Salt ကလေးတွေနဲ့ဆား လူကြီးတွေနဲ့ဆား
|ကလေးနဲ့ ဆား
ထမင်းဆီဆမ်းဆားဖြူးကို ကလေးတွေကျွေးလေ့ရှိတယ်။ ဆန်ကနေရတာ။ ဆီကနေရတာနဲ့ ဆားကနေရတဲ့ အာဟာရဓါတ်တွေရပါမယ်။ အဲတာသာကျွေးရင်တော့ ပရိုတင်းမရပါ။ အသီးအရွက်တွေကရမဲ့ ဗီတာမင်နဲ့ တခြားဓါတ်ဆားတွေ မရပါ။ ဆားမပါရင် ဆားဓါတ်မရနိုင်ပါ။
လူတွေရေသောက်ရတယ်။ ရေတမျိုးတည်းနဲ့ သွေးထဲမဝင်နိုင်ပါ။ ဆဲလ်တွေ၊ တစ်ရှူးတွေထဲမဝင်နိုင်ပါ။ ရေနဲ့အတူ အလွန်တိကျတဲ့အချိုးအဆနဲ့ ဆိုဒီယမ်ကလိုရိုက်ခေါ် ဆားကိုပါ စုပ်ယူနိုင်ပါတယ်။ ဝ့၉% ပါရတယ်။ ဆေးထိုးတဲ့ မိုးရေခေါ်တာထဲမှာ ဆားမပါလို့ များများထိုးမရ သွင်းမရပါ။ သွင်းမိရင် ဒုက္ခရောက်ပါမယ်။
ကလေးတွေ နှာရည်ယိုတဲ့အခါ နှာခေါင်းထဲကို Nasal spary ဆားရည်ထည့်ပေးရတယ်။
ဆားမပါတဲ့ဟင်းဆိုပြီး ပေါ့ပျက်ပျက်နိုင်တာကို တင်စားပြောကြပါတယ်။ ပြည်ပန်းညို ချိုချင်ပါလျှက် ဆားတပွင့်ကြောင့်ပျက်လို့လဲ
လူကြီးတွေနဲ့ ဆား
ဆားကို ဆရာဝန်တွေက သတိပေးနေရပါတယ်။ BP သွေးဖိအားတိုင်းရင် အထက်ဂဏန်း ၁၄ဝ ကျော်နေပါသလား။ အောက်ဂဏန်း ၉ဝ ကျော်နေပါသလား။ ကျော်နေသူတိုင်း ဆားကိုဂရုစိုက်နေရပါတော့မယ်
ဆားဘယ်လောက်နည်းရမလဲ
ဆိုဒီယမ် တနေ့မှာ ၁၅ဝဝ မီလီဂရမ်ထက် မများပါစေနဲ့။ ဆိုဒီယမ်က ငန်တာမှန်သမျှမှာ ပါတယ်။ သူများနိုင်ငံတွေမှာ ပြုပြင်ပြီးအထားခံအောင်လုပ်
လူတွေနဲ့ ဆား
လူတွေအတွက် အာဟာရဓါတ် ၇ မျိုးရှိတယ်။
၁။ ကာဗွန်ဟိုက်ဒရိတ်၊
၂။ ပရိုတင်း၊
၃။ အဆီ၊
၎။ ဗီတာမင်တွေ၊
၅။ ဓါတ်ဆားတွေ၊
၆။ ဖိုင်ဗာ နဲ့
၇။ ရေ။
အလုပ်အကိုင်နဲ့ ဆား
ရာသီဥတု ပူလွန်းရင် ရေပိုလိုတယ်။ ရေဆိုတာ အချိုးအစားမျှတတဲ့ ဆိုဒီယမ်ကလိုက်ရိုက်ခေါ် ဆားပါမှသာ ဆဲလ်ခေါ် ကလပ်စည်းလေးတွေထဲ ဝင်နိုင်တယ်။ ဥပမာ ဝမ်းလျှောသူတွေ ဓါတ်ဆားရေသောက်ရတယ်။ ရေတခုတည်းတော့ အသုံးမကျပါ။ ကိုယ်ထဲကအရည်မှန်သမျှမှာ ဆား ဝ့၉% အတိအကျရှိရတယ်။ သွေးမှာလည်း အတူရှိတယ်။
လူ့ကိုယ်ခန္ဓာထဲမှာ ဆိုဒီယမ်ကလိုရိုက်ဆားပါတယ်။
ရာသီဥတု ပူးပြင်တဲ့နေရာမှာ နေသူတွေမှာ ရေဓါတ် ဆားဓါတ်နည်းစေတယ်။ အရေပြား အပူလောင်မယ်။ Heat stroke အပူလှိုင်းရိုက်ခံရမယ်။ ကိုယ်ခန္ဓာကနေ ရေနည်းတိုင်း ပိုတင်စီယမ်နဲ့ ဆိုဒီယမ်ဓါတ်တွေပါ လိုက်နည်းတယ်။ စိတ်မကြည်လင်တာ၊ မလှုတ်ချင်-မကိုင်ချင်ဖြစ်မယ
တိရစ္ဆာန်တွေနဲ့ ဆား
တိရစ္ဆာန်တွေဟာ ရေကြည်ရာ မြက်နုရာရှာတယ်လို့သာပြောလေ
Salt lick (Mineral lick) ဆိုတာ တိရစ္ဆာန်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ဆား (ဓါတ်ဆား) တွေလိုက်ရှာပြီး လျှာနဲ့ လျှက်ကြရတဲ့နေရာကို ခေါ်ပါတယ်။ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ သံဓါတ်၊ ဖေါ့စ်ဖါးရပ်စ်၊ သွပ်ဓါတ် စတဲ့ ဓါတ်ဆားတွေ လိုအပ်ပါတယ်။ အရိုးတွေ၊ ကြွက်သားတွေနဲ့ ဖွံ့ထွားမှုအတွက် အဲတာတွေကမရှိမဖြစ်ပါ။ တိရစ္ဆာန်တွေဟာ အဲတာတွေ ဘယ်မှာရမလဲ သိကြတယ်။ ခြံမွေးတိရစ္ဆာန်တွေအတွက်တော
Credit: ဆရာတင့်ဆွေ