ကလေးအိပ်ချိန်….
|အိပ်အောင် နည်းမျိုးစုံသုံး ချော့သိပ်ရတာ။
စာအုပ်က သုံးအုပ်ဖတ်။
အကြိုက်ဆုံး ပုံပြင် တစ်ပုဒ်ပြော။
သီချင်းကဗျာ ပေါင်းစုံ ဆို။
(မှတ်ချက်.. မြူးတဲ့သီချင်းကဗျာများမှ လွဲ၍)
မအေကလည်း အိပ်ချင်ယောင်ဆောင်ထားရသေးတ
သူတို့အိပ်ပျော်သွားပြီ။
ပျော်လွန်းလို့ ရီချင်လိုက်တာမှ ကလိကလိ။
အမလေး…
ဖျက်ကနဲ သားက မျက်လုံးဖွင့်ကြည့်လို့..
အပျော်တွေဖျောက် ..
ကမန်းကတမ်း မျက်စိမှိတ်ရတယ်။ ..
ငါ့နှယ်…နော်… စီမံကိန်းပျက်တော့မလို့ နည်းနည်းလိုတယ်။
ဘုရား.. ဘုရား…။
အင်း.. အိပ်တာ သေချာသွားပါပြီ။
ကုတင်ပေါ်ကနေ အသံလုံးဝမထွက်အောင်
ထိန်းဆင်း၊ လည်ပြန်ကြည့်ဆင်း၊ ကုန်းကွဆင်းရင်း… အောက်တော့ရောက်သွားပြီ။
ဟူး…
ကျိတ်မှိတ်ထိန်းထားရတဲ့ ဟိုဒင်းကိုလွယ်ပြီး အိမ်သာဆီ.. ကိုယ်ဖော့လျှောက်ရတယ်။ ဒုက္ခ ပေးလိုက်တဲ့ အမျိုး။…..
ကိုယ့်ကိစ္စ ပျက်မှာစိုးလို့ ဖော့ထားလိုက်ရတဲ့ ကိုယ်များ….
အင်း…….
တရုတ်ကားတွေ အလိုအရဆို..
ခဏလေး…ဂူအောင်းကျင့် ရုံနဲ့ သိုင်းလောက ဘုရင် ဖြစ်မယ့် skill….
ငါကွ…။
(ဘဝတူမေမေများ အတွက်….)