ချက်ကြွေပြီး နောက် အသားတက်လွန်ခြင်း (Umbilical granuloma)

-ချက်ဖူးကလေး ကြွေကျပြီးနောက် ဖြစ်ပေါ်လာတဲ့
အနာလေးကို ခန္တာကိုယ်က ကျက်အောင်လုပ်ပေးပါ
တယ်။

– အဒီ အနာကျက်ခြင်း ဖြစ်စဉ်မှာ တချို့ကလေးတွေ
မှာ ပုံပါအတိုင်း အသားတက်လွန်တာ ဖြစ်တတ်ပါ
တယ်။ ဆေးပညာအရ umbilical granuloma လို့
ခေါ်ပါတယ်။

– ပန်းရောင်(သို့) အနီရောင် အသားလုံးလေး ကိုတွေ့
ရမှာပါ။

– အကြည်ရောင်। အဝါရောင် အရည်လေးတွေ စိမ့်
ထွက်နေတတ် ပါသည်။

-အန္တရာယ် တော့ မရှိပါ။ ကုသဖို့တော့ လိုအပ်ပါသည်။

-ဆရာဝန် နှင့် ပြပါ။

ကုသနည်းများ
————-
• ဆားနှင့်ကုသခြင်း
– သင့်လက်ကို ဆပ်ပြာနှင့် ဆေးပါ။ သန့်ရှင်းသော
အိမ်သုံးဆားကို လက်မ နှင့် လက်ညှိုး တညှပ်စာ
ယူ၍ အသားလုံးလေး ပေါ်သို့ တင်လိုက်ပါ။
၁၀ မိနစ်မှ ၃၀ မိနစ် အထိထားပါ။ ပြီးလျှင်
ဆူအောင်ပြုတ်ထားပြီး အအေးခံထားသော
ရေနွေးလေးဖြင့် ဆေးလိုက်ပါ။အသားလုံးဘေး
မှ အရေပြား ကို ဆားမထည့်ခင် Vaseline အဆီ
လိမ်းပေးထားလျှင် ပိုကောင်းပါသည်။

– အဲဒီအတိုင်း တနေ့ ၂- ကြိမ် တပတ် လောက် လုပ်
ကြည့်ပါ။
– အဒါမှ မ ပျောက်ရင်

• silver nitrate ဓာတု ဆေးတံ လေးနှင့် တို့ခြင်း
– ဆရာဝန်ပဲ လုပ်ရမှာပါ။
– ပုံမှာ ပြထားသော ဆေးတံလေး နှင့် ၄-၅ ရက် တခါ
ဆရာဝန်က တို့ပေးပါလိမ့်မည်။ ၄ ခါလောက် တို့
လိုက်လျှင် ပျောက်ပါ လိမ့်မည်။

• copper sulphate( ကော့ပါး ဆာလဖိတ်) လို့ခေါ်
သော ဆားတမျိုးကို သင်၏ ဆရာဝန်က ပေးနိုင်ပါ
သည်။ အဲဒီဆား ကိုလည်း ၄-၅ ရက်တခါ ပျောက်
တဲ့ အထိ ထည့်ပေး နိုင်ပါသည်။

• အရမ်းကြီးသော အသားလုံးများကို ဆရာဝန်က
အရေပြား ချုပ်သောကြိုးဖြင့် အောက်ခြေအရင်း
ကို ချီပြီး ပြုတ်ကျသည်အထိ ထားပေးနိုင်ပါသည်။

• ချက် ပြသနာ ရှိသောကလေး များအားလုံးကို
ချက်မှာ ပိုးဝင်မဝင် ဂရုစိုက်ပေးပါ။ ပိုးဝင်တဲ့ လက္ခဏ
များ ကတော့ ချက်အရေပြားနီခြင်း। ပြည်ထွက်ခြင်း।
အနံ့ပြင်းသော အရည်ထွက်ခြင်း। ဖျားခြင်း တို့ ဖြစ်
ပါသည်။ ပိုးဝင်သော လက္ခဏာများ ရှိလျှင် ဆရာဝန်
နဲ့ အမြန်ပြသပါ။

စိုးမိုးကျော် (Child Health Myanmar Page )

Photo credit – google