ကျွန်မကလေး ချောင်းဆိုးနေလို့ ချောင်းဆိုး ပျောက်ဆေး ပေးရမလား?
|========================•ကလေး ချောင်းဆိုးခြင်းသည် မိဘအများစု မကြာခဏ တွေ့ကြုံရသော ပြဿနာ တစ်ခုဖြစ်ပါသည်။
•ချောင်းဆိုးခြင်း၏ အကြောင်းရင်း မြောက်များစွာရှိသော်လည်း ကလေးတွင်ဖြစ်သော ယာယီချောင်းဆိုးခြင်းသည် နှာခေါင်းမှ တဆင့် ဝင်လာသော virus ဗိုင်းရပ်စ်ပိုးမွှားငယ်များ
•ကလေး ကိုယ်ခံအား အပြည့်အဝ မဖွံဖြိုးသေး၍ တစ်နှစ်လျှင် ၆ ကြိမ်မှ ၁၂ ကြိမ်ထိ ရောဂါပိုးကူးစက်နိုင်ပါသည်။
•ဗိုင်းရပ်စ်ကြောင့် ဖြစ်သောချောင်းကို ပိုးသတ်ဆေး (antibiotics) ပေးရန်မလိုပါ။ ၆နှစ်အောက်ကလေးကို ချောင်းဆိုးပျောက်ဆေးပေး၍ အကျိုးရှိကြောင်း ဆေးပညာတွင် မတွေ့ရသေးပါ။ ဆေး၏ ဘေးထွက်ဆိုးကျိုးရလျှင် အန္တရာယ် ပိုရှိပါသည်။ *****
•သဘာဝကိုယ်ခံအားက ချောင်းဆိုးစေသော ပိုးမွှားကို တိုက်ထုတ်ရှင်းလင်းပြီးလျှင
•ယာယီ ချောင်းဆိုးသောကလေးကို ဘယ်လို အခါမျိုးတွင် စိုးရိမ်ရမည်နည်း?
-အမေ့နို့မဆို့
-အစာမစား
-တအားအန်ပြီး
-အဖျားကြီး၍
-ရှူးရှူးမထွက်
-အသက်ရှူခက်လျှင် ဆေးရုံ ဆေးခန်း အမြန်ခေါ်သွားပါ။ ဗိုင်းရပ်စ်မဟုတ်သော အခြားပိုးများကြောင့် အဆုတ်ရောင်ခြင်းဖြစ်လျှင် ပိုးသတ်ဆေး (antibiotics) လိုပါသည်။*****
မှတ်ချက်- ၆ နှစ် အထက် ကလေးများကိုလည်း “တတ်ကျွမ်းသော” ဆရာဝန်ညွှန်ကြားမှသာ ချောင်းဆိုးပျောက်ဆေး ပေးပါ။
သတိ-ချောင်းကြာရှည်လာလျှင် “တီဘီ ပိုး” နှင့် “ကလေး ရင်ကြပ်ရောဂါ” ရှိမရှိ ကလေးဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
မိဘများ အသိပညာ ပြန့်ပွားအောင် share ခြင်းဖြင့် ဗဟုသုတ မျှဝေနိုင်ပါသည်။
Reference- UK government drug safety guidelines, Royal Children Hospital Melbourne, Australia-treatment guidelines, uptodate.com(USA health professional guidelines), RACGP recommendation.
#နေနေမိုးဆွေ ( Child Health Myanmar Page)
Photo credits to Google
#naynaymoeswe