သင့်ကလေးအစားစားဖို့ ငြင်းဆန်နေတတ်တဲ့ အကြောင်းရင်းများ

ကလေးတစ်ယောက် ပထမဦးဆုံးကျွမ်းကျင်သင့်တာကတော့ သူတို့ဘာသာအစာစားနေခြင်း ဖြစ်ပါတယ်။သူတို့ဘဝကို သူတို့ခုအရွယ်နဲ့ ဦးမဆောင်နိုင်သေးပေမယ့် သူတို့ပါးစပ်ထဲထည့်မယ့် အရာကိုတော့ သူတို့ရွေးချယ်နိုင်ရပါမယ်။ဒါကြောင့်သူတို့ဘာစားမလဲ မစားဘူးလဲဆိုတာနဲ့ ပတ်သက်ပြီး ဂျီကျတာဟာ ပုံမှန်ပါပဲ။ သူတို့က တစ်ပတ်လုံး သူတို့ကြိုက်တာ တစ်မျိုးနှစ်မျိုးလောက်ပဲ စားပြီးချက်ချင်း စိတ်ပြောင်းလဲမြန်ပြီး နောက်အခြားတစ်ခုကို လိုချင်လိုတတ်ပါတယ်။

အဘယ်ကြောင့်ကလေးတွေဟာ အစာစားဖို့ငြင်းဆန်ကြပါသလဲ

မိဘတွေဟာသူတို့ရဲ့ကလေးငယ်ကျန်းမာတဲ့ အစားအစာများစားခြင်း မစားခြင်း နဲ့ပတ်သက်ပြီး စိတ်ပူတတ်ကြပါတယ်။ကလေးတွေ, အနည်းငယ်သာ စားတာ ဇီဇာကြောင်တာနဲ့ စားရန်ငြင်းဆန်တာ ဟာဖြစ်နေကျ ဖြစ်ပါတယ်။

ဘာကြောင့် ဖြစ်ရပါသလဲဆိုတော့

  • တိုးတက်မှုနှုန်းနဲ့ activity ကပြောင်းနေတဲ့အတွက်  စားချင်စိတ်ကလဲ ပြောင်းနေပါတယ်။
  • ကလေးငယ်များက မွေးကင်းစလို ရုတ်ချည်းကြီးထွားလာကြတာမဟုတ်ဒါကြောင့်သူတို့ကအများကြီးစားဖို့ မလိုအပ်ပါဘူး
  • ကလေးတွေရဲ့အစာအိမ်ဟာအလွန်သေးငယ်ပါတယ်။
  • ကလေးတွေဟာ သူတို့ပတ်ဝန်းကျင်ကို စူးစမ်းတာ ဝါသနာဖြစ်တဲ့အတွက် သူတို့အစားအစာစားဖို့ အာရုံစိုက်လို့မရပါဘူး။ ဒါအပြင့်ခွံ့ကျွေးတာထက် သူတို့ဘာသာကြာကြာထိုင်စားနေရတာကို ကြိုက်ချင်ကြိုက်နေမှာပါ။
  • ဒါ့အပြင် ပြီးအောင်စားဖို့လည်းစိတ်မပါပဲ ထဆော့ချင်ဆော့နေပါလိမ့်မယ်။

ပြဿနာကိုဖြေရှင်းရန် အကြံပေးချက်များ:

  • ကလေးတွေကို သူတို့ ဘာသာစားဖို့ ကျန်းမာစေတဲ့ အစားအစာတွေ ရွေးချယ်မှုပေးလိုက်ပါ။ ဤနည်းနဲ့ သူတို့တစ်တွေလွတ်လပ်စွာရွေးချယ်နိုင်စွမ်းကို လေ့ကျင့်ရာရောက်ပါတယ်။
  • သူတို့ကိုဈေးဆစ်တာသို့မဟုတ် ခြိမ်းခြောက်ဖို့မကြိုးစားပါနှင့်။ ညှိနှိုင်းနေတာဟာ အစာစားချိန်မှာ အာဏာပါသလိုဖြစ်နေပါလိမ့်မယ်။ သင့်ကလေးအစားကောင်းကောင်းစားစေချင်ရင် အစာကျွေးချိန်မှာ အပြုသဘောဆန်ပါစေ။ ,. ဒါ့အပြင်ဆုလာဘ်အဖြစ်သကြားလုံးကိုမသုံးပါနှင့်။
  • သင့်ကလေးအစားစားတဲ့ အခါမိသားစုကပါလိုက်စားပေးပါ။ကလေးတွေက သူတို့အထက်ကမောင်နှမတွေ ကျန်းမာစေတဲ့အစားအစာများစားတဲ့အခါသူတို့က လိုက်လုပ်ကြည့်ချင်ကြပါတယ်။
  • သူတို့မကြိုက်တဲ့ မီနူး ထဲကအစားစာတွေ ဖယ်ပါ။မချက်ပါနဲ့။ ကလေးတွေကအစားသစ်နဲ့ အရသာသစ်တွေကို လက်ခံပို အချိန်ပိုမိုယူတတ်ကြပါတယ်။ သူတို့ကပဲစိမ်းစိမ်းလေးတွေကို ပထမဦးဆုံးအကြိမ် မစားဘူးပြောလျှင်, လာမယ့်သီတင်းပတ်အတွင်းနောက်တဖန်သူတို့ကိုထပ်ကျွေးကြည့်ပါ။သင်ထင်တာထက်ပိုပြီး ကြိုက်နေတာတွေ့ပါလိမ့်မယ်။
  • အစားအသောက်နဲ့ အတူ အရည်ဘယ်လောက်သောက်လဲဆိုတာပါ စဉ်းစားပါ။ နို့သို့မဟုတ်ဖျော်ရည်အလွန်အကျွံသောက်သုံးခြင်းက စားချင်စိတ် လျှော့နည်း နိုင်ပါတယ်။ဒါကြောင့် သင်က အစားစားချိန်ကြားထဲမှာမှ နို့တိုက်ဖို့နဲ့ ဖျော်ရည်တွေကိုတစ်နေ့ခွက်တစ်ဝက်ကနေ လေးပုံသုံးပုံအထိပဲ တိုက်ဖို့လုပ်ပါ။ နို့နှင့်သဘာဝဖျော်ရည် တွေကအရေးပါသောအအာဟာရပေးနိုင်ပါသည် (အလွန်အကျွံဖျော်ရည်သောက်တာက သကြားများလွန်းတာကိုဆိုလိုပါတယ်။သစ်သီးဖျော်ရည်တွေက ဖိုင်ဘာနှင့်ကုန်ကြမ်းအသီးမှာတွေ့တဲ့ အချို့သောအာဟာရတွေတော့ မပါပါဘူး)။
  • ဒါ့အပြင် သင့်ရဲ့ ကလေးကို သကြားလုံးနှင့် အသင့်စား  အစားအစာချည်းပဲမစားစေသင့်ပါဘူး။ – ကြီးထွားလာတဲ့ ခန္ဓာကိုယ်က ကျန်းမာသောအစားအစာတွေလိုပြီး ကယ်လိုရီချည်းပဲပေးတဲ့အစာတွေမဟုတ်ပါဘူး။
  • သင့်ကလေးကို အစားအသောက်နဲ့ ကစားနေချင်ကစားခွင့်ပြုလိုက်ပါ။သူတို့စားဖို့သင်ယူနေချိန်မှာ ပွနေတာလည်းခွင့်ပြုပါ။သူတို့မောနေတာ စိတ်မဝင်စားတော့တာ ဖြစ်ရင် အစားအသောက်ကို ပြန်ယူသွားလိုက်ပါ။