အိမ်ထောင်ရှင်မ မေမေအတွက် ဖေဖေက ပေးနိုင်သော လက်ဆောင်များ 💝

မေမေ့ကို ဖေဖေက ဂရုစိုက်ခြင်းဖြင့် အိမ်ထောင်ရေးက ပို၍ လှပသာယာပါမည်။ သာယာပျော်ရွှင်သော အိမ်ထောင်ရေးတွင် ငွေကြေးကြိကြိတက် ချမ်းသာဖို့မလိုဘဲ လိမ္မာထွန်းတောက်သော သားသမီးများကို မွေးထုတ်ပျိုးထောင်ပေးနိုင်သည်။

မတောင်းဆိုသော်လည်း အောက်ပါလက်ဆောင်လေးများကို ဖေဖေ့ဆီမှရလျှင် မေမေ ပျော်ရွှင်ပါလိမ့်မည်။
💝
(၁) အာရုံအပြည့်စိုက်ခြင်း

ဖေဖေ့ကို မေမေက ပြောပြစရာစကားတွေရှိလျှင် သုံးနေသော ဖုန်းကို ဘေးခဏချလို့ အာရုံအပြည့်စိုက်ပြီး နားထောင်ပေးလိုက်ပါ။ အထူးသဖြင့် အခြားမိန်းကလေးများကို အာရုံ ခွဲခြမ်းမပေးပါနှင့်။
💝
(၂) အနိုင်ပေးတဲ့နေ့

အသေးအဖွဲကိစ္စတစ်ခုအတွက် မေမေနဲ့ အငြင်းပွားတဲ့အခါ ဖေဖေ သဘောမတူချင်ရင်တောင် တခါတလေ မေမေ့ကို ပေးနိုင်လိုက်ပါ။
💝
(၃) လှတယ်ဆိုတဲ့ စကား

မေမေလှတာကို ဖေဖေသိကြောင်း မေမေ လှတယ်လို့ ပြောပြပါ။ မေမေ့မျက်နှာကို အချိန်ရရင် မကြာခဏ ကြည့်ပေးပါ။
💝
(၄) အကူအညီ

မေမေမှာ စွမ်းဆောင်နိုင်ရည်တွေ ရှိပေမယ့် အကူအညီလိုတဲ့အခါ အကောင်းဆုံး ကူညီပေးနိုင်သူဟာ ဖေဖေဖြစ်ဖို့အတွက် အမြဲ အဆင်သင့်ရှိနေပါ။
💝
(၅) အကာအကွယ်

သတ္တိရှိတဲ့ မေမေမှာ အားနည်းချက်တစ်ခုများရှိခဲ့ရင် အဲ့ဒီ အားနည်းချက်အတွက် လိုအပ်တိုင်း အကာအကွယ်ပေးပါ။
💝
(၆) လက်တွဲခြင်း

အပြင်သွားရင် ကလေးချီစရာမလိုတဲ့နေ့တွေမှာ မေမေ့လက်မောင်းကို ချိတ်ပြီး (သို့) မေမေ့ကို လက်တွဲပြီး လျှောက်ပါ။
💝
(၇) အသိအမှတ်ပြုစကားလုံး

သူငယ်ချင်းနဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေကြားမှာ စကားကြုံကြိုက်ခဲ့ရင် မေမေက ဖေဖေမြတ်နိုးတဲ့ ဇနီးကောင်းတစ်ယောက်ဆိုတာ အသိအမှတ်ပြုပေးပါ။
💝
(၈) ချီးကျူးစကား

အိမ်ထောင်တစ်ခုထိန်းသိမ်းမှုနဲ့ သားသမီးပြုစုစောင့်ရှောက်ရာမှ တော်တဲ့ အချက်တွေရှာဖွေပြီး မေမေ့ကို ချီးကျူးပါ။
💝
(၉) ပွင့်လင်းရိုးသားတဲ့ သစ္စာတရား

မေမေ့ဆီက ယုံကြည်မှုရဖို့ မေမေ့အပေါ် ရိုးသားပါ။ ထိန်ချန်မှုတွေမရှိဘဲ ပွင့်ပွင့်လင်းလင်း စကားပြောဆိုပါ။
💝
(၁၀) ပခုံးတစ်စုံ

စိတ်ဓာတ်ခိုင်မာတဲ့ မေမေတွေတောင် တခါတရံ မျက်ရည်ကျနိုင်တာမို့ မေမေငိုတဲ့အခါ ဖေဖေ့ပခုံးပေါ် ပေးမှီပြီး မေမေ့မျက်ရည်တွေ သုတ်ပေးလိုက်ပါ။
💝

လက်ဆောင်လေး (၁၀)ခုက ငွေကြေးမကုန်ကျလို့ ဖေဖေတို့အားလုံးပေးနိုင်ကြမည်ဟု ယုံကြည်ပါသည်။ ပျော်ရွှင်သော လက်နှစ်စုံနှင့် စိတ်ကျန်းမာ ကိုယ်ကျန်းမာသော ကလေးမျာကို ပျိုးထောင်ပေးမည့် မိဘများဖြစ်ကြစေရန် ရည်ရွယ်ရေးပါသည်။

နေနေမိုးဆွေ (Child Health Myanmar)
Photo Credit to Google Images
#naynaymoeswe