ကျွန်မကလေး လန့်လန့်နေလို

မွေးကင်းစ ကလေးတွေအတွက် မြင်မြင်သမျှ ကြားကြားသမျှဟာ အသစ်အဆန်းများဖြစ်နေပါတယ်။ မွေးကာစ သားသားမီးမီးလေးများနဲ့ မေမေ ဖေဖေ (သို့) ပါပါးမာမား သံယောဇဉ်တိုးပွားပြီး ကလေး ကြောက်လန့်ခြင်း ကင်းဝေးအောင် လုပ်နိုင်တဲ့ နည်းလမ်း (၃) သွယ် ပုံမှာပြထားပေးပါတယ်။

-ကလေးကို မေမေဖေဖေရဲ့ ဘယ်ဖက် ရင်ဘတ်နား ကပ်ချီပေးပါ။ မေမေ (သို့) ဖေဖေရဲ့ နှလုံးခုန်သံကို ကြားရတဲ့ ခလေးငယ်က နွေးထွေးလုံခြုံခြင်းကို ခံစားရနိုင်ပါတယ်။

-သံလွင်ဆီလေး အနည်းငယ် သုတ်လိမ်းပြီး ကလေးကို ညင်သာစွာ ဖွဖွ နှိပ်ပေးခြင်းဖြင့် ကလေးရဲ့ စိတ်ပူကြောက်ရွံ့ မှုလေးတွေကို လျော့ပါးစေနိုင်ပါတယ်။

-ကလေးကို မြူတဲ့အခါ ကလေးမျက်လုံးလေးတွေကိုကြည့်ပါ။ မျက်နှာအမူအရာ အမျိုးမျိုးလုပ်ပြပြီး စကားလည်းပြော ရယ်မောပါ။ သင့် အကြည့် သင့် အပြုံး သင့် စကားလုံးများက ကလေးကို ပျော်ရွှင် မြူးတူးစေနိုင်ပါတယ်။

#နေနေမိုးဆွေ ( Child Health Myanmar)
#naynaymoeswe
Reference: Raising Children Net