သား၊ သမီးတိုင်း ဖတ်​ဖို့ ♡ အ​ဖေ ♡တဲ့ ————————————–

အဖေ တဲ့
စာလုံးပေါင်းရ လွယ်ကူပါတယ်
ဒါပေမဲ့ တန်ဖိုးမဖြတ်နိုင်ဘူး
အဓိပ္ပါယ် အရမ်းလေးနက်တာပဲ
ရိုးသားသူစာရင်းဝင်တစ်ယောက်ပါ
အနန္တဂိုဏ်ဝင်တစ်ယောက်လေ
တာဝန်တစ်ခုကို ရင်မှာ ပိုက်ထားသည်
အလွန်ကြီးသော် အထုပ်ကြီးတစ်ထုပ်ကို
ပုခုံးပေါ်တင်နေရသူပဲလေ
မိသားစုအတွက်ဆိုရင် ဦးဆောင်ရဲသည့်သတ္တိအပြည်
ရှိနေခဲ့သူပါ
သား၊ သမီးတိုင်းအပေါ် ထားသည့်မေတ္တာကို
ရင်မှာပဲ သိမ်းထားပြီး ထုတ်မပြတတ်သည့်လူစားမျိုးပါ
သွန်သင်ဆုံးမမှုပြတ်သားပေမဲ့ အလိုလိုက်မှုကလည်းပဲ
တစ်ပါးသူတွေထက် အဆပေါင်းများစွာ သာ၏
လောကကြီးထဲမှာ ရှိသမျှ သား၊ သမီးတိုင်းအတွက်
လမ်းပြကြယ်ဆိုလည်း မမှားပါဘူး
သူ့နှလုံးသားက အရမ်းဖြူစင်တယ်

တကယ်ပါ အဖေဆိုတာ ဘုရားတစ်ဆူပါပဲ
ယုံကြည်အသက်ဝင် ကိုးကွယ်ဆည်းပူးထိုက်သည်
အဖေ့ရဲ့ မေတ္တာရေ ဘယ်မှာခန်းမည်လဲ
မြင်းမိုရ်တောင်ထက် အဆပေါင်းများစွာ မြင့်၏
တောင်းကျရေပမာ အလွန်အေးမြ၏
ယူဇနာတွေ ရေတွက်မရပါ

ကျေးဇူးကြီးမာလှသည့် ကမ္ဘာကြီးပေါ် လူသားတစ်ဦးလေ
သူဟာ လမ်းပြကြယ်ဓူဝံအစစ်
သူဟာ နေမင်းကြီးပမာ အလင်းရောင် ပေးစွမ်း၏
သူဟာ သား၊ သမီးအတွက် ရင်သားဖြင့် ထွေ့ပိုက်ပြီး
ကျောသားနှင့် ရုန်းကန်ရှာဖွေကျွေးမွေးနေသူပါ
သူ့နှလုံးသားမှာ တန်ပြန်မှုမရှိ ပေးဆပ်ခြင်းသက်သက်နှင်
သား၊ သမီးတွေအနာဂတ်ကို ဆေးခြယ်ပေးသူပါ

ဒီကမ္ဘာမှာ ရှိသမျှ သား၊ သမီးတိုင်း
သား၊ သမီးတိုင်း အဖေ့ရဲ့ ချွေးတစ်စက်ဖိုး
ကျေပွန်နိုင်ကြပါစေ
ဒီစာလေးရေးရင် ကျွန်တော်ရဲ့
အဖေ တဲ့ဆိုသည့် စာနွယ်လေးတစ်ပုဒ်နဲ့
တစ်လောကကြီး တစ်ခုလုံးကို
ပြောပြရေးဖွဲ့လိုက်ပါသည်….. ………. ………..။ ။

Credit>>> နွေမိုးသား

အဖေကို ချစ်ကြသူတိုင်း ခံစားမိကြပါစေ…………..