ကလေး နို့တိုက်ခြင်းဖြင့် နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ကာကွယ်နိုင်

ဆေးလိပ်သောက်တာ၊ ဆီးချိုရောဂါရှိတာနဲ့ သွေးတိုးရောဂါရှိတာတွေလို ရှိနေခဲ့ရင်တောင် ကလေးကို နို့ပိုတိုက်လေလေ၊ အကျိုးကျေးဇူးရှိလေလေ လို့ဆိုပါတယ်။

ဒီတခါတော့ သတင်းကောင်းလေးတစ်ခုပြောပြချင်ပါတယ်။ မိခင်နို့တိုက်တာဟာ ကလေးလေးရဲ့ ကျန်းမာရေးအတွက်သာမက မေမေတို့အတွက်ကောင်းကျိုးတွေလည်း အများကြီးပါနော်။ လေ့လာမှုတွေအရဆိုရင် မိခင်နို့တိုက်ကျွေးတဲ့ မေမေတွေမှာ နှလုံးရောဂါနဲ့ လေဖြတ်ဖို့ ဖြစ်နိုင်ခြေလျော့နည်းတယ်လို့ ဆိုပါတယ်။

အရင်က လေ့လာမှုတွေအရဆိုရင် မိခင်နို့တိုက်တဲ့အတွက် ရေတိုးသွေးပေါင်ကျတာ၊ ကိုလက်စထရောလျော့နည်းတာ ၊ ကိုယ်အလေးချိန်လျော့လာတာ စတာတွေကို ဖြစ်ပေါ်စေတာဖြစ်ပြီး ဒီလို ဖြစ်ပေါ်တာတွေဟာ နှလုံးသွေးကြောကျန်းမာရေးအတွက် အကျိုးရှိစေနိုင်ပါတယ်။

ဆေးလိပ်သောက်တာ၊ ဆီးချိုရောဂါရှိတာနဲ့ သွေးတိုးရောဂါရှိတာတွေလို ရှိနေခဲ့ရင်တောင် ကလေးကို နို့ပိုတိုက်လေလေ၊ အကျိုးကျေးဇူးရှိလေလေ လို့ဆိုပါတယ်။

အမျိုးသမီးတစ်ဦးရဲ့ ဇီဝဖြစ်ပျက်မှုတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ သိသိသာသာပြောင်းလဲသွားပြီး ကလေးမွေးပြီးတာနဲ့ နို့ချိုတိုက်နိုင်အောင် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အဆီတွေကို သိုလှောင်ထားရပါတယ်တဲ့။ နို့တိုက်တာကြောင့် ဒီအဆီတွေကို လျှင်လျှင်မြန်မြန်နဲ့ ပြည့်ပြည့်စုံစုံ ရှင်းထုတ်နိုင်တယ်လို့လည်း သုတေသီတွေက ဆိုကြပါတယ်။

Credit: Kalay