ကိုယ်ဝန်(၇) လရှိပြီဖြစ်တဲ့ မေမေတွေ သိသင့်တဲ့အရာများ

မေမေလောင်းတို့ရေ ကိုယ်ဝန်လွယ်ထားရတာ (၇) လ ရှိလာပြီမလား။ ဒါဆိုရင် နောက်(၂) လကြာတဲ့အခါ သားသားမီးမီးလေးတွေကို မွေးရတော့မယ်နော်။

မေမေလောင်းလေးတို့ ကိုယ်ဝန်လွယ်ထားရတာ (၇) လ ရှိလာပြီမလား။ ဒါဆိုရင် နောက်(၂) လဆို သားသားမီးမီးလေးတွေကို မွေးရတော့မယ်နော်။ သားသားမီးမီးလေးတွေ မွေးတဲ့အခါ အားလုံး အဆင်ပြေချောမွေ့စေဖို့ ကျန်းမာရေး ဘယ်လို ကောင်းအောင် နေမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

(၇) လရှိပြီဆိုတော့ သားလေးလား၊ သမီးလေးလား၊ အမြွှာလေးလားဆိုတာ သိရှိထားပြီး ဖြစ်မှာပါ။ ကိုယ်ဝန်ဆောင်ချိန် (၇)လမှာ မေမေလောင်းတို့ ဗိုက်အပြင် ခြေချင်းဝတ်တွေ၊ ခြေထောက်တွေ ဖောယောင်လာတာတွေ ရှိလာနိုင်ပါတယ်။ ဒီလိုဖြစ်တာ ဆိုးမယ်ဆိုရင် ဖိနပ်စီးလို့ မရတဲ့အထိ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ ယောင်ရမ်းတတ်ပါတယ်။ ရာသီဥတု အရမ်းပူရင်၊ အထိုင်များရင် ပိုဆိုးပါတယ်။

ညဘက် အိပ်လိုက်ပြီး မနက် သက်သာနေတာတွေလည်း ရှိပါတယ်။ အကယ်လို့ ရက်ကြာကြာတဲ့အထိ မသက်သာဘူးဆိုရင်တော့ လုပ်ဆောင်လို့ ရတဲ့ အိမ်တွင်းနည်းလေးကို ပြောပြပေးချင်ပါတယ်။ ခြေထောက်နဲ့ တင်ပါး လှုပ်ရှားမှုကို အနားပေးပါ။ ထိုင်ရင် ခြေထောက်ကို အပေါ်မှာ တင်ထားပါ။ လေ့ကျင့်ခန်း များများ လုပ်ပါ။  ယောင်တာသက်သာအောင် အသားကပ်တွေ ၀တ်ပါ။

သားသားမီးမီးလေးတွေကတော့ ဗိုက်ထဲမှာ (၁) ကီလိုလောက် အရွယ်အစား ရှိနေပြီနော်။ ဆရာဝန်နဲ့ ပုံမှန်ပြဖို့ မမေ့နဲ့နော်။ သားအိမ်ထဲက သန္ဓေသားလေး အခြေအနေကို ဆရာဝန်က ပြောပြမှာပါ။  ကလေးလေးက ခေါင်းအပေါ်ခြေအောက်ပုံရှိ နေရာကနေမွေးရင် ခေါင်းအောက်ရောက်ပြီး ခြေအပေါ်ပုံနဲ့မွေးပါမယ်။ ကလေးလေးခေါင်းအပေါ်ပိုင်း ရောက်နေလို့စိတ်မပူပါနဲ့။ မွေးဖို့နှစ်လတောင် ကျန်သေးတာပဲနော်။ တဖြည်းဖြည်း အနေအထားလေး ပြောင်းနိုင်ပါတယ်။ ဒါကြောင့် အရမ်းတော့ မစိုးရိမ်ပါနဲ့နော်။

နောက်တစ်ခုက မေမေလောင်းလေးတို့ရေ ပုံမှန် အစားအသောက် ဆောင်ရန်၊ ရှောင်ရန်လေးတွေ ရှိနေရင်လည်း ဆက်လုပ်ပေးထားနော်။