ကလေးဖျားတိုင်း ဆေးတိုက်သင့်လား
|အိမ်မှာပဲ စောင့်ကြည့်ပြီး သက်သာအောင်လုပ်ပေးနိုင်ပါတယ်။ ပါရာစီတီမော အဖျားကျသွားရင် ပိုးသတ်ဆေးသောက်စရာမလိုပါဘူး။
မေမေတို့ရေ ကလေးမွေးကာစကနေ သုံးလအတွင်း ကလေးဖျားခဲ့ရင် ဘာဆေးမှ ကိုယ့်အထင်နဲ့ကိုယ် လုံးဝ(လုံးဝ) မတိုက်ပါနဲ့။ မွေးကာစမှာ ကလေးခေါင်းပူ၊ ကိုယ်ပူတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါပေမယ့် အရမ်းပူနေပြီ၊ အဖျားတိုင်းတာလည်း ၁၀၄၊ ၁၀၅ လောက်ရှိနေပြီ ဆိုရင်တော့ ဘာမှတွေးမနေပဲ ဆရာဝန်ကိုသာ အမြန်ဆုံးသွားပြပေးပါ။
ကလေးလေးတွေ ဖျားနေတယ်။ ကိုယ်ပူချိန်ကလည်း နည်းနေတယ်ဆိုရင် ကလေးကို အရည်များများ ဝင်အောင်သာ တိုက်ပါ။ အထူးသဖြင့် မေမေနို့များများတိုက်ပါ။ အကျီအထူကြီးတွေလည်း မဝတ်ပေးပါနဲ့။ ချွေးစုပ်တဲ့ အကျီလေးတွေပဲ ဝတ်ထားပေးပြီး ကလေး လုပ်ချင်တာသာ ပေးလုပ်လိုက်ပါ။ ကလေးနို့တိုက်တာလည်း နို့စို့တယ်။ ရယ်မောပြီး ပျော်နေတယ်။ ဆော့နေတယ် ဆိုရင် ဒါ ဘာမှစိုးရိမ်စရာ မရှိပါဘူး။ သဘာဝပါပဲ။
ဒီလိုမဟုတ်ပဲ အီနေမယ်၊ နုံးပြီး မှိန်းလာမယ်၊ နို့မစို့တော့ဘူးဆိုရင် အမြန်ဆုံး ဆရာဝန်ဆီသွားပါ။ (၆) လကနေ (၂) နှစ်အရွယ်လေးတွေမှာတော့ ပါရာစီတီမောလေးစတိုက်နိုင်ပ
အရေးအကြီးဆုံးအချက်တခုက ကလေးကို အက်စပရင် (aspirin) လုံးဝ (လုံးဝ) မတိုက်ရပါဘူး။ ဦးနှောက်နဲ့ အသည်းကို အန္တရာယ်ပေးတဲ့၊ အသက်အန္တရာယ်ဖြစ်နိုင်တဲ့ (Reyes syndrome) ဆိုတဲ့ ရောဂါဖြစ်တတ်ပါတယ်။ ကလေးဖျားတာ စိုးရိမ်ရတဲ့အခြေအနေလို့ အမြဲပြောလို့မရပါဘူး။ အိမ်မှာပဲ စောင့်ကြည့်ပြီး သက်သာအောင်လုပ်ပေးနိုင်ပါတယ
ကလေးတွေဖျားတာ ဗိုင်းရပ်စ်ပိုးကြောင့် ဖျားတာများပါတယ်။ ပိုးသတ်ဆေးက ဘက်တီးရီးယားကို တိုက်တာဖြစ်တဲ့အတွက် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေမှာ ပေးလေ့မရှိသလို ပေးရင်လည်း ဘာမှ မထူးပါဘူး။ အဖျားပြန်ပြန်တက်လာတယ်ဆိုရင