ရင်သွေးလေးတွေက မေမေ့ ဗိုက်ထဲ နေကတည်းက နားကြားပါတယ်။
|ရင်သွေးလေးတွေက မေမေ့ ဗိုက်ထဲ နေကတည်းက နားကြားပါတယ်။
ကလေးတစ်ယောက်နား ကြားမကြားကို ပထမ ၁နှစ် ၂ နှစ် အတွင်း မိဘတွေသိဖို့ မလွယ်လှပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ မွေးကင်းစ ကလေး အားလုံးရဲ့ အကြား အာရုံကို စက်နဲ့ စမ်းပါတယ်။ ဘာလို့လဲ?
ကလေးတွေ စကားပြောတတ်တယ်ဆိုတာ သူတို့ကြားတာကို နားထောင်ပြီး လိုက်ပြောတာပါ။ နားမကြားတဲ့ ကလေးက ဘာသာစကား ဘယ်လိုမှ မသင်ယူနိုင်ပဲ ဆွံ့အ သွားမှာပါ။
ဒါကြောင့် ကလေးတစ်ယောက် မွေးရာပါ နားမကြားခဲ့ရင် အမြန်ဆုံးသိရှိပြီး နားကြား ကိရိယာ တပ်ပေးဖို့လိုပါတယ်။
သင့်ကလေး နားမကြားဘူးလို့ သံသယများ ရှိခဲ့ရင် ကျွမ်းကျင်တဲ့ ဆရာဝန်ဆီ ခေါ်သွားပေးပါ။
#နေနေမိုးဆွေ (Child Health Myanmar Page)
#naynaymoeswe