ကူညီပါရစေ၊ ကလေးရကြဖို့ (၂)
|ကလေးရဖို့ ကြိုးစားနေပြီး မရသေးရင် အရင်ဆုံးသိချင်ကြတာက ဘာကြောင့်လဲပေါ့။ ဟုတ်ပါတယ်။ အကြောင်းရင်းသိနိုင်ရင် ကိုက်ညီမယ့် ကုသမှု ပေးနိုင်မှာမို့ပါ။ အချို့ကို လွယ်လွယ်ကူကူနဲ့ သိနိုင်ပေမယ့် အချို့ကို စစ်ဆေးမှုတွေ အများကြီးလုပ်မှ သိနိုင်ပါတယ်။ တခါတလေ အကြောင်းရင်း လုံးဝရှာမရတာလည်း ဖြစ်နိုင်ပါတယ်။
အမျိုးသားနှင့် ပတ်သက်သော အကြောင်းရင်းများ
👨🏽
👨🏽
👨🏽
👨🏽
👨🏽
👨🏽
👨🏽
👨🏽
👨🏽
👨🏽
👨🏽
👨🏽
👨🏽
👨🏽
စစ်ဆေးခြင်း
———–
Semenalysis လို့ခေါ်တဲ့ သုတ်ရည်ကို စစ်ဆေးမှု အရင်လုပ်ရပါတယ်။
ပုံမှန် သုတ်ရည်တွင် အနည်းဆုံး
ပမာဏ – 1.5 ml
သုတ်ပိုး – 15 millions per ml
လှုပ်ရှားသုတ်ပိုး – 32%
ပုံစံမှန်သုတ်ပိုး – 4%
ရှိပါတယ်။
ဓာတ်ခွဲခန်းကောင်းကောင်းမှာ
ဟော်မုန်းသွေးစစ်ခြင်းလည်း လုပ်ရပါတယ်။
Semenalysis ပုံမှန်မဖြစ် ရတဲ့ ဖြစ်နိုင်ခြေများ
————————–
1. ဝှေးစေ့မှ သုတ်ပိုးထုတ် နည်းခြင်း (ဟော်မုန်း ပြဿနာ၊ အပူချိန်မြင့်ခြင်း – ဥပမာ ကပ်ပယ်အိပ်တွင်း သွေးကြော ဖောင်းခြင်းထုံးခြင်း၊ ဆီးပူညောင်းကျ ကာလသားရောဂါ ဖြစ်ဖူးခြင်း၊ ပါးကျိတ်ရောင် ဗိုင်းရပ်စ်ကြောင့် ဥရောင်ဖူးခြင်း – mumps ကာကွယ်ဆေးထိုးပြီး ကာကွယ်ထားနိုင်ပါတယ်၊ ဥမှာ ဒဏ်ရာ ပြင်းပြင်း ရဖူးခြင်း၊ ဒဏ်ရာကြောင့် သုတ်ပိုးကို တိုက်ခိုက်မယ့် antibody ထွက်လာခြင်း)
2. သုတ်ရည်ပြွန် ပိတ်နေခြင်း၊ သားကြောဖြတ်လိုက်ခြင်း
3. သုတ်ရည်လွှတ်စဉ် ဆီးအိမ်ထဲ နောက်ပြန်စီးခြင်း (retrograde ejaculation)
4. ပန်းညှိုးခြင်း (erectile dysfunction)
5. အခြား ရောဂါအခံများ – ဥပမာ ဆီးချို
6. ကင်ဆာ ကုထုံး chemotherapy, radiotherapy ယူဖူးခြင်း
ကူညီနိုင်သည့် နည်းများ
———————
1. သုတ်ရည်ကို များများရအောင် စုပြီး အမျိုးသမီး၏ သားအိမ်ထဲ ထည့်ပေးခြင်း – intrauterine insemination
2. သုတ်ပိုးမရနိုင်ရင် ဝှေးစေ့ (သို့) သုတ်ရည်ပြွန်အစထဲ အပ်ထိုး၍ စုပ်ထုတ်ယူခြင်း၊ IVF တွင်သုံးခြင်း
3. ဖန်ပြွန် သန္ဓေသား (in vitro fertilization – IVF) – သားဥနှင့်သုတ်ပိုး ဖန်ပြွန်ထဲ ပေးတွေ့၍ သားအောင်စေခြင်း၊ သားအောင်ပြီး embryo ကို သားအိမ်ထဲ ထည့်ပေးခြင်း
4. သားဥ ဆဲလ်ထဲအထိ သုတ်ပိုးကို ထိုးသွင်းပေးခြင်း – intracytoplasmic sperm injection
IVF ကို Bahosi Fertility Centre မှာ လုပ်ပေးနိုင်ပါတယ်။
အမျိုးသမီးနှင့် ပတ်သက်သော အကြောင်းရင်းများ
👩🏽
👩🏽
👩🏽
👩🏽
👩🏽
👩🏽
👩🏽
👩🏽
👩🏽
👩🏽
👩🏽
👩🏽
👩🏽
👩🏽
သားဥ မကြွေခြင်း
~~~~~~~~~~~~
* ဖြစ်နိုင်ခြေများ
– ဟော်မုန်းများ ကောင်းကောင်း အလုပ်မလုပ်ခြင်း – stress များခြင်း၊ အားကစားပြင်းထန်စွာလုပ်ခြင်
– အသက်ကြီးလာခြင်း (၄၀နှစ် အထက်)
– ဗီဇ ပြဿနာများ
– ဆောစီးစွာ သွေးဆုံးခြင်း – premature menopause
* စစ်ဆေးခြင်း
– ရာသီ၏ ရက် ၂၁ မှာ သွေးထဲရှိ progesterone ဟော်မုန်းကိုတိုင်းလို့ တက်နေရင် သားဥကြွေခဲ့တယ်လို့ ပြောနိုင်ပါတယ်။
* ကူညီခြင်း
– Clomiphene ဆိုတဲ့ သားဥကြွေအောင် နှိုးဆွပေးတဲ့ဆေးတစ်မျိုး ရှိပါတယ်။ OG ကပေးမှသောက်ပါ။ အန္တရာယ်တွေလည်း ရှိပါတယ်။ သုံးလေးမွှာပူး ရသွားနိုင်တာ၊ အဆွ လွန်ပြီး ဖောရောင်၊ အဆုတ်ထဲရေဝင်ပြီး ဒုက္ခရောက်နိုင်တာ တွေအထိ (ovarian hyperstimulation syndrome – OHSS) ဖြစ်နိုင်လို့ OG နဲ့သေချာ တိုင်ပင်ပြီးမှ သောက်ရပါမယ်။ IVF မှာသုံးတဲ့ gonadotrophin တွေသုံးရင် OHSS ပိုတောင် ဖြစ်နိုင်ပါတယ်။
Polycystic ovary syndrome – PCOS
~~~~~~~~~~~~~~~~~~~~~~~~~~
ဒီရောဂါက ပေါပါတယ်။ ကလေးရဖို့ခက်တာအပြင် ဆီးချို၊ သွေးတိုး၊ cholesterol အဆီတက်၊ အဝလွန်၊ နှလုံးသွေးကြောကျဉ်းရောဂါမျ
* လက္ခဏာများ
– ခပ်ဝဝ၊ ယောက်ျားပုံစံ အမွေးထူထူ (နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေး စသည်)၊ ထိပ်ပြောင်၊ ဝက်ခြံများ၊ ရာသီအလာနည်း၊ ကြာမှ တစ်ခါလာ၊ မှန်မှန် မလာ၊ ကလေးရဖို့ခက်
* စစ်ဆေးခြင်း
– ဟော်မုန်းသွေးစစ်ခြင်း – ကျားဟော်မုန်း testosterone ရှိသင့်သည်ထက် များခြင်း
– သားဥအိမ်ကို ultrasound ရိုက်ခြင်း – အရည်အိပ်သေးပေါင်း များစွာ ရှိခြင်း
* ကူညီခြင်း
– Metformin ဆိုတဲ့ ဆီးချိုဆေးသောက်ရင် ကလေးရနိုင်ခြေ တက်လာပါတယ်။ OG နဲ့တိုင်ပင်ပြီး သောက်နိုင်ပါတယ်။ အချို့OGက ကလေးရရချင်း ဆေးရပ်ခိုင်းတတ်ပါတယ်။ မရပ်လည်း ကလေးကို မထိခိုက်ပါ။
သားဥပြွန်ပိတ်ခြင်း
~~~~~~~~~~~~
မပိတ်တပိတ်ဆိုရင် သားအိမ်ပြင်ပ သန္ဓေတည်ခြင်း (ectopic pregnancy) ဖြစ်စေနိုင်၍ အန္တရာယ်ပေးနိုင်ပါတယ်။
* ဖြစ်နိုင်ခြေများ
– Chlamydia, gonorrhoea ကာလသားရောဂါတွေဖြစ်ဖူးရင်
– Endometriosis ရှိရင် – သားအိမ်အတွင်းနံရံ ဆဲလ်များ သားဥပြွန်၊ သားဥအိမ်နဲ့ ဗိုက်ထဲမှာလည်း ရှိနေပြီး လစဉ် သွေးထွက်ခြင်းကြောင့် ထိုနေရာများ မှာ အမာရွတ်များဖြင့် ကပ်ခဲသွား၍ ဖြစ်ပါတယ်။ ရာသီလာတိုင်း အလွန်နာကျဉ်ရပြီး သွေးဆင်းရပ်သွားသော်လည်း ဗိုက်ဆက်နာနေတတ်ပါတယ်။
– မွေးရာပါ
* စစ်ဆေးခြင်း
– Hysterosalpingogram (HSG) – သားအိမ်ထဲ ဓာတ်ရောင်ခြည်ကာ ဆေးရည် သားအိမ်ခေါင်းမှ ထိုးသွင်း၍ X-ray ရိုက်ကာ ပြွန်များပွင့်မပွင့် ကြည့်ခြင်း
* ကူညီခြင်း
– ကပ်နေတဲ့ အမာရွတ်တွေကို ခွာကြည့်နိုင်ပါတယ်။ ဗိုက်မှာ အပေါက် သုံးပေါက်ဖောက်ပြီး ကင်မရာ ထည့်ကာ ကြည့်ပြီး ခွဲရပါတယ် (keyhole surgery)။ လွယ်တော့မလွယ်ပါ။
– IVF
သားအိမ်/သားဥအိမ်ပြဿနာများ
~~~~~~~~~~~~~~~
* ဖြစ်နိုင်ခြေများ
– ကင်ဆာ မဟုတ်တဲ့ အသားလုံး (fibroid)
– မွေးရာပါ သားအိမ် ပုံစံ မမှန်မှုများ
– သားဥအိမ်အရည်အိပ်ကြီး (ovarian cyst)
* စစ်ဆေးခြင်း
– Ultrasound – မ အင်္ဂါထဲ ultrasound ရိုက်တံ ထည့်ရိုက်ရင် သားအိမ်အပြင် သားဥအိမ်ကိုပါ ပို ထင်ထင်ရှားရှား မြင်နိုင်ပါတယ် (transvaginal ultrasound)
* ကူညီခြင်း
– ခွဲလို့ရတာ ခွဲနိုင်ပါတယ်။
– သားဥအိမ်မှ အရည်အိပ် သိပ်ကြီးရင်လည်း အိပ်ကို ခွဲထုတ်နိုင်ပါတယ်။
ဖြစ်နိုင်တာတွေများသလို လုပ်စရာတွေလည်းများပါတယ်။ ကူညီမှုတွေကြောင့် အောင်မြင်တာရှိသလို မအောင်မြင်တာလည်း ရှိပါတယ်။ ကံတရား အတိုင်းပါပဲ။
သိပ်စိတ်အားထက်သန်ရင် စိတ်လည်းထားတတ်မယ်ဆိုရင် သားဥ (သို့) သုတ်ပိုး အလှူခံပြီး IVF လုပ်နိုင်ပါတယ်။ ကလေး မွေးစားဖို့လည်း စဉ်းစားနိုင်ပါတယ်။
နောက်ဆုံးတော့ ဘာရလဒ်နဲ့တိုးတိုး စိတ်ချမ်းသာအောင် စိတ်ထားတတ်ဖို့ကသာ အရေးအကြီးဆုံးပါလို့ စကား ပါးလိုက်ပါရစေ။
~~~~~~~~~~~~**~~~~~~~~~~~~
စာဖတ်သူမိဘပြည်သူများ ကျန်းမာရေး ဗဟုသုတများ ရရှိကြ၍ ချစ်စရာ သားသားမီးမီးလေးများကို အချိန်တိုအတွင်း ရရှိနိုင်ကြပါစေ။
photo credit to google image
reference to Royal Australian and Newzealand College of Obstetricians and Gynaecologists
ကျော်စန်းလွင်(Child Health Myanmar)