သားဆုံးလျှင် ရှုံးရသည်မှာ အသက်တစ်ချောင်း မကပါ
|သားဦးမို့ ပိုးမွေးသလို ဂရုစိုက်၊ အစားအသောက် အနေအထိုင် အမှားအယွင်း မရှိအောင် သတိပြု၊ ကိုယ်ဝန်ကိုလည်း စောစောအပ် မှန်မှန်ပြ၊ ညွှန်ကြားချက်အားလုံးလည်း လိုက်နာခဲ့ပြီး သား မျက်နှာမြင်ရမယ့်ရက်ကို ရေတွက် စောင့်စားနေရတာက အမော။ အချိန်ရှိတိုင်း သားလေးအတွက် ရှော့ပင်း ထွက် ပစ္စည်းစု၊ နာမည်ရွေးဖို့အတွက် ဗေဒင်တွေတွက် ကျေကျေနပ်နပ်ကြီး ဦးနှောက်တွေအခြောက်ခံ။ ဒီလိုနဲ့ ဖြတ်သန်းလာလိုက်တာ တကယ်မွေးတော့မယ့် အချိန်ကို ဆိုက်ဆိုက်မြိုက်မြိုက် ကြီးရောက်လာပါလေရော။
သားအိမ်ညှစ်လို့ ဗိုက်ဘယ်လောက်နာလဲ ကြားဖူးပေမယ့် ကိုယ်တိုင်ကြုံရတော့မှ ကောင်းကောင်းသိလိုက်ရတဲ့ တစ်ခဏ၊ နာကျင်မှုငရဲ ခံစားရပေမယ့် မိခင် မေတ္တာကို ပြသဖို့ အခွင့်ကောင်းရတယ်လို့တောင် မြင်လိုက်သေးတဲ့ ကျွန်မ။ ပင်ပန်းဆင်းရဲရတဲ့ကြားကပဲ ရှိသမျှအားကိုစု ညှစ်ချိန်တန်တဲ့အခါ အားကုန်ထုတ်ညှစ် အောင်အောင်မြင်မြင်နဲ့ သားကိုမွေးထုတ်လိုက်နိုင်တဲ
အထွတ်အထိပ်ရောက်ခဲ့တဲ့ မျှော်လင့်ချက်တွေက ရုတ်ချည်း ပျောက်ကွယ်သွားတဲ့ အခါ…..
နာကျင်မှုငရဲ ခံခဲ့ရသမျှ အလကားမှန်း သိလိုက်ရတဲ့ အခါ…..
ရွေးချယ်ခဲ့တဲ့ သားနာမည်လေးက ကမ္ပည်းတိုင်မှာ ရေးထိုးဖို့လောက်သာ အသုံးဝင်မှန်း မြင်လိုက်ရတဲ့ အခါ…..
စုဆောင်းခဲ့တဲ့ အင်္ကျီဘောင်းဘီလေးတွေက မြေကြီးအောက် ထာဝရ မြှပ်နှံဖို့ အတွက်သာ ဖြစ်သွားတဲ့ အခါ…..
~~~~~~~~~~~~~~~~~~~~~~~~~~
¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥
ဒါကတော့ စာရေးသူရဲ့ စိတ်ကူးယဉ် ပုံပြင်သတ်သတ်သာ ဖြစ်ပါတယ်။ ဒီလို အလားတူ ကြုံဖူးတဲ့သူတွေတော့ ရှိမယ်လို့ ထင်ပါတယ်။ ဒီလို အဖြစ်ဆိုးမျိုး ဖြစ်ရခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်လို့ပါ။
ကလေးအဖတ်မတင်တာ ကလေးအသက် တစ်ချောင်းပဲ ဆုံးရှုံးရတာ မဟုတ်ပါ။ မိခင် ဖခင် မိသားစုဝင်တို့မှာ ကျန်ခဲ့မယ့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ (psychological trauma) က လျှော့တွက်လို့ မရတဲ့ ဆုံးရှုံးမှုပါ။ ဒါပဲလားဆိုတော့ မဟုတ်ပါဘူး။ ဆရာဝန်တွေကို ပြည်သူလူထုက သံသယဝင်မယ်၊ ယုံကြည်အားကိုးမှု ကျဆင်းမယ် ဆိုတာကလည်း ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ နိုင်ငံ့အတွက်လည်း မကောင်းပါ။
ဒီလို အဖြစ်ဆိုးမျိုးကြုံလာရင် “ဘယ်သူ့ကို အပြစ်တင်မှာလဲ။” မေးသင့်တဲ့ မေးခွန်းပါ။ စဉ်းစားကြည့်ရအောင်။
ဘာကြောင့်ဖြစ်ရတာလဲ ပေါ်မှာတော့ မူတည်မှာပေါ့။ အကြောင်းရင်းကို စုံစမ်း စစ်ဆေးရပါမယ်။ သေသောသူ ပြန်မရှင်နိုင်ပေမယ့် ဒီလို ထပ်မဖြစ်အောင် ကာကွယ်လို့ရလားဆိုတာ ရှာဖွေရပါမယ်။ တွေ့ရှိက ကာကွယ်ရေးတွေ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရပါမယ်။ ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းက ကာကွယ်ခဲ့လို့ ရနိုင်သည်ဖြစ်စေ မရနိုင်သည်ဖြစ်စေ မိခင်မှာ အဖြစ်မှန်ကို သိခွင့်ရှိရပါမယ်။ ကျန်းမာရေးဝန်ထမ်းဘက်က ပေါ့ဆမှု (negligence) ရှိခဲ့ရင် မိခင်ကို တောင်းပန်ရပါမယ်။ မရှိခဲ့ရင်လည်း နှစ်သိမ့်စကား ဆိုရပါမယ်။
မိခင်ဘက်က လစ်ဟင်းမှု (non compliance) ကလေးမှာလည်း ချို့ယွင်းမှုတွေ မရှိခဲ့ဘူး၊ ဒါပေမယ့် ကျန်းမာရေး စောင့်ရှောက်မှုမှာ အားနည်းချက်တွေ တွေ့ရှိခဲ့ရင် ဆရာဝန်တွေက တရားခံတွေလို့ လူအများက ထင်ကောင်းထင်နိုင်ပါတယ်။ အပေါ်ယံမဟုတ်ဘဲ အတွင်းနက်နက် စဉ်းစားကြည့်ရင် ဆရာဝန်တွေကလည်း မှားယွင်းပျက်ဆီးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီးရဲ့ သားကောင်တွေ ဖြစ်နေနိုင်တာကို တွေ့ရပါလိမ့်မယ်။ သူတို့မှာလည်း လုပ်ပေးချင်သလောက် မလုပ်ပေးနိုင်တာ၊ စေတနာတွေရှိပေမယ့် အကောင်အထည်ဖော်ခွင့် မရတာတွေ ရှိနိုင်ပါတယ်။
ဒီ စနစ်ကြီး တိုးတက်အောင် ဘယ်လိုလုပ်မလဲ စဉ်းစားရင် ဘယ်နေရာမဆို ဘတ်ဂျက် လိုတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ လုံးဝ အပိုမရှိတာကလည်း ဘတ်ဂျက်ပဲ ဖြစ်နေတော့ အခက်သား။ ဒါဆို ထိုင်ပဲ နေရတော့မှာပေါ့လို့ ထင်စရာပါ။ ဒီလိုတော့လည်း မဟုတ်ပါဘူး။ ဘာတွေလုပ်နိုင်မလဲ စဉ်းစားကြည့်ရအောင်။
အလှူငွေကောက်ခံခြင်း (fund raising)
~~~~~~~~~~~~~~~~~~~~~~~~~~
ကလေးဆုံးသွားရတာ မိခင် သားအိမ်ညှစ်နေတုန်း ကလေး နှလုံးခုန်နှုန်းကို doptone လက်ကိုင်စက်နဲ့ စောင့်ကြည့် နားထောင်တဲ့အပိုင်း အားနည်းလို့၊ စက်မရှိလို့ ဖြစ်ရတာဆိုရင် ဒီစက်ကို အလှူရှင်တွေဆီက အလှူခံကြည့်လို့ရပါတယ်။
ဘာပြဿနာမှ မရှိတဲ့ ကိုယ်ဝန် (low risk) မှာလည်း ကလေးနှလုံးခုန်နှုန်းကို နာရီဝက် တစ်ခါ၊ တစ်ကြိမ်ကို နှစ်မိနစ် ဆက်တိုက်လောက် နားထောင်ကိုထောင်ရပါမယ်။ သားအိမ်ညှစ်တိုင်း နှလုံးခုန်နှုန်း ကျကျနေရင်၊ ကြာကြာ မစောင့်ဘဲ မြန်မြန်မွေးရပါမယ်။
ပြဿနာတွေရှိက (high risk) CTG စက်သုံးနိုင်ရင် ကောင်းပါတယ်။ ဒီစက်ကတော့ ဈေးကြီးလို့ ရှိဖို့ မလွယ်ပါ။
ကျွမ်းကျင် သင်တန်းပေးခြင်း (continuous medical education, public health education)
~~~~~~~~~~~~~~~~~~~~~~~~~~
သားဖွားဆရာမတွေကို ကလေးနှလုံးခုန်နှုန်း နားထောင်တတ်အောင်၊ ဘယ်အခါဆို ခွဲမွေးဖို့လိုနေမှန်း သိအောင် သင်တန်းတွေပေးရပါမယ်။ နိုင်ငံခြားက အတတ်ပညာရှင်များက ပညာမျှဝေလိုက လက်ခံသင့်ရင် ခံရပါမယ်။ ဆရာလုပ်ခံရတယ်၊ အရှက်ကွဲရတယ်လို့ မထင်စေလိုပါ။ အပြစ်မဲ့ကလေး အသက်ပေါင်းများစွာ ကယ်တင်နိုင်မယ့် အရေးကိုလည်း နှလုံးသွင်းပေးပါ။ တန်တယ်ထင်ရင် လုပ်လိုက်ပါ။
ပြည်သူလူထုကို ကျန်းမာရေး ပညာပေးခြင်းမှလည်း ကြီးမားတဲ့ ကောင်းကျိုးတွေ ရနိုင်ပါတယ်။
တိကျတဲ့ လက်စွဲ (သို့) လမ်းညွှန် ရေးထားခြင်း (clinical guidelines)
~~~~~~~~~~~~~~~~~~~~~~~~~~
Guideline ရှိခြင်းအားဖြင့် ကိုယ်ထင်တာကိုယ်လုပ်လို့ မရတော့ဘဲ သတ်မှတ်ထားတဲ့အတိုင်းလုပ်ရလ
အစိုးရရဲ့ အလေးပေးမှုကို ရယူခြင်း (lobbying campaign)
~~~~~~~~~~~~~~~~~~~~~~~~~~
အစိုးရက တကယ် အရေးကြီးတဲ့ နေရာတွေမှာ အရင်းအမြစ်တွေ ချပေးလာအောင် စည်းရုံးရပါမယ်။ ဥပမာ “ကလေး အဖတ်မတင်နှုန်း ကျဆင်းရေး စီမံချက်” ရေးဆွဲပြီး တောင်းဆိုနိုင်ပါတယ်။ လွှတ်တော်မှာ အမတ်တွေက ဆွေးနွေးနိုင်ပါတယ်။
ကျန်းမာရေးဝန်ထမ်းများ လုံလောက်အောင် ခန့်ရေး၊ ဆေး စက်ပစ္စည်းများ ချပေးရေး၊ ကျွမ်းကျင်မှုသင်တန်းများ ရရှိရေး၊ လစာ လုံလောက်မှု ရှိစေရေး စသဖြင့် လိုအပ်တာတွေကတော့ များလှပါတယ်။
ပြည်သူလူထု၏ ယုံကြည်မှုကို ရယူခြင်း (doctor-patient relationship building)
~~~~~~~~~~~~~~~~~~~~~~~~~~
အခြေခံအကျဆုံး လိုအပ်ချက်ကတော့ mutual respect ဆိုတဲ့ လူနာက ဆရာဝန်ကို လေးစားဖို့ လိုသလို ဆရာဝန်ကလည်း လူနာကို လေးစားဖို့ပါ။ ကိုယ်ချင်းစာတရားကို ကိုင်ဆွဲထားရင် အောင်မြင်နိုင်ပါမယ်၊ လူနာတွေရဲ့ ဒုက္ခတွေကို ဖြေဖျောက်နိုင်ပါမယ်၊ သူတို့ရဲ့ ယုံကြည်မှုကို ပိုင်ဆိုင်နိုင်ပါမယ်။ ကုသရေးမှာ အများကြီး အထောက်အကူဖြစ်သလို ကိုယ်ကလည်း အလုပ်မှာ ပျော်ရွှင် ကျေနပ်မှု ရပါလိမ့်မယ်။
¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥
ကောင်းမွန်တဲ့ စနစ်တစ်ခုသို့ ပြောင်းလဲဖို့ ရဲရင့်ပြတ်သားမှုတွေ၊ ဇွဲလုံ့လတွေ၊ ကိုယ်အားဉာဏ်အားတွေ ရင်းနှီးမြှပ်နှံကြပါစို့။ အသီးအပွင့်တွေကို အနာဂတ်ကလေးငယ်တွေ ခံစားနိုင်ကြပါစေ။
To make a change…
If it is not us, who?
To make a change…
If it is not now, when?
~~~~~~~~~~**~~~~~~~~~~**~~
စာဖတ်သူမိဘပြည်သူများနှင့် ဆရာဝန်များကြား ယုံကြည်မှု၊ နားလည်မှု၊ အပြန်အလှန် လေးစားမှုများ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ကြပါစေ။
Photo credit to google image
Dr. ကျော်စန်းလွင်
MBBS, FRACGP, DRANZCOG (Advanced), DCH