နို့တိုက်မိခင်တွေမှာ ဖြစ်တတ်တဲ့ နို့သီးခေါင်းအနာများအတွက် အသုံးဝင်နိုင်မယ့်အချက်များ

နို့စတိုက်ချိန်မှ စပြီး ၃ရက်မှ ၇ရက်အတွင်းမှာ နို့သီးခေါင်းအနာလေးတွေအဖြစ်များတတ်ပါတယ်။ ဒါဟာ များသောအားဖြင့်ဖြစ်လေ့ရှိပြီး ကလေးတွေဟာ ရင်သားမှာ နေရာမကျဘဲ ထိရောက်စွာမကပ်ထားနိုင်လို့ဖြစ်ရတာပါ။

နို့တိုက်လို့ နို့သီးခေါင်းတွေနာလာတာက ပုံမှန်ပဲလား?

နို့သီးခေါင်းအနာတွေဟာ နို့တိုက်စမိခင်တွေမှာ အဖြစ်များပါတယ်။ သင်ကတော့ ဒါဟာနို့တိုက်ခြင်းရဲ့ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့အပိုင်းဖြစ်ပြီး ဒီတိုင်းပဲ ဆက်ပြီးနေသွားလို့ရနိုင်မယ်လို့ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒီလိုတော့ မဟုတ်ပါဘူး။
ပထမ တစ်ပတ် သို့မဟုတ် ဒီလိုကာလမျိုးတွေမှာ ကလေးငယ် ပထမဆုံး နို့စို့တဲ့အချိန်မှာ စက္ကန့်အနည်းငယ်လောက်ကြာနိုင်မယ့်နာကျင်ခြင်း သို့မဟုတ် တင်းကြပ်ကြပ်ဖြစ်ခြင်းတွေခံစားရနိုင်ပါတယ်။ ဘာက ပုံမှန်မဟုတ်တာလဲဆိုရင်တော့ ဒီနာကျင်မှုတွေဟာ နို့တိုက်ချိန်တိုင်းမှာဖြစ်နေရင်တော့ ဒါဟာပုံမှန်မဟုတ်တော့ပါဘူး။ အနာတွေဟာ သင်မသိဘဲလည်းဖြစ်နေနိုင်ပါတယ်။ အထူးသဖြင့်သင်က မွေးဖွားပြီးကာလတွေမှာ အကိုက်အခဲပျောက်ဆေး အနာလျော့ဆေးတွေ သောက်နေရရင်ပေါ့။ ဒါမှမဟုတ် သင်က သင့်ကလေးကိုနို့တိုက်ဖို့ပဲအာရုံစိုက်နေတာကြောင့် အဆင်မပြေမှုတွေကို ရင်ဆိုင်နေပြီး သူ့အလိုလိုပျောက်သွားဖို့မျှော်လင့်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
သင်ဘယ်လိုခံစားနေရတယ်ဆိုတာ ဂရုစိုက်ပါ။ အဆင်မပြေဖြစ်နေတာတစ်ခုခုကို ခံစားမိတာနဲ့ lactation consultant နဲ့ချက်ချင်းတွေ့ပါ။ တကယ်လို့သင်က နာကျင်မှုတွေကို လျစ်လျူရှုထားမယ်ဆိုရင် နို့သီးခေါင်းအက်ကွဲ (ပတ်ကြားအက်)လာပြီးသွေးထွက်လာတတ်ပါတယ်။ ဒါ့အပြင် ကလေးကိုနို့တိုက်ကျွေးတဲ့အချိန်မှာ မခံမရပ်နိုင်အောင်နာကျင်တာမျိုးဖြစ်တတ်ပါတယ်။

ဘာတွေက နို့သီးခေါင်းနာကျင်မှုတွေဖြစ်စေတာလဲ။

ဒါဟာအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးအကြောင်းရင်းတွေကိုတော့ ဒီမှာဖော်ပြပေးထားပါတယ။်
Shallow latch (နို့စို့ကလေးငယ်၏ ခံတွင်းကျဉ်းနေခြင်း)။ နို့တိုက်ကျွေးစဉ် ပထမ ရက်အနည်းငယ် သို့မဟုတ် ရက်သတ္တပတ်အနည်းငယ်အတွင်း ကလေးငယ်ရဲ့ခံတွင်းထဲကို ရင်သားကမ၀င်ဆံ့တဲ့အခါမျိုးတွေမှာ နို့သီးခေါင်းနာကျင်ခြင်းတွေဖြစ်စေတတ်ပါတယ်။ ဒါကို shallow latch လို့ခေါ်ပြီး ဒီဖြစ်စဉ်ဖြစ်တဲ့အခါမှာ ကလေးငယ်ဟာ ရင်သားထက် နို့သီးခေါင်းကိုပဲစုပ်နေတတ်ပါတယ်။ ဒါက နို့သီးခေါင်းကို စစချင်းမှာ နာကျင်စေပြီး နောက်ပိုင်းပျက်စီးစေပါတယ်။ တကယ်လို့သင့်ရဲ့နို့သီးခေါင်းဟာ နှုတ်ခမ်းနီတောင့်အသစ်ပုံစံမျိုးဖြစ်နေတာကို သတိပြုခဲ့မိရင် သို့မဟုတ် နို့သီးခေါင်းအလယ်မှာ အစင်းကြောင်းဖြစ်နေတာမျိုးတွေ့ခဲ့ရင် သင့်ကလေးငယ်ရဲ့ခံတွင်းထဲကို ရင်သားအစိတ်အပိုင်းပိုသွင်းနိုင်ဖို့လိုနေပါပြီ။ Lactation consultant (နို့တိုက်ခြင်းအတွက် အကြံပေးသူ) က သင့်ကလေးငယ်နို့စို့ချိန်မှာ ပိုပြီးကောင်းတဲ့အနေအထားကိုရဖို့နဲ့ ပိုပြီးစုပ်ယူနိုင်ဖို့အတွက် ဘယ်လိုအနေအထားမျိုးနဲ့နို့တိုက်ရမယ်ဆိုတာကို အကြံပြုပေးနိုင်ပါတယ်။

Breast pump trauma (နို့ရည်စုပ်စက်ကြောင့် ဒဏ်ရာရခြင်း)။ breast pump ကို ပုံစံမမှန်ဘဲ အသုံးပြုခြင်းက နို့သီးခေါင်းတွေကို ထိခိုက်စေပါတယ်။ သင်အသုံးပြုတဲ့ breast pump မှာရှိတဲ့ ရင်သားအကာ(flanges) ဟာ နို့သီးခေါင်းတွေအတွက်တော့ သေးငယ်လွန်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အချို့သောအမျိုးသမီးတွေဟာ နို့ရည်စုပ်ယူတဲ့ level ကို အမြင့်ကြီးမှာ မှားပြီးထားတတ်ကြပါတယ်။ မှန်ကန်တဲ့ pump ကိုအသုံးပြုနိုင်ဖို့၊ မှန်ကန်တဲ့ flangesအရွယ်အစားတွေကို ရရှိနိုင်ဖို့ နဲ့ Pumpကိုမှန်ကန်စွာဘယ်လိုအသုံးပြုရမလဲဆိုတာ ပြသပေးနိုင်ဖို့အတွက် Lactation consultant နဲ့တိုင်ပင်ပါ။
ခံတွင်းမှိုကူးစက်ခြင်း(Thrush infection) : တကယ်လို့သင့်ကလေးမှာ thrush (ခံတွင်း၌ မှိုကြောင့်ဖြစ်သော အနာ) ရှိနေခဲ့မယ်ဆိုရင် သင့်ထံသို့ ကူးစက်နိုင်ပြီး နို့သီးခေါင်းတွေနာကျင်ခြင်း သို့မဟုတ် ထိခိုက်ခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။ နို့တိုက်မိခင်တွေမှာဖြစ်တဲ့ thrush ရဲ့ လက္ခဏာတွေမှာတော့ နီရဲယားယံပြီး ပြောင်တင်းနာကျင်နေတဲ့နို့သီးခေါင်းတွေနဲ့ နို့တိုက်နေစဉ် သို့မဟုတ် နို့တိုက်ပြီးချိန်မှာ ရင်သားအတွင်းမှစူးရှစွာနာကျင်နေတာမျိုးတွေပါဝင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအကြံပေးနဲ့သွားတွေ့တာက သင့်ရင်သားမှာရှိနေတဲ့ တစေး(မှို)တွေကို ကုသနိုင်မှာပါ။ တကယ်လို့ ကုသနေတဲ့အချိန်တွေကြာနေတာတောင်မှ လက္ခဏာတွေလျော့မသွားဘူးဆိုရင် eczema(နှင်းခူ) ဖြစ်နေလားဆိုတာ ဆန်းစစ်ပေးဖို့ ကျန်းမာရေးအကြံပေးကိုတောင်းဆိုပါ။ နှင်းခူမှာလည်း thrush နဲ့တူညီတဲ့ လက္ခဏာတွေရှိတတ်ပါတယ်။

Tongue-tie (လျှာတွဲခြင်း)- အခြားသောဖြစ်နိုင်ချေတစ်ခုကတော့ သင့်ကလေးငယ်ဟာ လျှာတွဲနေတာလည်းဖြစ်နိုင်ပါတယ်။ ဆိုလိုတာက လျှာနဲ့ ခံတွင်းကြမ်းပြင်နဲ့တွဲဆက်ထားတဲ့အရေပြားဟာ တိုလွန်းနေတာ သို့မဟုတ် လျှာအရှေ့ပိုင်းကိုရောက်တဲ့ထိရှည်လွန်းနေတာမျိုးကိုဆိုလိုတာပါ။ ဒါဟာ နို့တိုက်ရာမှာ နို့သီးခေါင်းအနာအပါအ၀င် အခြားသောပြဿနာတွေကိုပါဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒါကိုတော့ အသေးစားကုသမှုနဲ့ အလွယ်တကူကုသလို့ရနိုင်ပါတယ်။ သင့်ရဲ့နို့သီးခေါင်းနာကျင်နေတယ်ဆိုရင် အထွေထွေရောဂါကုဆရာဝန် သို့မဟုတ် Lactation consultant က သင့်ကလေးငယ်ရဲ့လျှာကို စစ်ဆေးသင့်ပါတယ်။
Milk bleb: Milk bleb ဟာ နို့ပြွန်ဝမှာ အရည်ပြားအလွှာပါးလေးတစ်ခုကြီးထွားလာတဲ့အချိန်မှာဖြစ်တတ်ပါတယ်။ ဒါဟာနို့ရည်တွေကို လှောင်ထားသလိုဖြစ်စေပြီးပြွန်ကိုပိတ်နေစေတယ်လေ။ bleb ဟာ နို့သီးခေါင်းပေါ်မှာ အဖြူရောင် သို့မဟုတ် အ၀ါရောင်အစက်တွေအဖြစ်တွေ့ရလေ့ရှိပြီး အဆိုပါအစက်လေးတွေပေါ်နဲ့ သူတို့နောက်မှာ စူးရှနာကျင်တာမျိုးဖြစ်နိုင်ပါတယ်။ Lactation consultant သို့မဟုတ် OB က အဆိုပါနေရာက အရည်ပြားကို ခွာထုတ်လိုက်ခြင်းအားဖြင့် bleb ကို ကုသပေးနိုင်ပါတယ်။ မဟုတ်ရင်တော့ သူ့အလိုလိုပျောက်ဖို့ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။

နို့သီးခေါင်း ပွန်းပဲ့နာ (Nipple blister): ဒီပွန်းပဲ့နာကို နို့သီးခေါင်းပေါ်မှာ ရေကြည်ဖု ၊ အ၀ါရောင်အဖု သို့မဟုတ် သွေးဖုငယ်တွေအဖြစ်တွေ့ရလေ့ရှိပြီး ဒါက နို့တိုက်ကျွေးစဉ်မှာ နို့သီးခေါင်းနာကျင်ခြင်းကို မြင့်တက်စေပါတယ်။ အပေါက်ကျဉ်းကျဉ်းလေးနဲ့ ပွတ်တိုက်မှု သို့မဟုတ် စုပ်ယူမှုကိုခံရတဲ့အခါမျိုးမှာ အဖြစ်အများဆုံးပါပဲ။ ကွက်တိမကျတဲ့ breast flanges တွေ သို့မဟုတ် အမြင့်ကြီးမှာချိန်ညှိထားတဲ့ Pumpတွေကိုအသုံးပြုတာကလည်း အဖြစ်များတဲ့အကြောင်းရင်းတစ်ခုပါ။

နို့တိုက်ကျွေးစဉ်မှာ နို့သီးခေါင်းနာကျင်ခြင်းကို မဖြစ်အောင် လုပ်ပေးနိုင်မယ့် အချက်များ

သင့်ကလေးငယ်ကို သူကိုယ်တိုင်နို့စို့တတ်ပါစေ။

အခြားသောနို့တိုက်သတ္တ၀ါတွေနဲ့အတူတူပါပဲ လူတွေမှာလည်း နို့စို့နိုင်တဲ့စွမ်းရည်ဟာ မွေးရာပါပါလာပြီးသားပါ။ ဒီစွမ်းရည်တွေမှာ နို့ကိုရှာဖွေနိုင်စွမ်း နဲ့ မိခင်ဆီကအကူအညီ အနည်းငယ်မျှသာယူပြီး ကိုယ်တိုင်နို့စို့နိုင်စွမ်းတွေပါဝင်ပါတယ်။ (ကလေးမွေးဖွားစဉ်မှာသုံးခဲ့တဲ့ ဆေးဝါးအထောက်အပံ့အချို့ကြောင့် အချို့သောကလေးငယ်တွေအတွက်တော့ မွေးဖွားပြီးနာရီနဲ့ရက်အနည်းငယ်အတွင်းမှာ အဆိုပါစွမ်းအင်ကိုရရှိဖို့ ပိုမိုခက်ခဲနိုင်ပါတယ်။ ) တကယ်လို့မိခင်က သက်တောင့်သက်သာရှိပြီး အနည်းငယ်လျှောနေတဲ့ပုံစံအနေအထားမှာနေပြီး ကလေးငယ်ရဲ့ဝမ်းဗိုက်ကို သူမခန္ဓာကိယ်ပေါ်ကပ်ထားပြီး (ကမ္ဘာ့ဆွဲအားက ကလေးကိုဒီပုံစံအတိုင်းရှိနေစေပေမယ့် လိုအပ်လာရင်တော့ မိခင်က သူမလက်တွေနဲ့ ထောက်ကန်ပေးထားတာမျိုးလုပ်ပေးနိုင်ပါတယ်။ ) ကလေးရဲ့ခေါင်းကို သူမရင်ဘတ်နားမှာထားလိုက်မယ်ဆိုရင် ကလေးငယ်ကခေါင်းကိုလှုပ်ရှားခြင်းအားဖြင့် မိခင်နို့ရှိရာကို ရွှေ့ပြီး သူ့အလိုလို နို့စို့နိုင်ပါလိမ့်မယ်။ ဒါအတွကအချိန်ယူရပေမယ့် များသောအားဖြင့်တော့ ထိရောက်ပြီးနာကျင်မှုကင်းတဲ့ နို့စို့ခြင်းကို ရလဒ်အဖြစ်ရနိုင်ပါတယ်။

ကလေးကို ကူညီဖို့လိုအပ်လာမယ်ဆိုရင် ကောင်းကောင်းမွန်မွန်နေရာချပါ။

အချို့သောကလေးငယ်တွေ(ဥပမာ-မွေးဖွားစဉ် ဆေးဝါးနဲ့ထိတွေ့ခဲ့ရတဲ့ကလေးငယ်တွေ)ဟာ ကိုယ်တိုင်နို့စို့နိုင်ဖို့ ခဲယဉ်းတတ်ကြပါတယ်။ တကယ်လို့သင်က ထိုင်လျက်နို့တိုက်မယ်ဆိုရင် သင့်ကလေးက သင်နဲ့ ဗိုက်၊ဗိုက်ချင်းကပ်နေဖို့ သတိပြုပါ။ ပြီးတော့ ကလေးငယ်ရဲ့ဦးခေါင်းမဟုတ်ဘဲ ပုခုံးတွေပေါ်မှာ သင့်လက် သို့မဟုတ် လက်မောင်းကို အထောက်အကူအဖြစ်ထားပေးပါ။ ဒါမှသာ ကလေးယ်က သူ့ခေါင်းကိုနောက်ဆုတ်နိုင်ပြီး မေးစေ့က နို့ဆီအရင်ရောင်နိုင်မှာပါ။ နို့သီးခေါင်းဟာ သူ့နှာခေါင်းနဲ့တန်းနေပါစေ။ ဒါမှသာ သူကကျယ်ကျယ်ဟနိုင်မှာဖြစ်ပြီး ခေါင်းကိုလည်း နောက်ဆုတ်လို့ရနိုင်မှာပါ။ ဒါဟာ သူ့ပါးစပ်ထဲနို့အုံပါလျှောလျှောလျှူလျှူဝင်နိုင်ပြီး အာခေါင်ပေါ်ရောက်ဖို့ အကောင်းဆုံးအနေအထားလည်းဖြစ်ပါတယ။်

နို့မတိုက်ဘဲ ချိန်ကြည့်ပါ။

တကယ်လို့သင့်ကလေးက နို့စို့နေပြီး နို့သီးခေါင်းတွေကလည်းနာနေတယ်ဆိုရင် တစ်ခုခုတော့မှားနေပြိဆိုတာသင်သိမှာပါ။ တစ်ခါတစ်ရံမှာ မိခင်တွေဟာနို့မတိုက်ဘဲ ကလေးငယ်ရဲ့ပါးစပ်ထဲ လက်ချောင်းလေးတစ်ချောင်းထည့်ပြီး စမ်းကြည့်ဖို့လိုတယ်လို့ အကြံပြုထားပါတယ်။ ဒီနည်းလမ်းရဲ့ ပြဿနာကတော့ ကလေးအတွက် အနှောက်အယှက်ဖြစ်လွန်းတာပါပဲ။ နို့စစို့တဲ့အချိန်တိုင်းမှာ သူကနို့ကိုထွေးထုတ်ပစ်တတ်ပါတယ်။ အချို့သောကလေးတွေကတော့ စိတ်အလိုမကျဖြစ်လွန်းပြီး နို့တိုက်တာကိုငြင်းဆန်တာမျိုး သို့မဟုတ် နို့မစို့ချင်တဲ့ အမူအရာမျိုးတွေ ပြင်းပြင်းထန်ထန်ပြတတ်ပါတယ်။ ကလေးငယ်က မမှန်ကန်တဲ့ နို့စို့နည်းနဲ့ ထပ်ခါထပ်ခါစို့နေတယ်ဆိုရင် နို့သီးခေါင်းကို ထိခိုက်နိုင်ချေပိုများပါတယ်။အဲ့ဒီအစား ကလေးငယ်ကိုနို့တိုက်နေစဉ်မှာ သူ့အနေအထားကို ချိန်ညှိပါ။ ဒါမှသာ ကျန်တဲ့နို့တိုက်နေစဉ်ကာလာတစ်လျှောက်လုံးက ပိုပြီးသက်တောင့်သက်သာရှိနိုင်မှာပါ။ ကလေးရဲ့ပုခုံးကိုနည်းနည်းဖိပြီး သူ့ကိုပိုနီးအောင်ဆွဲပါ။ ပြီးတော့ သူ့ခေါင်းကိုအနောက်ကို နည်းနည်းပိုရွှေ့ပါ။ ဒါမှမဟုတ် သူ့အနေအထားကို ဖြည်းဖြည်းချင်းပြောင်းပါ။ (ဒါကတော့ သင့်နို့သီးခေါင်းရဲ့ သဘာဝအနေအထားပေါ်မူတည်ပါတယ်။ ဥပမာအားဖြင့် ကလေးငယ်ကို ပိုပြီးနှိမ့်ဖို့ သို့မဟုတ် ဘေးကိုပိုရွှေ့ပေးဖို့ စသဖြင့် လိုအပ်နိုင်ပါလိမ့်မယ်။ )

ကလေးငယ်ဟာ လျှာတွဲနေသလားဆိုတာ စစ်ဆေးပါ။

လျှာတွဲနေတဲ့ကလေးငယ်ဟာ သူ့လျှာကို မမနိုင်သလို ပုံမှန်ရှေ့ကိုရွေ့လျားတာမျိုးလည်းမလုပ်နိုင်ပါဘူး။ ဆိုလိုတာက သူကနို့မစို့နိုင်တော့ပါဘူး။ နို့သီးခေါင်းကိုလျှာကိုသုံးပြီးမရမယ့်အစား အာခေါင်နဲ့ဖိပြီးစို့တာကြောင့် အကြိမ်ရေတော်တော်များများမှာ နာကျင်ထိခိုက်တာမျိုးဖြစ်စေတတ်ပါတယ်။ ကလေးရဲ့လျှာက အောက်နှုတ်ခမ်းကိုကျော်ပြီးလှုပ်ရှားနိုင်သလားဆိုတာနဲ့ သူငိုတဲ့အခါမှာ လျှာကိုအပေါ်ပင့်တင်သလားဆိုတာ စစ်ဆေးပါ။ တကယ်လို့သူက ဒီလိုလှုပ်ရှားမှုမျိုး မလုပ်နိုင်ခန့်ထင်ရင် ဆရာဝန်နဲ့ဆွေးနွေးပါ။ ဆေးပညာရှင်တစ်ယောက်က လျှာရဲ့လှုပ်ရှားမှုကို အနှောက်အယှက်ဖြစ်နေတဲ့ အမြှေးပါးကိုဖြတ်ထုတ်နိုင်ပြီး ဒီလိုလုပ်ခြင်းက အကြီးအကျယ်ကို ပြောင်းလဲသွားစေနိုင်မှာပါ။

ဖြစ်နိုင်မယ်ဆိုရင် နို့သီးအကာ (nipple shields)တွေကို သတိထားသုံးပါ။

Nipple shields တွေဟာ များသောအားဖြင့် နာကျင်နေတဲ့နို့သီးခေါင်းတွေကို နို့တိုက်စဉ်မှာကာကွယ်ပေးနိုင်ဖို့သုံးကြတာဖြစ်ပေမယ့် တစ်ခါတလေမှာတော့ ပြဿနာကိုဖြေရှင်းနိုင်ဖို့ထက် ပိုပြီးဆိုးရွားသွားစေပါတယ်။ သူတို့ဟာ နို့ဗူးခေါင်း(bottle nipple) တွေနဲ့တူပြီး အလွန်ပါးလွှာတဲ့ ဆီလီကွန်တွေနဲ့ပြုလုပ်ထားတာပါ။ သူတို့တွေကို ကလေးနို့မတိုက်ခင် မိခင်ရဲ့နို့သီးခေါင်းတွေပေါ်မှာထားရပါတယ်။ ဒါပေမယ့် များသောအားဖြင့်ကလေးငယ်တွေက ဒီအကာအကွယ်ပေါ်မှာ ကောင်းကောင်းမွန်မွန်နို့စို့နိုင်လေ့မရှိပါဘူး။ နို့သီးတွေဟာ ဆက်ပြီးပျက်စီးနိုင်ပြီး ပုံသဏ္ဍာန်မတူတော့ဘဲ ကလေးတွေကအဆိုပါပစ္စည်းမပါရင် နို့စို့ရာမှာ အခက်အခဲဖြစ်သည်ထိ ဖြစ်သွားနိုင်ပါတယ်။