ပုံမှန်ထက် ကိုယ်အလေးချိန်များခြင်းဟာ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း သွေးပေါင်ချိန်နဲ့ ဆီးချို မြင့်တက်နိုင်စေသည့် အပြင် ကိုယ်ဝန်ဆောင်စဉ်ကာလမှာလည်း အခက်အခဲများ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါပေမယ့် သကြားဓာတ်တွေပါဝင်တဲ့ အစားအသောက်တွေကိုလျော့ချတာပြဿနာ မရှိပေမယ့် အာဟာရဖြစ်စေမယ့် အစားအသောက်တွေကိုတော့ အချိုးညီညီစားသောက်ပေးသင့်ပါတယ်။
နောက်ပြီး ကိုယ်ဝန်ရလာတဲ့အခါ ကိုယ်အလေးချိန်များတာနဲ့ နည်းလွန်းတာဟာ ကိုယ်ဝန်ကို ထိခိုက်စေနိုင်တာကြောင့် သင့်တင့်တဲ့ ကိုယ်အလေးချိန်ရရှိအောင် လုပ်ဆောင်ထားသင့်ပါတယ်။ မှန်ကန်တဲ့ ကိုယ်အလေးချိန်ရရှိစေဖို့အတွက် ဆရာဝန်နဲ့တွေ့ဆုံပြီး အကြံဉာဏ်ယူနိုင်ပါတယ်။ အာဟာရတန်ဖိုးလည်း မလျော့၊ ကိုယ်အလေးချိန်လည်း ကျဆင်းစေဖို့ စားသောက်မှုပုံစံကတော့ ပြောင်းကိုပြောင်းရမှာပါ။ နောက်ပြီး ကိုယ်အလေးချိန်လျော့ကျစေဖို့ အချိန်နဲ့ နည်းစနစ်ကျကျလုပ်ဆောင်နိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာတဲ့ မိခင်လောင်းတစ်ယောက်အဖြစ် အကျိုးဖြစ်ထွန်းစေမှာပါ။
Credit: Kalay