ကလေးတွေ အသီးအရွက်စားအောင်ကျွေးရမယ့် အချက်(၃)ချက်

မေမေတို့ရေ သားသားမီးမီးလေးတို့တွေကို အသီးအရွက်တွေ ကျွှေးရမယ့်အချိန်ရောက်ပြီနော်မိဘဖြစ်လာတဲ့အခါ စိန်ခေါ်မှုတွေ အများကြီးရှိမှာပါနော် မေမေတို့ရေ။ ဒီလို စိန်ခေါ်မှုတွေထဲမှာ ကလေးတွေကို အစားအစာ ကျွေးတာလည်း အပါအဝင် ဖြစ်ပါတယ်။ အစားအစာထဲမှာမှလည်း အသားထက် အသီးအရွက်ကျွေးရတာ ပိုမို ခက်ခဲတဲ့ အဆင့်ဖြစ်ပါတယ်။

ကလေးတွေက အသားကိုသာ အလွယ်တကူ စားချင်စားကြမယ်။ အသီးအရွက်ကိုတော့ ခေါင်းတခါခါ ဖြစ်နေတတ်ကြပါတယ်။ အသီးအရွက်ထဲမှာ ကလေးတွေအတွက် ကျန်းမာသန်စွမ်းစေတဲ့ ဗီတာမင်ဓါတ်တွေအပြင် တခြား အထောက်အကူဖြစ်စေတဲ့ ဗီတာမင်တွေအားလုံး ပါဝင်တာကြောင့် ကလေးတွေမစားဘူး ဆိုတာနဲ့ မကျွေးပဲ မနေသင့်ပဲ တစ်နေ့ကိုတစ်နေ့ အသီးအရွက်ပါဝင်စေဖို့က အရေးကြီးပါတယ်။

ဒါကြောင့် ကလေးတွေကို အသီးအရွက်စတင်ကျွေးရတော့မယ့်အခါ ဘယ်လိုအချက်တွေနဲ့ ကျွေးပေးသင့်တယ်ဆိုတာ အနည်းငယ်အကြံပြုချင်ပါတယ်။

1. အသီးအရွက်တစ်မျိုးကို တစ်ကြိမ်ဆီ စကျွေးပါ

မေမေတို့ရဲ့ကလေးတွေက ဆန်မှုန့်ကျွေးနေတဲ့အချိန်မှာပဲ အသီးအရွက်တွေကိုလည်း စားဖို့အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ စကျွေးတဲ့အချိန်မှာ အကုန်လုံးကို တပြိုင်နက်တည်း ကျွေးတာထက် တစ်မျိုးကိုတစ်ကြိမ်ဆီ စတင်စမ်းကျွေးသင့်ပါတယ်။ မုန်လာဥ ဖြစ်ဖြစ်၊ ပန်းသီးဖြစ်ဖြစ် တစ်မျိုးထဲကို စမ်းကျွေးကြည့်ပြီး ကလေးကြိုက်လား၊ မကြိုက်လား၊ စားချင်လား၊ မစားချင်ဘူးလား ဆိုတာ သိနိုင်ပါတယ်။ ဒါက အရေးကြီးတဲ့အဆင့် ဖြစ်ပါတယ်။ တကယ်လို့ ကလေးမကြိုက်ဘူးဆိုရင် ဆက်မကျွေးပဲ နောက်သုံးရက်လောက် စောင့်ပြီးမှ နောက်တစ်မျိုး ထပ်ကျွေးပါ။

ဆော့ကစားတဲ့ အသီးအရွက်တွေက ဆော့ရင်းစားနိုင်တဲ့ အသီးအရွက်ဖြစ်ရင် ပိုကောင်းပါတယ်

2. အသီးအရွက်တွေနဲ့ဆော့ကစားစေပါ

ဘာကြောင့်လဲဆိုရင် ကလေးတွေက လက်လေးတွေနဲ့ထိတွေ့ကိုင်တွယ် ဆော့ကစားပေးတာက အသီးအရွက်တွေပေါ် စူးစမ်းထိတွေ့မှုနဲ့ စားချင်စိတ်ကို တိုးပွားလာစေဖို့အတွက် ဖြစ်ပါတယ်။ ဒါက ညစ်ပတ်ကောင်း ညစ်ပတ်နိုင်ပေမယ့် ထားပေးထားလိုက်ပါ။ ဒါမှ အသီးအရွက်တွေနဲ့ ကလေးတို့ ရင်းနှီးမှု ပိုရှိလာမှာ ဖြစ်ပါတယ်။

3. မစားဘူးဆိုပြီးလက်မလျှော့ပါနဲ့

ကလေးတို့ကို အရင်ဆုံး အသီးအရွက် ကျွေးဖို့ ကြိုးစားတဲ့အခါ မစားဘူးလို့ ငြင်းလိုက်ရင် မိဘတွေက လက်လျှော့ပြီး ထပ်မကျွေးတတ်ကြတော့ပါဘူး။ ဆူညံတယ်ဘာညာဆိုပြီး လွယ်လွယ်နဲ့ လက်လျှော့ပြီး သူတို့စားချင်တာလေးတွေပဲ ဆက်စားစေပါတယ်။ ဒါပေမယ့် အဲ့လို လုံးဝမဖြစ်ရပါဘူး။ ကလေးတွေက အရမ်းစမ်းသပ်တတ်ကြပါတယ်။ တစ်ကြိမ် နဲ့ မရရင် နောက်တစ်ကြိမ် ပြန်ကြိုးစားကျွေးပါ။ နောက်ဆုံးမှာ ကလေးတို့က သူတို့စားကိုစားရမှန်း သိတဲ့အခါ စားလာကြတာကို မေမေများ လက်တွေ့သိရမှာပါ။