စိတ် နဲ့ ကိုယ် ( mind and body)
|တရားဟောဖို့ မဟုတ်ပါ။ တချို့ရောဂါတွေကို နားလည်စေချင်လို့ပါ။ မလိုအပ်ပဲ ဆေးသောက်ခြင်း। စမ်းသပ်မှုများကို ခဏခဏ မလုပ်စေရန် ရည်ရွယ်ပါသည်။
စိတ်(mind)
စိတ်ကို သိစိတ် နှင့် မသိစိတ်ဟူ၍ ၂-မျိုး ခွဲခြားသည်။ အင်္ဂလိပ်လိုတော့ conscious mind နှင့် unconscious mind ဟုခေါ်သည်။ သိစိတ်ကတော့ ယခုလက်ရှိ သင့်စိတ်ထဲမှာဖြစ်နေသော အရာအားလုံးကို သင်သိနေပါက သိစိတ်ဟုခေါ်သည်။ မသိစိတ်ကတော့ သင့်စိတ်ထဲမှာတော့ ဖြစ်ပျက်နေသည်။ သို့သော် သင်မသိ။ ဥပမာလေး ပြောရရင် အရမ်းချစ်ရသော အမအရင်းက သိန်းထီပေါက်၏။ ကိုယ့်အမထီပေါက်တော့ ဝမ်းသာတာပေါ့။ သင့်စိတ်ထဲမှာ ဖြစ်သွားသော ဝမ်းသာမှုလေးကို သင်သိလိုက်သည်။
သိစိတ်ပေါ့။ ဒါပေမယ့် သင့်ရဲ့ စိတ်ထဲမှာ ဝမ်းနည်းမှုလေးသော်လည်းကောင
စိတ် နဲ့ ကိုယ်၏ ဆက်သွယ်ချက်( mind and body connection)
သိစိတ်၌ သော်လည်းကောင်း। မသိစိတ်၌သော်လည်းကောင်း ဖြစ်ပျက်နေသော ခံစားမှု ပြင်းထန်လာသောအခါ ရုပ်(ကိုယ်) အပေါ်သို့ သက်ရောက်တော့သည်။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများက ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ အဖြစ်ပြောင်းလဲသွားတော့သည်။
ခေါင်းကိုက်လာသည်။ ပါရာစီတယ်မော သောက်လည်း မပျောက်। ခေါင်းဓာတ်မှန် CT ရိုက်သည်। ဘာမှမတွေ့။ ဗိုက်ခဏခဏ အောင့်သည်। CT ရိုက်। မှန်ပြောင်းကြည့်। သွေးစစ် သောအခါ အကုန်ကောင်း၏။ ဆရာဝန်ပြောင်းပြ၍ ထပ်စစ်। ဆေးတွေလည်း သောက်မပျောက်။ နောက်ဆုံး ရဟန်းဝတ်၍ တရားရသွားသောအခါ ပျောက်သွားတော့သည်။
အမအရင်းထီပေါက်သွားတာ ဝမ်းသာပေမဲ့ ညနေပိုင်းကြတော့ ခေါင်းကိုက်လာသည်။ Facebook ပေါ်မှာတချိန်လုံး သူတို့၏ လည်ပတ်।စားသောက်।ပိုင်ဆိုင်
ကျွန်မသားလေး အသက်က ၂-နှစ်। အစာကောင်းကောင်း မစားတာ ၁-လ ရှိပြီဆရာ။ အစာစားအောင် အားဆေးလေးလုပ်ပေးပါဦး။ ကျွန်မက ဒုတိယကလေးမွေးထားတာ ၁-လ ရှိပြီဆရာ။ သူ့ညီလေးကိုလည်း သူအရမ်းချစ်တယ်ဆရာ။
ဟုတ်ကဲ့။ သူ့ညီလေးကို သူအရမ်းချစ်ပေမဲ့ သူရထားသော အချစ်တွေကို ရှယ်ပေးရသောအခါ သူလည်းအစာမစားချင်တော့။
သူ့အဖေနယ်ကို အလုပ်ကိစ္စနဲ့ ထွက်သွားကတည်းက ကလေးက ဗိုက်အောင့်တယ်လို့ပြောလာတယ
ပြောချင်တာက
♀️တချို့ရောဂါ လက္ခဏာများသည် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ ကြောင့် ဖြစ်သည်။ ဆေးသောက်လည်း ပျောက်မည်မဟုတ်။
သို့သော် စိတ်ဓာတ်ကျခြင်း। စိတ်ဖောက်ခြင်း। စိုးရိမ်စိတ်လွန်ကဲမှုများက
♀️ထို လက္ခဏာ တော်တော်များများ Psychotherapy ဟုခေါ်သည့် စိတ်ကိုကုသပေးသည့်စနစ်ကို သုံးရသည်။ ထိုကုသပေးသူများကို psychologist ဟုခေါ်သည်။ meditation ဟု ခေါ်သည့် သက်ဆိုင်ရာ ဘာသာအသီးသီး၌ ရှိသော တရားထိုင်ခြင်း। ဝင်သက်ထွက်သက်မှတ်ခြင်း ကလည်းကောင်းသည်။ မမြဲသော ခဏတာ လူ့ဘဝကို နားလည်လျှင်လည်း သက်သာရာ ရနိုင်သည်။ သူဋ္ဌေးများကို ကြည့်ပြီး အားကျမည့်အစား မိမိထက် ဆင်းရဲနွမ်းပါးသော သူကိုကြည့်ပြီး တရားနဲ့ဖြေပါ။ မိမိဘဝကို အကောင်းပဲမြင်ပါ။ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပါ။ အယူဝါဒ မတူလင့်ကစား လူသားတိုင်းကို မေတ္တာထားပါ။ သေးငယ်သော ပရဟိတဖြစ်လင့်ကစား နေ့စဉ်လုပ်နိုင်အောင် ကြိုးစားပါ။ နောက်ဆုံးတော့လည်း တရားဟော၏။
မေတ္တာဖြင့်
စိုးမိုးကျော်( Child Health Myanmar Page )
Photos: Google
www.childhealthmyanmar.com