ကလေးနှင့်ဦးနှောက် ဖွံ့ဖြိုးမှု အပိုင်း(၅) ကလေးနှင့်ဂီတ

ကိုယ်ဝန်ဆောင်မိခင်၏ ဝမ်းကြာတိုက်မှာ ခိုနားနေရကတည်းက ကလေးတို့သည် ဂီတသံစဉ် သီချင်းတို့ကို နားထောင် တတ်ပါသည်။ ဂီတသံစဉ်တို့၏ စွမ်းဆောင်ချက်က သန္ဓေသား၏ဦးနှောက်ကို ဖွံ့ဖြိုးတိုးတက် စေသည်တဲ့။ အံသြဖို့ကောင်းတယ်နော်။

ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မေမေတွေဟာ.. တေးဂီတနဲ့ သီချင်းတွေကို ကိုယ်ကနားထောင်ပေးရုံနဲ့ ကလေးထိပါ အကျိုးရှိစေလို့ လက်မလွှတ်သင့်ပါဘူး။

ထို့အပြင်.. မွေးဖွားလာပြီးသော အခါတွင်လည်း..
ကလေးတို့၏ အသက်အရွယ်အလိုက် ဂီတကို ခံစားစေပါ။ နားထောင်စေပါ။ ဆိုညည်းစေပါ။ ဂီတနှင့်ကခုန်စေပါ။

ဖေဖေ မေမေ ကလည်း ဆိုပြ ကပြပါ။
ကလေးကိုလည်း လှုပ်ခိုင်း၊ ဆိုခိုင်းပါ။

လက်တန်းသီချင်းတွေစပ်ပြီး ဆိုပြပါ။ လက်တန်းသံစဉ်တွေညည်းပြပါ။ မရှက်ပါနဲ့။
ကလေးတွေ သိပ်သဘောကျပြီး အသံထွက်အောင်ပါ ရီတတ်လာမယ်။ နားလည်လာမယ်။ ခံစားတတ်ပါတယ်။
ကလေးက နောက်ပိုင်းမှာ သူ့ရင်ထဲက အတွေးတွေကို သီချင်းအဖြစ်နဲ့ ဖော်ထုတ်တတ်လာပါမယ်။ မဟန့်တားပါနဲ့။ နားထောင်ပေးပါ။ ကျွန်မတင်ခဲ့ဖူးတဲ့ ပို့စ်တစ်ခုလို.. သူပျော်လို့ သီချင်းညည်း တာပါ။

Music သည် ကလေး၏ အာရုံခြောက်ပါးလုံးကို နှိုးဆွပေးရုံသာမက ယင်းအာရုံခြောက်ပါးလုံးကို နှိုးဆော်ပေးနေသည့် ဦးနှောက်ကိုလည်း ဖွံဖြိုးတိုးတက်စေပါတယ်။ ဒါ့ကြောင့် ဦးနှောက်တစ်ခုလုံးကို ဖွံ့ဖြိုးစေပါတယ်။

ဂီတမကြိုက်တဲ့ကလေးဆိုတာ ရှားပါတယ်။ အနုပညာနဲ့ ထိတွေ့မှုရှိထားတဲ့ကလေးတွေဟာ.. တီထွင်ဖန်တီးတတ်မှုနဲ့ စိတ်ခံစားမှုတွေကိုပါ ခွဲခြားတတ်၊ ထိန်းချုပ်တတ် ၊ ဖော်ပြတတ် လာပါတယ်။ ……

ဒါကြောင့်.. ကလေးတွေကို… Music နဲ့ ယဉ်ပါးပါစေနော်။

#မေမေသိမ့်
#ALearningAndSharingMom