ဒေါ်လာ ၂ သန်းကျော်ရမယ့် ပွဲကိုငြင်းပယ်ပြီး သူငယ်ချင်းရဲ့သား ကင်ပွန်းတက်ပွဲမှာ အခမဲ့ဖျော်ဖြေပေးခဲ့တဲ့ တေလာဆွစ်ဖ်
|င်ငွေရရှိဖို့အတွက် ဖျော်ဖြေပွဲတွေအမျောက်အမြားလုပ်နေကြတဲ့ ဒီခေတ်ကြီးမှာ taylor swift ကဲ့သို့သော နာမည်ကြီး အနုပညာရှင်တွေကို မမျှော်လင့်ဘဲတွေ့ဆုံလိုက်ရတာ အင်မတန်ခွန်အားဖြစ်စေပြီး လူတွေရဲ့စိတ်နှလုံးသားကို တို့ထိစေပါတယ်။
သန်းကြွယ်သဌေးတစ်ယောက်၏ လက်ထပ်မင်္ဂလာဆောင်ပွဲတွင် သီချင်း ၃ ပုဒ်ဖြင့် သီဆိုဖျော်ဖြေပေးဖို့ရန် ဒေါ်လာ ၂ သန်းနဲ့ ငှားရန်းဖို့ကမ်းလှမ်းချက်တစ်ခုကို အလွန်နာမည်ကြီးတဲ့ ၄င်းပေါ့အဆိုတော်ကနေပြီးငြင်းဆိုလိုက်တာပါ။ ယင်းကဲ့သို့သော ဖျော်ဖြေပွဲသို့သွားရောက်မဲ့အစား “တေလာ”ဟာ သူမသူငယ်ချင်းတစ်ယောက်၏ ကင်းပွန်းတပ်ပွဲသို့ သွားရောက်ပါဝင်ဖျော်ဖြေပေးဖို့ လော်စ့် အိမ်ဂျလ်သို့ ခရီးနှင်ခဲ့ပါတယ်။ သူမ၏သူငယ်ချင်းဖြစ်သူ “ဂျိုင်မီကင်း” ရဲ့ ၅ ပတ်သားအရွယ်ရှိ ကလေး လီယိုအတွက် အမည်ပေးအခန်းအနားတစ်ခု ဖြစ်ပါတယ်။
အဆိုပါအခန်းအနားပွဲသို့ တက်ရောက်ပါဝင်ခဲ့သူတစ်ဦးက သူ့ရဲ့အတွေ့အကြုံတွေကို အခုလိုပြောပြခဲ့ပါတယ်။ “ တေလာ ဟာ သူမရဲ့ကိုယ်ပိုင်တေးသံစဉ်တွေနဲ့အတူ ရောက်ရှိလာပြီး သူ့ရဲ့နာမည်ကြီးသီချင်းတွေဖြစ်တဲ့ Love Story, I Knew You Were Trouble and Red အပါအ၀င် သီချင်းတော်တော်များများကို သီဆိုရင်း အကြီးအကျယ်ဖျော်ဖြေသွားပါတယ်။ ကလေးလေး “လီယို” ကို သူမလက်မောင်းပေါ်ပွေ့ချီရင်း လှုပ်ယမ်းကာ သူ့အတွက် သားချော့တေးသီချင်းတစ်ပုဒ် ညည်းလိုက်ပါသေးတယ်။ ဒါပေမယ့် ကလေးအနေဖြင့် ငိုဖို့သာလုပ်နေတော့ သူ့အမေထံပြန်အပ်လိုက်ရပါတော့တယ်။
“ရင်းနှီးမှုကိုရှေးရူပြီး ငွေကြေးမက်မောမှုတွေကို လွန်ဆန်တဲ့သူမဟာ လေးစားဖို့ကောင်းပါတယ်။ ယင်းကဲ့သို့ပကာသန အသေးအမွားလေးတစ်ခုကို ငြင်းဆိုလိုက်ခြင်းကြောင့် သူငယ်ချင်းကောင်းတစ်ယောက်ထံ ပျှော်ရွှင်မှုတွေကို သူမအနေဖြင့် ယူဆောင်လာနိုင်ခဲ့တာပါ”
Taylor Swift” ဆိုသူက ဘယ်သူလဲ။
၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မွေးဖွားတဲ့ ‘တေလာ ဆူးဝတ်” ဟာ သူမရဲ့တရားဝင်ဝိုက်ဆိုဒ်တွင် ကြေငြာထားသည့်အတိုင်း “ ကမ္ဘာကြီးတစ်ခုလုံး၏ ဂီတပညာရှင်တစ်ဦး” ဖြစ်ပါတယ်။
၎င်းပေါ့အဆိုတော်မ အနေဖြင့် GRAMMY ဆုကို ၇ ကြိမ်ဆွတ်ခူးခဲ့ပြီးဖြစ်ရာ အဆိုပါဆုပေးပွဲတွင် Album of the Year ဆုရရှိသူတွေထဲမှာ အသက်အငယ်ဆုံးဆုရှင်အဖြစ်ရပ်တည်နေတာပါ။ သူမရဲ့အယ်လ်ဘမ်တွေထဲမှ ၃ ခုဟာ ၁၉၈၉ ခုနှစ်မှာဘဲ တစ်သန်းကျော်ရောင်းခဲ့ရတယ်လို့ဆိုပြီး ၊ Beatles ကလွဲရင် သူမဟာ သမိုင်းတစ်လျှောက် တစ်ဦးတည်းသော အမျိုးသမီးအနုပညာရှင် ဖြစ်ပါတယ်။