေကလည်း ကြိုမသောက်ကြဘဲ ကိုယ်ဝန် စရှိတယ်လို့ သိမှ စသောက်ကြပါတယ်

တချို့တွေကတော့ ကိုယ်ဝန်မဆောင်ခင်မှာ ဖောလစ်အက်ဆစ် ကြိုသောက်လေ့ ရှိပါတယ်။ တချို့တွေကလည်း ကြိုမသောက်ကြဘဲ ကိုယ်ဝန် စရှိတယ်လို့ သိမှ စသောက်ကြပါတယ်။ ဖောလစ်အက်ဆစ် ကြိုသောက်လို့ ရပါတယ်။ အဓိက အားဖြင့်တော့ သားအိမ်အားကောင်းဖို့ အဓိက ထားရမှာပါ။

မေမေလောင်းလေး ဖြစ်ချင်ရင်တော့ ဖောလစ်အက်ဆစ်က ကြိုတင် သောက်ရပါမယ်နော်။ ကိုယ်ဝန် ယူဖို့ ပြင်ဆင်ပြီဆိုတာနဲ့ ဖောလစ်အက်ဆစ်ကို မေ့ထားလို့ မရဘူးနော်။ ကိုယ့်မှာ တခြားရောဂါတွေ ရှိရင်တော့ ဖောလစ်အက်ဆစ် သောက်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ နောက်တစ်ခုကတော့ ကိုယ်ဝန်မယူခင်မှာ ဖောလစ်အက်ဆစ် (၄၀၀) မိုက်ခရိုဂရမ်လောက် သောက်သင့်ပါတယ်။ ဒါက ကိုယ်ဝန်ရပြီး (၃) လ လောက်တဲ့အထိ ဆက်သောက်နိုင်ပါတယ်။

ဖောလစ်အက်ဆစ်ဟာ ကိုယ်ဝန် လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ရရှိစေဖို့ အထောက်အကူ ပေးပါတယ်။ ဖြစ်တည်လာမယ့် သန္ဓေသားလေးရဲ့ သွေးကြောတွေနဲ့ ဦးနှောက်တွေကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ဖောလစ်အက်ဆစ်က ကလိုကို လိုအပ်ပါတယ်။

မေမေလောင်းတို့ရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုတဲ့ ဗီတာမင်တွေထဲမှာ ဖောလစ်အက်ဆစ် ပါဝင်ပါတယ်။ ဗီတာမင် B9 ရဲ့ စွမ်းအားသတ္တိပေးတာမို့ မေမေတို့အတွက် အရမ်းကို အဆင်ပြေစေပါတယ်။ နောက်တစ်ခုက ဟော်မုန်း မညီမျှတာတွေကို ချိန်ညှိပေးတာမို့ ကိုယ်ဝန် မရမှာနဲ့ သားအိမ်အားမကောင်းမှာတွေကို လုံးဝ ပူစရာ မလိုပါဘူးနော်။

ဒါကြောင့် မေမေလောင်းဖြစ်ချင်သူတွေအနေနဲ့ ဖောလစ်အက်ဆစ် ကြိုသောက်သင့်ပြီး လိုအပ်တဲ့ စွမ်းအင်တွေ ရယူဖို့ အရေးကြီးတယ်နော်။ ကြိုတင်ပြင်ဆင်စရာတွေထဲ မမေ့နဲ့နော်။