အကြောင်းတစ်ခုခုကြောင့် မိခင်နို့်တိုက်နှုန်းမကျသွား ပါစေနှင့်
|ကလေးအတွက် အကောင်းဆုံး မိခင်နို့ကို တိုက်ဖြစ်အောင်တိုက်ပါ
မိခင်က အာဟာရပြည့်ဝအောင်စားလျှင် မွေးကင်းစမှ ၆ လထိ ကလေးများ ကြီးထွားဖွံ့ ဖြိုးဖို့ အတွက် အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗိုက်တာမင်မျိုးစုံနှင့် ရေဓာတ်အားလုံးအကုန်ရအောင် မိခင်နို့တစ်မျိုးနှင့် လုံလောက်ပါသည်။
မွေးစမှ ၂-၃ ရက်အတွင်း….. နို့ကောင်းကောင်း မထွက်သေးလျှင်
(၁) ထွက်သည့်နို့ဦးရည်ကျဲကို ကလေးအား တိုက်ဖြစ်အောင်တိုက်လိုက်ပါ
(၂) နို့သီးခေါင်းနှင့် ကလေးပါးစပ် ချိတ်ဆက်မှု မှန်ကန်အောင် ပြုပြင်ပါ။ ကြိုးစားပြီး အကြိမ်ရည်တိုးတိုက်ပါ။
(၃) အာဟာရပြည့်ဝသော အရည်၊ သောက်ရေ လုံလောက်အောင်သောက်ပါ။
(၄) စိတ်ပူပန်မှု၊ စိုးရိမ်မှု မလွန်ကဲအောင် သတိဆောင်ပါ။
၆ လကျော်လျှင် …..
မိခင်နို့ တစ်မျိုးနှင့် မလုံလောက်၍ ဖြည့်စွက်ပြီး အစာကျွေးရသည်။ မိခင်နို့ကိုတော့ ဆက်တိုက်ပါ။
၁၂ လ ကျော်လျှင် …..
အိမ်သားများစားသလို ကျွေးလို့ရသည်။ အိမ်သားများက ကျန်းမာရေးနှင့် ညီအောင်စားဖို့တော့ လိုသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ကလေး အသက် ၂ နှစ်ထိ မိခင်နို့တိုက်ဖို့ ညွှန်ကြားသည်။ အချို့သော ဖွံ့ ဖြိုးတိုးတက် ချမ်းသာသော နိုင်ငံများတွင် အာဟာရဖြစ်စာများ ကြွယ်ဝ၍ အနည်းဆုံး ၁ နှစ်ထိ မိခင် နို့တိုက်ဖို့ အကြံပြုသည်။ မိခင်က ဆန္ဒရှိလျှင် အကန့်အသတ်မရှိ တိုက်နိုင်ပါသည်။
အလုပ်တက်၊ ရုံးတက်၊ ကျောင်းတက်ရန် လိုသော၊ စီးပွားရှာဖို့ လိုအပ်သော မိခင်များက နို့ရည်ကို ညှစ်၍ စနစ်တကျ သိမ်းဆည်းပြီး နို့ဗူးနှင့်တိုက်နိုင်သည်။
⚕️မြန်မာနိုင်ငံတွင် မိခင်နို့နှင့် ပတ်သက်၍ အယူမှားများရှိ၍ မှန်ကန်သော အသိပညာရစေရန်နှင့် နို့မှုန့်ဗူးများ အလွယ်တကူ ဝယ်လို့ရလာ၍ မိခင်နို့ တိုက်ကျွေးနှုန်း မလျော့ကျသွားစေရန် ရည်ရွယ်ရေးပါသည်။
နေနေမိုးဆွေ (Child Health Myanmar)
#naynaymoeswe
www.childhealthmyanmar.comကလေးအတွက် အကောင်းဆုံး မိခင်နို့ကို တိုက်ဖြစ်အောင်တိုက်ပါ

www.childhealthmyanmar.com