ကိုယ်ဝန်ဆောင်ချိန် မအီမသာဖြစ်ခြင်းကို သက်သာစေမယ့် အထိရောက်ဆုံး နည်းလမ်း (၁၆) ချက်
|နည်းနည်းပဲဖြစ်ရင် မိခင်တွေက သည်းခံလို့ရပေမယ့် ဆိုးလာခဲ့ရင် ဘာတွေလုပ်သင့်လဲဆိုတာ Kalay ကမျှဝေပေးချင်ပါတယ်။
အဆာမခံပါနဲ့
အီမသာ ဖြစ်နေလို့ ဘာမှစားချင်စိတ်မရှိဘူးလား။ မစားဘဲနေပါနဲ့ မေမေတို့ရေ။ တကယ်တော့ ဗိုက်ထဲမှာ အစာမရှိတာက ရေရှည်မှာ အန်တာကို ပိုဆိုးစေပါလိမ့်မယ်။ အဲဒါကြောင့် နေ့တိုင်း ၃-၄ နာရီ တစ်ခါ အစာစားသင့်ပါတယ်။
နိုးနိုးချင်း အစာစားပါ
မနက် မျက်လုံးဖွင့်ဖွင့်ချင်း ဘီစကွတ် ဒါမှမဟုတ် ကောက်နှံစာ နည်းနည်းစားလိုက်တာက မအီမသာ ဖြစ်တာကို နည်းစေပါတယ်။ ညဘက်အကြာကြီး အိပ်ပြီးတဲ့အခါ အစာအိမ်က ဗလာဖြစ်နေပြီး အစာနဲ့ပြန် အားဖြည့်ဖို့ လိုပါတယ်။
မှန်ကန်တဲ့ အစားအစာကို ရွေးချယ်ပါ
အသီးအရွက်တွေ၊ ဒိန်ချဉ်၊ မပူတဲ့အစာတွေ၊ အအေးစာတွေက အပူစာတွေစားတာထက် မအီမသာဖြစ်တတ် တဲ့ မိခင်တွေအတွက် ပိုကောင်းပါတယ်။ ပူတဲ့အခါ အစားအစာရဲ့ အနံ့ကို လွယ်လွယ်ရနိုင်လို့ မိခင်တွေက ပိုပြီး မအီမသာ ဖြစ်စေပါတယ်။
ရေလုံလုံလောက်လောက်သောက်ပါ
ခန္ဓာကိုယ်ရဲ့ပုံမှန် လှုပ်ရှားမှုတွေကို ထိန်းသိမ်းတာအပြင် ကိုယ်ဝန်ဆောင်စဉ် ရေများများသောက်တာက မအီမသာဖြစ်တာကို သိသိသာသာ လျှော့ကျစေပါတယ်။ ရေတစ်ခုထဲမဟုတ်ဘဲ နွားနို့၊ ဖျော်ရည်နဲ့ အုန်းနို့ တွေကိုလည်း သောက်နိုင်ပါတယ်။
မအိပ်ခင် အဆာပြေမုန့်စားပါ
ကောက်နှံစာ၊ အသီးတွေနဲ့ ဒိန်ချဉ်ပါတဲ့ အစားအစာတွေ နည်းနည်းစားပေးတာက ပရိုတင်းဓာတ်နဲ့ စွမ်းအင် ရအောင် ကူညီပေးနိုင်တဲ့အပြင် မအီမသာဖြစ်တာကိုလည်း သိသိသာသာ လျှော့ကျစေပါတယ်။
အသီးအနှံတွေ အသင့်ထားထားပါ
လိမ္မော်သီး၊ ငှက်ပျောသီးစတဲ့ အသီးတွေကို သွားလေရာ ခဏခဏ သယ်သွားတာက ကိုယ်ဝန်ဆောင်စဉ် မိခင် တွေအတွက် မအီမသာဖြစ်တာကို လျှော့ကျစေပါတယ်။
ဗီတာမင် B6 ဖြည့်စွက်စာ
လေ့လာတွေ့ရှိချက်တွေက ဗီတာမင်တွေထဲမှာ ဗီတာမင် B6 က ကိုယ်ဝန်ဆောင်စဉ် မအီမသာ ဖြစ်တာကို လျှော့ကျစေပါတယ်။ ဒါကြောင့် ဗီတာမင် ကြွယ်ဝတဲ့ အသီးအနှံတွေ များများစားပေးပါ မေမေတို့ရေ။
ဂျင်း
မအီမသာ ဖြစ်တာကို ကုသရာမှာ ထိရောက်တယ်လို့ နာမည်ကြီးတဲ့ ဂျင်းက အနာသက်သာစေပြီး ၀မ်းချုပ် တာကို တိုက်ဖျက်နိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။ ဂျင်းလက်ဖက်ရည် ဒါမှ ရေနွေးတစ်ခွက်ထဲကို ဂျင်းနည်းနည်း လောက် ထည့်ပြီး သောက်လို့ရပါတယ်။ တကယ်ကို အစွမ်းထက်တဲ့ ဆေးတစ်မျိုးပါ။
ပရုတ်ဆီ
ပရုတ်နံ့ ပါတဲ့လက်ကိုင်ပ၀ါ ဒါမှမဟုတ်ပူရှိန်း-ပူဒီနာ အဆီလိမ်းထားတဲ့ လက်ကိုင်ပ၀ါကို မူးဝေအော့အန်တဲ့ အချိန်တိုင်း ရှုဖို့ဆောင်ထားပါ။
အပူ အစပ် အဆီတွေလျှော့ပါ
အစာမကြေတာ၊ အစာအိမ်အခဉ်ပေါက်တာတွေ ဖြစ်စေတတ်တဲ့အတွက် အပူ၊ အစပ် နဲ့အဆီများတဲ့ အစားအစာတွေက ကိုယ်ဝန်သည်အမျိုးသမီတွေ အန်တာကို ပိုဆိုးစေနိုင်ပါတယ်။
မူးဝေခြင်း
မူးဝေ အော့အန်ချင်တဲ့ အခါတိုင်း အာရုံကြောစနစ်ကို ချောမွေ့စေဖို့ အသက်ပြင်းပြင်း ရှုထုတ်တာမျိုး ကြိုးစားသင့်ပါတယ်။ ပြီးရင် ညာဘက်လက်နဲ့ ညာဘက်နှာခေါင်းကိုပိတ်ပြီး ဖြည်းဖြည်းအသက်ရှုပါ။ သင်မူးပြီး မအီမသာဖြစ်တာက အသက်ရှုရင်း ပျောက်သွားပါလိမ့်မယ်။
နေ့တိုင်းနေ့လည်ခင်း တစ်ရေးအိပ်ပါ
၁၅-၃၀ မိနစ်လောက်ပဲကြာပေမယ့် နေ့လည်တရေးတမော အိပ်တာက မိခင်တွေ အားလုံးကို ပင်ပန်းတာ ဖြေဖျောက်ပေးပြီး အားအင်ပြန်ဖြည့်တင်း ပေးပါတယ်။
အနံ့ပြင်းတဲ့အရာတွေ အားလုံးကိုဖယ်ထုတ်ပါ
တချို့ မိခင်တွေက အနံ့ပြင်းပြင်းတစ်ခုရရင် မအီမသာခံစား ရတတ်ပါတယ်။ ကိုယ်ဟာလည်း အဲဒီလိုပဲဆိုရင် ဘာကဖြစ်စေတာလဲဆိုတာ လေ့လာပြီး အဲဒီလိုဖြစ်စေတဲ့ အရာတွေအားလုံးကို ရှင်းထုတ်ပစ်ပါ။
ဂတ်စ်ပါသော အချိုရည်များ
တားမြစ်ထားတဲ့ စာရင်းမှာပါပေမယ့်လည်း ကိုယ်ဝန် ပထမလေးလပတ်မှာ ဂတ်စ်ပါတဲ့ အချိုရည်တချို့ သောက် ပေးတာက မူးဝေ အော့အန်တာကို လျှော့ချပေးနိုင်ပါတယ်။ အအေးကို ခွက်ထဲမှာ ဂျင်းနည်းနည်းထည့်ပြီး နွေးအောင်ထားကာ သောက်ပေးတာက မအီမသာဖြစ်တာကို သိသိသာသာ လျော့ကျစေပါတယ်။
ခရမ်းချဉ်သီးအနှစ်
အက်ဆစ်ပါဝင်မှုများတာကြောင့် ခရမ်းချဉ်သီးအနှစ်က မအီမသာ ခံစားနေရတဲ့ ကိုယ်ဝန်သည်မိခင်တွေ အတွက်အထူး ကောင်းမွန်ပါတယ်။ ခရမ်းချဉ်သီး ဖျော်ရည်သောက်တာ အပြင် ခရမ်းချဉ်သီးအနှစ်ကို စားရင် လည်း ရပါတယ်။
လိမ္မော်သီးဖျော်ရည်
ဗီတာမင်စီနဲ့ ကယ်လစီယမ်အများကြီး ပါဝင်တာအပြင် ၀မ်းဗိုက်ကိုလည်း ရှင်းပေးကာ မူးဝေအော့အန်တာ ကိုလည်း လျှော့ချပေးပါတယ်။ ဒါပေမယ့် တစ်ခုခုစားထားပြီးမှပဲ လိမ္မော်သီးဖျော်ရည်ကို သောက်သင့်ပါတယ်။