လက်မောင်းထဲထည့် သန္ဓေတား ပစ္စည်းဆိုတာ ဘာလဲ။

ပုံမှာပြထားတဲ့ ဟော်မုန်းပါတဲ့ ပလစ်စတစ်ချောင်း လေး ကို လက်မောင်း အရေပြားအောက်ထဲ မြှပ်ထည့်ထားတာပါ။။ သူ့ရဲ့အားသာချက်ကတော့ ကြာရှည်ခံသန္ဓေတားနည်းဖြစ်လို့ (၃နှစ်ခံနဲ့ ၅ နှစ်ခံဆိုပြီးရှိပါတယ်) တခါထည့်ထားပြီးရင် တချို့ ကိုယ်ဝန်တားနည်းတွေလို နေ့တိုင်းဆေးသောက်ဖို့/ ၃လတခါ ဆေးထိုးဖို့အတွက် ရက်မကျော်သွားအောင် သတိထားနေဖို့ မလိုပါဘူး။
.
ကလေးလိုချင်ရင်လဲ နှစ်ပြည့်အောင်စောင့်စရာမလိုပါဘူး။ ထုတ်ချင်တဲ့ အချိန် ချက်ခြင်းထုတ်လို့ရပါတယ်။ ကိုယ်ဝန်ရဖို့လဲ အကြာကြီးမစောင့်ရလေ့မရှိပါဘူး။ (သုံးလခံဆေးထိုးတဲ့ တချို့ အမျိုးသမီးတွေဆိုရင် ဆေးရပ်ပြီး ကိုယ်ဝန်ပြန်ရဖို့ ခြောက်လ၊ တနှစ်လောက် စောင့်ရတတ်ပါတယ်)
.
ကိုယ်ဝန်မရအောင် ဘယ်လိုလုပ်ပေးလဲဆိုတော့ လက်မောင်းအရေပြားအောက်ထဲ မြှပ်ထားတဲ့ ပလစ်စတစ်ချောင်းလေးကနေ အမျိုးသမီးဟော်မုန်း တွေကို နည်းနည်းချင်း စိမ့်ထုတ်ပေးပြီး မမျိုးဥကနေ တလတခါ သားဥကြွေတာကို ဟန့်တားပေးပါတယ်။ အကယ်၍ မမျိုးဥကနေ သားဥကြွေတာခဲ့ရင်တောင် အမျိုးသားရဲ့ သုတ်ပိုးတွေ သားဥလေးဆီ မရောက်နိုင်အောင် မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို ပုံမှန်ထက် ပိုပြစ်အောင် လုပ်ပေးပါတယ်။ နောက်ဆုံး သားဥလေးနဲ့ သုတ်ပိုးပေါင်းသွားခဲ့ရင်လဲ သားအိမ်နံရံမှာ မတွယ်နိုင်အောင် ပြုလုပ်ပေးပါတယ်။
.
အဲဒါကြောင့် လက်မောင်းထဲထည့် သန္ဓေတားပစ္စည်းက ကိုယ်ဝန်မရအောင် ၉ ၉.၉ %အထိ ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်မရအောင် တားပေးနိုင်တဲ့ နည်းလမ်းတွေထဲမှာ စိတ်အချရဆုံးစာရင်းဝင်ပါတယ်